တဖြည်းဖြည်းဆိုးလာ တဲ့ ဝူဟန်ဗိုင်းရပ်စ် ကိုကာကွယ်ဖို့ ဂါထာတစ်ပုဒ်မျှဝေလိုက် တဲ့ကိုပေ

Ad Blocker Detected

Our website is made possible by displaying online advertisements to our visitors. Please consider supporting us by disabling your ad blocker.

႐ုပ္ ရွင္သ႐ုပ္ေဆာင္တစ္ေယာက္အေနနဲ႔ ခပ္မိုက္မိုက္ကာရိုက္တာေတြကို ပီပီျပင္ျပင္သ႐ုပ္ေဆာင္ခဲ့သူကိုေပါက္ကေတာ့ လက္ရွိအခ်ိန္မွာ ဒါရိုက္တာတစ္ေယာက္အေနနဲ႔ေအာင္ျမင္မႈ ရရွိေနသူတစ္ေယာက္ပါ။ဇာတ္ကားေပါင္းမ်ားစြာကို ရိုက္ကူးထားၿပီး သူေနာက္ဆုံးရိုက္ကူးထားတဲ့ ရိုးမေပၚက်တဲ့မ်က္ရည္ ႐ုပ္ရွင္ဇာတ္ကားႀကီးဟာဆိုရင္လည္း အကယ္ဒမီဆန္ခါတင္စာရင္းဝင္လာတဲ့အထိ ေအာင္ျမင္မႈရရွိလာတဲ့အျပင္ လြတ္ေတာ္(၄)ႏွစ္ျပည့္အခမ္းအနားမွာလည္း နိုင္ငံေတာ္အႀကီးအကဲေတြကို ျပသခြင့္ရခဲ့ပါေသးတယ္။

ပရိသတ္ေတြအတြက္ ေကာင္းတာေလးေတြအျမဲမၽွေဝေပးေလ့ရွိတဲ့ကိုေပါက္ကေတာ့ လတ္တေလာျဖစ္ပြားေနတဲ့ ဝူဟန္ဗိုင္းရပ္စ္နဲ႔ပတ္သက္ၿပီးေတာ့လည္း လုပ္သင့္တာေလးတစ္ခုကို မၽွေဝေပးခဲ့ပါတယ္။ေကာ္ရိုနာဗိုင္းရပ္စ္ကေတာ့ တ႐ုတ္နိုင္ငံ၊ဝူဟန္ၿမိဳ႕မွာ စတင္ျဖစ္ပြားလာခဲ့တာျဖစ္ၿပီး ဒီေန႔(၂၄.၂.၂၀၂၀) ေန႔လည္(၂)နာရီအခ်ိန္ထိ သတင္းမ်ားအရ နိုင္ငံေပါင္း(၃၄)နိုင္ငံမွာ ကူးစက္ခံရေနရၿပီး လူဦးေရ(၂၆၁၉)ေယာက္ ေသဆုံးခဲ့ၿပီျဖစ္ပါတယ္။ကူးစက္ခံရတဲ့နိုင္ငံေတြ တျဖည္းျဖည္းမ်ားလာတာနဲ႔အမၽွ ျမန္မာနိုင္ငံမွာရွိတဲ့ျပည္သူလူထုလည္း တျဖည္းျဖည္းေၾကာက္လာၾကတာျဖစ္ၿပီး ကာကြယ္ဖို႔နည္းလမ္းေပါင္းစုံမၽွေဝလာၾကတာပါ။ကိုေပါက္ကေတာ့ ဗုဒၶဘာသာအယူအဆအရ ကပ္ေဘးေတြကိုေက်ာ္လႊားနိုင္ဖို႔အတြက္ ဓာရဏပရိတ္ေတာ္ကို ရြတ္ဖတ္ၾကဖို႔ အသိေပးစကားဆိုခဲ့တာျဖစ္ပါတယ္။

ဓာရဏပရိတ္ေတာ္ကေတာ့ ေရာဂါဘယ ေဘးအႏၲရာယ္ေတြမျဖစ္ပြားေအာင္ ကာကြယ္နိုင္စြမ္းရွိတယ္လို႔ ျမတ္စြာဘုရားေဟာၾကားခဲ့တဲ့အတိုင္း ကိုေပါက္ကေတာ့ “ဓာရဏပရိတ္ေလးကို မ်ားမ်ားရြတ္ေစခ်င္ပါတယ္ဗ်” ဆိုၿပီး သူ႔ရဲ့ေဖ့ဘြတ္ခ္စာမ်က္ႏွာမွာ ေရးသားခဲ့တာျဖစ္ပါတယ္။မျဖစ္ခင္က ႀကိဳတင္ကာကြယ္ျခင္းက အေကာင္းဆုံးနည္းလမ္းျဖစ္တာမို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ေၾကညာထားတဲ့ နည္းလမ္းေတြသာမက ဘာသာေရးအယူအဆအေနနဲ႔လည္း ဗုဒၶဘာသာဝင္တိုင္း ဓာရဏပရိတ္ေတာ္ကို ရြတ္ဖတ္ပြားမ်ားနိုင္ဖို႔ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Source – Aung Min Naing

Unicode

ရုပ် ရှင်သရုပ်ဆောင်တစ်ယောက်အနေနဲ့ ခပ်မိုက်မိုက်ကာရိုက်တာတွေကို ပီပီပြင်ပြင်သရုပ်ဆောင်ခဲ့သူကိုပေါက်ကတော့ လက်ရှိအချိန်မှာ ဒါရိုက်တာတစ်ယောက်အနေနဲ့အောင်မြင်မှု ရရှိနေသူတစ်ယောက်ပါ။ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးထားပြီး သူနောက်ဆုံးရိုက်ကူးထားတဲ့ ရိုးမပေါ်ကျတဲ့မျက်ရည် ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင်လည်း အကယ်ဒမီဆန်ခါတင်စာရင်းဝင်လာတဲ့အထိ အောင်မြင်မှုရရှိလာတဲ့အပြင် လွတ်တော်(၄)နှစ်ပြည့်အခမ်းအနားမှာလည်း နိုင်ငံတော်အကြီးအကဲတွေကို ပြသခွင့်ရခဲ့ပါသေးတယ်။

ပရိသတ်တွေအတွက် ကောင်းတာလေးတွေအမြဲမျှဝေပေးလေ့ရှိတဲ့ကိုပေါက်ကတော့ လတ်တလောဖြစ်ပွားနေတဲ့ ဝူဟန်ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီးတော့လည်း လုပ်သင့်တာလေးတစ်ခုကို မျှဝေပေးခဲ့ပါတယ်။ကော်ရိုနာဗိုင်းရပ်စ်ကတော့ တရုတ်နိုင်ငံ၊ဝူဟန်မြို့မှာ စတင်ဖြစ်ပွားလာခဲ့တာဖြစ်ပြီး ဒီနေ့(၂၄.၂.၂၀၂၀) နေ့လည်(၂)နာရီအချိန်ထိ သတင်းများအရ နိုင်ငံပေါင်း(၃၄)နိုင်ငံမှာ ကူးစက်ခံရနေရပြီး လူဦးရေ(၂၆၁၉)ယောက် သေဆုံးခဲ့ပြီဖြစ်ပါတယ်။ကူးစက်ခံရတဲ့နိုင်ငံတွေ တဖြည်းဖြည်းများလာတာနဲ့အမျှ မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူလူထုလည်း တဖြည်းဖြည်းကြောက်လာကြတာဖြစ်ပြီး ကာကွယ်ဖို့နည်းလမ်းပေါင်းစုံမျှဝေလာကြတာပါ။ကိုပေါက်ကတော့ ဗုဒ္ဓဘာသာအယူအဆအရ ကပ်ဘေးတွေကိုကျော်လွှားနိုင်ဖို့အတွက် ဓာရဏပရိတ်တော်ကို ရွတ်ဖတ်ကြဖို့ အသိပေးစကားဆိုခဲ့တာဖြစ်ပါတယ်။

ဓာရဏပရိတ်တော်ကတော့ ရောဂါဘယ ဘေးအန္တရာယ်တွေမဖြစ်ပွားအောင် ကာကွယ်နိုင်စွမ်းရှိတယ်လို့ မြတ်စွာဘုရားဟောကြားခဲ့တဲ့အတိုင်း ကိုပေါက်ကတော့ “ဓာရဏပရိတ်လေးကို များများရွတ်စေချင်ပါတယ်ဗျ” ဆိုပြီး သူ့ရဲ့ဖေ့ဘွတ်ခ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။မဖြစ်ခင်က ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်တာမို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားတဲ့ နည်းလမ်းတွေသာမက ဘာသာရေးအယူအဆအနေနဲ့လည်း ဗုဒ္ဓဘာသာဝင်တိုင်း ဓာရဏပရိတ်တော်ကို ရွတ်ဖတ်ပွားများနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။