ရင်ထဲထိမယ့် သီချင်းသစ်တစ်ပုဒ်ကို ပရိသတ်ဆီအရောက်ပို့လိုက်တဲ့ ဖြိုးမြတ်အောင်

Ad Blocker Detected

Our website is made possible by displaying online advertisements to our visitors. Please consider supporting us by disabling your ad blocker.

ကိုၿဖိဳးလို႔ ပရိသတ္ေတြခ်စ္စႏိုးေခၚရတဲ့ ၿဖိဳးျမတ္ေအာင္ကေတာ့ Myanmar Idol Season 3 ရဲ႕ Winner ဆုရွင္တစ္ေယာက္ ျဖစ္ၿပီး ပရိသတ္ေတြတခဲနက္အားေပးမႈနဲ႔ အႏုပညာလမ္းေၾကာင္းေပၚမွာ ေနရာတစ္ေနရာ ရလာခဲ့တဲ့ အႏုပညာရွင္ အဆိုေတာ္တစ္ေယာက္ပါ ။ ကိုၿဖိဳးကို အားေပးၾကတဲ့ဖန္ေတြရဲ႕ ဝန္းရံမႈကေတာ့ ေၾကာက္ခမမ္းလိလိပါပဲ ပရိသတ္ႀကီးေရ ..။ ကိုၿဖိဳးရဲ႕ ပထမဆုံးေတးစီးရီးေရာင္းခ်ပြဲမွာတင္ နာရီဝက္အတြင္း အေခြေတြအားလုံး ေရာင္းကုန္သြားတဲ့ အထိ စံခ်ိန္ခ်ိဳးခဲ့တာပါ ။

လတ္တေလာမွာေတာ့ ၿဖိဳးျမတ္ေအာင္ တစ္ေယာက္ သူ႔ရဲ႕ ကိုယ္ပိုင္ကံၾကမၼာေခြ ထဲက သီခ်င္းသစ္ေလးတစ္ပုဒ္ကို ပရိသတ္ေတြကို အျမည္းအေနနဲ႔ မွ်ေဝေပးလာခဲ့ပါတယ္ ။ သီခ်င္းနာမည္ေလးကေတာ့ သူမနဲ႔ကြၽန္ေတာ္ရဲ႕အတၳဳပၸတၱိ ျဖစ္ၿပီး ကိုၿဖိဳးကိုယ္တိုင္ ေရးစပ္သီဆိုထားတာျဖစ္ပါတယ္ ။ ေငြေၾကးေတြ ဂုဏ္ေတြမရွိတဲ့ သူတစ္ေယာက္က ေငြေၾကးေတြ ဂုဏ္ေတြရွိၿပီး ႐ုပ္ရည္ လွပတဲ့ မိန္းကေလးတစ္ေယာက္ကိုခ်စ္မိတဲ့အေၾကာင္းကို ေရးစပ္သီကုံးထားတာျဖစ္ၿပီး ပရိသတ္ေတြကေတာ့ အရမ္းကိုႏွစ္ၿခိဳက္သေဘာက်ေနၾကတာျဖစ္ပါတယ္ ။

ကိုယ္ပိုင္ကံၾကမၼာဆိုတဲ့ ေခြေလးကလည္း အားလုံးရသတမ်ိဳးစီေကာင္းတယ္လို႔ ပရိသတ္ေတြကလည္း မွတ္ခ်က္ေတြေပးၿပီး ဝန္းရံေနၾကတာေတြ႕ရပါတယ္ ။ ပရိသတ္ေတြကေတာ့ တပုဒ္ထြက္ရင္ တစ္ပုဒ္ဆိုသလို တခဲနက္အားေပးဝန္းရံေနၾကတာျဖစ္ၿပီး ကိုၿဖိဳးရဲ႕ေနာက္ထပ္ သီခ်င္းသစ္ေတြကိုလည္းေမွ်ာ္လင့္ေနၾကပါတယ္ ။ ပရိသတ္ႀကီးအတြက္လည္း ကိုၿဖိဳးရဲ႕ သူမနဲ႔ကြၽန္ေတာ္ရဲ႕အတၳဳပၸတၱိ ေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ ။

Source : Phyo Myat Aung,Credit ; CeleZone

Unicode

ကိုဖြိုးလို့ ပရိသတ်တွေချစ်စနိုးခေါ်ရတဲ့ ဖြိုးမြတ်အောင်ကတော့ Myanmar Idol Season 3 ရဲ့ Winner ဆုရှင်တစ်ယောက် ဖြစ်ပြီး ပရိသတ်တွေတခဲနက်အားပေးမှုနဲ့ အနုပညာလမ်းကြောင်းပေါ်မှာ နေရာတစ်နေရာ ရလာခဲ့တဲ့ အနုပညာရှင် အဆိုတော်တစ်ယောက်ပါ ။ ကိုဖြိုးကို အားပေးကြတဲ့ဖန်တွေရဲ့ ဝန်းရံမှုကတော့ ကြောက်ခမမ်းလိလိပါပဲ ပရိသတ်ကြီးရေ ..။ ကိုဖြိုးရဲ့ ပထမဆုံးတေးစီးရီးရောင်းချပွဲမှာတင် နာရီဝက်အတွင်း အခွေတွေအားလုံး ရောင်းကုန်သွားတဲ့ အထိ စံချိန်ချိုးခဲ့တာပါ ။

လတ်တလောမှာတော့ ဖြိုးမြတ်အောင် တစ်ယောက် သူ့ရဲ့ ကိုယ်ပိုင်ကံကြမ္မာခွေ ထဲက သီချင်းသစ်လေးတစ်ပုဒ်ကို ပရိသတ်တွေကို အမြည်းအနေနဲ့ မျှဝေပေးလာခဲ့ပါတယ် ။ သီချင်းနာမည်လေးကတော့ သူမနဲ့ကျွန်တော်ရဲ့အတ္ထုပ္ပတ္တိ ဖြစ်ပြီး ကိုဖြိုးကိုယ်တိုင် ရေးစပ်သီဆိုထားတာဖြစ်ပါတယ် ။ ငွေကြေးတွေ ဂုဏ်တွေမရှိတဲ့ သူတစ်ယောက်က ငွေကြေးတွေ ဂုဏ်တွေရှိပြီး ရုပ်ရည် လှပတဲ့ မိန်းကလေးတစ်ယောက်ကိုချစ်မိတဲ့အကြောင်းကို ရေးစပ်သီကုံးထားတာဖြစ်ပြီး ပရိသတ်တွေကတော့ အရမ်းကိုနှစ်ခြိုက်သဘောကျနေကြတာဖြစ်ပါတယ် ။

ကိုယ်ပိုင်ကံကြမ္မာဆိုတဲ့ ခွေလေးကလည်း အားလုံးရသတမျိုးစီကောင်းတယ်လို့ ပရိသတ်တွေကလည်း မှတ်ချက်တွေပေးပြီး ဝန်းရံနေကြတာတွေ့ရပါတယ် ။ ပရိသတ်တွေကတော့ တပုဒ်ထွက်ရင် တစ်ပုဒ်ဆိုသလို တခဲနက်အားပေးဝန်းရံနေကြတာဖြစ်ပြီး ကိုဖြိုးရဲ့နောက်ထပ် သီချင်းသစ်တွေကိုလည်းမျှော်လင့်နေကြပါတယ် ။ ပရိသတ်ကြီးအတွက်လည်း ကိုဖြိုးရဲ့ သူမနဲ့ကျွန်တော်ရဲ့အတ္ထုပ္ပတ္တိ လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ် ။