သင့်နာမည်ကနေ ပြောပြနေတဲ့ သင့်အကြောင်း


ဥပမာ – နာမည်က MOE




























Ko Thiha

Unicode

ဘယ်လောက် မှန်လဲ ဆိုတာ စမ်းသပ် လိုက်ရအောင်။ သင်ရဲ့ နာမည်မှာ ပါတဲ့ အင်္ဂလိပ် ABCD အက္ခရာ လေးတွေကနေ သင့်ရဲ့ စရိုက်ကို အနီးစပ်ဆုံးနဲ့ အမှန်ကန်ဆုံး ခန့်မှန်းနိုင်ဖို့ နည်းလမ်းကောင်းလေး တစ်မျိုး တင်ဆက်ပေး ချင်ပါတယ်။ မှန် မမှန်သိချင်ရင် စမ်းလုပ်ကြည့် လိုက်ရအောင်။ အများစုကတော့ မှန်တယ် လို့ ဆိုကြလို့ အားလုံးပဲ စမ်းသပ်လို့ရအောင် တင်ဆက်ပေး လိုက်ပါတယ်။

ဥပမာ – နာမည်က MOE
M = အောင်မြင်မှုတွေ သင် အလွယ်တကူ ရတယ်။
O = သင်ဟာ အင်မတန် ပွင့်လင်းတဲ့သူ။
E = သင်ဟာ အင်မတန် စိတ်ဝင်စားစရာ ကောင်းတဲသူ။

ဒါဆို သဘောပေါက်ပြီးနော်။ အခုဆို အောက်က ဖော်ပြထားတဲ့ A ကနေ Z ထဲ ကနေ ကိုယ့်နာမည်လေးတွေ ရှာကြည့်လိုက်ရအောင်။

A = သင်ဟာ အင်မတန် အေးတဲ့သူ ဖြစ်သော်လည် သင့်စိတ်ထဲမှာ အကြံ တခုခုရှိတယ်။

B = သင်ဟာ သူစိမ်းတစ်ယောက်နဲ. ဆက်ဆံရတိုင်း အမြဲ သတိရှိတယ်။

C = သင့်မှာ လုပ်ဖော်ကိုင်ဖက် စိတ်ဓါတ် အပြည့် ရှိတယ်။

D = သင်ဟာ လူတယောက်ကို ယုံကြည်ဖို့ အင်မတန် ခက်ခဲတယ်။

E = သင်ဟာ အင်မတန် စိတ်ဝင်စား စရာ ကောင်းတဲသူ။

F = သင့်မှာ ချစ်မွေး ပါတယ်။

G = သင်ဟာ လူတွေကို အကဲခတ် အရမ်းတော်တယ်။

H = သင့်မှာ ဆင်ခြင်တုံတရား မရှိဘူး။

I = သင်ဟာ အမြဲတမ်း ပြုံးနေပြီး တပါးသူကိုလဲ ပျော်ရွင်စေတယ်။

J = သင့်မှာ မနာလိုမရူစိမ့်စိတ် ရှိတယ်။

K = သင့်မှာ စူးစမ်း စမ်းသပ်လိုစိတ် ရှိတယ်

L = သင်ဟာ အချစ်ကို ကိုးကွယ်သူ။

M = အောင်မြင်မူတွေ သင်အလွယ်တကူ ရတယ်။

N = သင်ဟာ အလုပ်မရှိရင် မနေတက်သူ။ ဒါပေမယ့် ရှိရင်လဲ မငြီးငြူတက်သူ။

O = သင်ဟာ အင်မတန် ပွင့်လင်းတဲ့သူ။

P = သင်ဟာ အင်မတန် ရည်မွန်ပြီး နားလည်မူ အပြည့်ရှိသူ။

Q = သင်ဟာ သူတော်ကောင်းယောင် ဆောင်ထားတယ်။

R = သင်ဟာ လူမူရေးကိစ္စ္စ္စတွေမှာ မပါမဖြစ်။

S = သင်ဟာ သဘောထား ကြီးတယ်။

T = သင့်မှာ ကြီးမားတဲ့ ရည်မှန်းချက် ရှိတယ်။

U = သင့်ကိုယ်သင် အားလုံးနဲ့ ရင်ဘောင်တန်း နိုင်တယ်လို့ မှတ်ယူထားတယ်။

V = သင့်ကိုယ်သင် အရမ်းချောတယ်လို့ ထင်ထားတယ်။

W = သင်ဟာ သင့်အကြောင်းတွေကို သူများကို မပြောပြချင်သူ။

X = သင်ဟာ သူများလမ်းပြ ဆရာလုပ်တာ မကြိုက်သူ။

Y = သင့်မှာ အခက်အခဲတွေ အများကြီး ရှိတယ်၊ ရှိခဲ့တယ်။

Z= သင်ဟာ အမြဲတမ်း တယောက်ယောက်နဲ့ ရန်ဖြစ်နေရမှ ကျေနပ်တယ်။

Credit to  ဆရာစံဇာဏီဘို
Ko Thiha