ၿမန္မာႏုိင္ငံဖြား အိႏၵိယသမၼတကေတာ္ (First Lady) ႏွစ္ဦးက ဘယ္သူေတြလဲ

ႏုိင္ငံျခားသားတစ္ေယာက္နဲ႔ လက္ထပ္ၿပီးမွ သမၼတကေတာ္ (First Lady) ျဖစ္သြားၾကတဲ့သူေတြ ရွိပါတယ္။ အထူးသျဖင့္ ျမန္မာႏုိင္ငံမွာ ေမြးတယ္၊ အိမ္နီးနားခ်င္း ႏုိင္ငံေရးသမားတစ္ေယာက္နဲ႔ လက္ထပ္ၿပီး သမၼတကေတာ္ျဖစ္သြားၾကတာပါ။ အခုေဆာင္းပါးမွာေတာ့ ျမန္မာႏုိင္ငံမွာ ေမြးဖြားၿပီး အိႏၵိယႏုိင္ငံမွာ သမၼတကေတာ္ျဖစ္သြားၾကတဲ့ အမ်ိဳးသမီးႏွစ္ဦးအေၾကာင္းကုိ ဗဟုသုတျဖစ္ဖြယ္ ေဖာ္ျပလုိက္ရပါတယ္။

(၁) ဂ်နာကီ ဗန္ကာတာရာမန္ (Janaki Venkataraman)
၁၉၂၁ခုႏွစ္မွာ ဂ်နာကီ ဗန္ကာတာရာမန္ (Janaki Venkataraman) ကုိ ကာမာလာ (Kamala) နဲ႔ ခရစ္ရ္နားအီရာ (Krishna Iyer) ဆုိတဲ့ ဟိႏၵဴမိဘႏွစ္ပါးကေန ပဲခူးၿမိဳ႕မွာ ေမြးဖြားခဲ့ပါတယ္။ သူမ (၅) ႏွစ္အရြယ္မွာ မိခင္ဆုံးပါးသြားတဲ့အတြက္ အိမ္မႈကိစၥေတြကုိ တာဝန္ယူခဲ့ရပါတယ္။ (ဖခင္က ေနာက္အိမ္ေထာင္ မျပဳခဲ့ပါဘူး။) ၁၉၃၈ခုႏွစ္မွာ အာ ဗန္ကာတာရာမန္ (R. Venkataraman) နဲ႔ လက္ထပ္ခဲ့ပါတယ္။ အဲဒီအခ်ိန္တုန္းက သူမဟာ (၁၇) ႏွစ္သာ ရွိပါေသးတယ္။ ႏုိင္ငံေရးသမားနဲ႔ လက္ထပ္ခဲ့ၿပီး အိႏၵိယႏုိင္ငံသား ခံယူလုိက္ပါတယ္။ လူ႕အခြင့္အေရး၊ က်ားမတန္းတူညီမ်ွေရးနဲ႔ တိရစာၦန္အေရး တက္ၾကြလႈပ္ရွားသူအျဖစ္ ပါဝင္ခဲ့ပါတယ္။

သမၼတႀကီး R. Venkataraman နဲ႔ Janaki Venkataraman
သမၼတႀကီး R. Venkataraman နဲ႔ Janaki Venkataraman

ပုိးထည္ဝတ္ဆင္မႈကုိ အျပင္းအထန္ကန္႔ကြက္ၿပီး ဆာရီဝတ္ဆင္ေရးကုိသာ ေရွ႕တန္းတင္ခဲ့ပါတယ္။ ခင္ပြန္းသည္ ‘အာ ဗန္ကာတာရာမန္’ ဟာ ၁၉၈၇ခုႏွစ္ ဇူလုိင္လ (၂၅) ရက္ေန႔မွာ အိႏၵိယႏုိင္ငံရဲ႕ အဌမေျမာက္ သမၼတျဖစ္လာတဲ့အခါ သူမဟာ သမၼတကေတာ္ (First Lady) ျဖစ္သြားခဲ့ပါတယ္။ အိႏၵိယႏုိင္ငံရဲ႕ ပထမဦးဆုံးႏုိင္ငံျခားသား သမၼတကေတာ္အျဖစ္ ထင္ရွားခဲ့ပါတယ္။ အမ်ိဳးသမီးအခြင့္အေရး တန္းတူရရွိေရးမွာ တက္ၾကြလႈပ္ရွားခဲ့ၿပီး ၂ဝ၁ဝခုႏွစ္ ၾသဂုတ္လ (၁၃) ရက္ေန႔မွာ ကြယ္လြန္ခဲ့ပါတယ္။

(၂) အာရွာ နာရာရန္နန္ (Usha Narayanan)
အာရွာ နာရာရန္နန္ (Usha Narayanan) ကုိ ၁၉၂၃ခုႏွစ္ ရမည္းသင္းၿမိဳ႕မွာ ေမြးဖြားခဲ့ပါတယ္။ ျမန္မာနာမည္က တင့္တင့္ (Tint Tint) ျဖစ္ပါတယ္။ ရန္ကုန္တကၠသုိလ္က ဝိဇၨာဘြဲ႕ (B.A) ရရွိခဲ့ၿပီး ျမန္မာစာဌာနမွာ သရုပ္ျပဆရာမအျဖစ္ အမႈထမ္းခဲ့ပါေသးတယ္။ ပညာသင္ဆုရရွိခဲ့ၿပီး အိႏၵိယႏုိင္ငံ Delhi School of Social Work တကၠသုိလ္ကေန မဟာဘြဲ႕ရရွိခဲ့ပါတယ္။ ရန္ကုန္မွာ အလုပ္လုပ္ေနတဲ့ ေကအာ နာရာရန္နန္ (K. R. Narayanan) နဲ႔ ေတြ႕ဆုံမိၿပီး ခ်စ္ႀကိဳးသြယ္ခဲ့ပါတယ္။

သမၼတႀကီး KR Naryanan နဲ႔ Usha Narayanan.

သမၼတႀကီး KR Naryanan နဲ႔ Usha Narayanan
၁၉၅၁ခုႏွစ္ ဇြန္လ (၈) ရက္ေန႔မွာ ခ်စ္သူႏွစ္ဦးဟာ ေဒလီၿမိဳ႕ (Delhi) မွာ လက္ထပ္ခဲ့ၿပီး အိႏၵိယႏုိင္ငံသား ခံယူခဲ့ပါတယ္။ ၁၉၉၇ခုႏွစ္ ဇူလုိင္လ (၂၅) ရက္ေန႔မွာ ‘ေကအာ နာရာရန္နန္’ ဟာ အိႏၵိယႏုိင္ငံရဲ႕ဒသမေျမာက္သမၼတျဖစ္လာခဲ့အခ်ိန္မွာ ‘အာရွာ နာရာရန္နန္’ ဟာ သမၼတကေတာ္ျဖစ္လာခဲ့ပါတယ္။ သူမဟာ ဒုတိယေျမာက္ ႏုိင္ငံျခားသား သမၼတကေတာ္အျဖစ္ မွတ္တမ္းဝင္ခဲ့ၿပီး စာေရးဆရာႀကီး သိန္းေဖျမင့္ရဲ႕ဝတၳဳတုိေတြကုိ ဘာသာျပန္ထုတ္ေဝခဲ့ပါတယ္။ သူမဟာ သမီးႏွစ္ေယာက္ထြန္းကားခဲ့ၿပီး ၂ဝဝ၈ခုႏွစ္ ဇန္နဝါရီလ (၂၄) ရက္ေန႔မွာ ကြယ္လြန္ခဲ့ပါတယ္။

အခုေဖာ္ျပခဲ့တာေတာ့ ျမန္မာျပည္ဖြား အိႏၵိယသမၼတကေတာ္ႏွစ္ေယာက္ပဲျဖစ္ပါတယ္။ ဗဟုသုတျဖစ္ဖြယ္ ေဖာ္ျပထားတာမုိ႔ အားလုံးသေဘာက်လိမ့္မယ္လုိ႔ ေမ်ွာ္လင့္ရပါတယ္။

credit:akhayar
Ko Thiha

Unicode

နိုင်ငံခြားသားတစ်ယောက်နဲ့ လက်ထပ်ပြီးမှ သမ္မတကတော် (First Lady) ဖြစ်သွားကြတဲ့သူတွေ ရှိပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ မွေးတယ်၊ အိမ်နီးနားချင်း နိုင်ငံရေးသမားတစ်ယောက်နဲ့ လက်ထပ်ပြီး သမ္မတကတော်ဖြစ်သွားကြတာပါ။ အခုဆောင်းပါးမှာတော့ မြန်မာနိုင်ငံမှာ မွေးဖွားပြီး အိန္ဒိယနိုင်ငံမှာ သမ္မတကတော်ဖြစ်သွားကြတဲ့ အမျိုးသမီးနှစ်ဦးအကြောင်းကို ဗဟုသုတဖြစ်ဖွယ် ဖော်ပြလိုက်ရပါတယ်။

(၁) ဂျနာကီ ဗန်ကာတာရာမန် (Janaki Venkataraman)
၁၉၂၁ခုနှစ်မှာ ဂျနာကီ ဗန်ကာတာရာမန် (Janaki Venkataraman) ကို ကာမာလာ (Kamala) နဲ့ ခရစ်ရ်နားအီရာ (Krishna Iyer) ဆိုတဲ့ ဟိန္ဒူမိဘနှစ်ပါးကနေ ပဲခူးမြို့မှာ မွေးဖွားခဲ့ပါတယ်။ သူမ (၅) နှစ်အရွယ်မှာ မိခင်ဆုံးပါးသွားတဲ့အတွက် အိမ်မှုကိစ္စတွေကို တာဝန်ယူခဲ့ရပါတယ်။ (ဖခင်က နောက်အိမ်ထောင် မပြုခဲ့ပါဘူး။) ၁၉၃၈ခုနှစ်မှာ အာ ဗန်ကာတာရာမန် (R. Venkataraman) နဲ့ လက်ထပ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက သူမဟာ (၁၇) နှစ်သာ ရှိပါသေးတယ်။ နိုင်ငံရေးသမားနဲ့ လက်ထပ်ခဲ့ပြီး အိန္ဒိယနိုင်ငံသား ခံယူလိုက်ပါတယ်။ လူ့အခွင့်အရေး၊ ကျားမတန်းတူညီမျှရေးနဲ့ တိရစ္ဆာန်အရေး တက်ကြွလှုပ်ရှားသူအဖြစ် ပါဝင်ခဲ့ပါတယ်။

သမ္မတကြီး R. Venkataraman နဲ့ Janaki Venkataraman

ပိုးထည်ဝတ်ဆင်မှုကို အပြင်းအထန်ကန့်ကွက်ပြီး ဆာရီဝတ်ဆင်ရေးကိုသာ ရှေ့တန်းတင်ခဲ့ပါတယ်။ ခင်ပွန်းသည် ‘အာ ဗန်ကာတာရာမန်’ ဟာ ၁၉၈၇ခုနှစ် ဇူလိုင်လ (၂၅) ရက်နေ့မှာ အိန္ဒိယနိုင်ငံရဲ့ အဌမမြောက် သမ္မတဖြစ်လာတဲ့အခါ သူမဟာ သမ္မတကတော် (First Lady) ဖြစ်သွားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ပထမဦးဆုံးနိုင်ငံခြားသား သမ္မတကတော်အဖြစ် ထင်ရှားခဲ့ပါတယ်။ အမျိုးသမီးအခွင့်အရေး တန်းတူရရှိရေးမှာ တက်ကြွလှုပ်ရှားခဲ့ပြီး ၂ဝ၁ဝခုနှစ် သြဂုတ်လ (၁၃) ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။

(၂) အာရှာ နာရာရန်နန် (Usha Narayanan)
အာရှာ နာရာရန်နန် (Usha Narayanan) ကို ၁၉၂၃ခုနှစ် ရမည်းသင်းမြို့မှာ မွေးဖွားခဲ့ပါတယ်။ မြန်မာနာမည်က တင့်တင့် (Tint Tint) ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်က ဝိဇ္ဇာဘွဲ့ (B.A) ရရှိခဲ့ပြီး မြန်မာစာဌာနမှာ သရုပ်ပြဆရာမအဖြစ် အမှုထမ်းခဲ့ပါသေးတယ်။ ပညာသင်ဆုရရှိခဲ့ပြီး အိန္ဒိယနိုင်ငံ Delhi School of Social Work တက္ကသိုလ်ကနေ မဟာဘွဲ့ရရှိခဲ့ပါတယ်။ ရန်ကုန်မှာ အလုပ်လုပ်နေတဲ့ ကေအာ နာရာရန်နန် (K. R. Narayanan) နဲ့ တွေ့ဆုံမိပြီး ချစ်ကြိုးသွယ်ခဲ့ပါတယ်။

သမ္မတကြီး KR Naryanan နဲ့ Usha Narayanan
၁၉၅၁ခုနှစ် ဇွန်လ (၈) ရက်နေ့မှာ ချစ်သူနှစ်ဦးဟာ ဒေလီမြို့ (Delhi) မှာ လက်ထပ်ခဲ့ပြီး အိန္ဒိယနိုင်ငံသား ခံယူခဲ့ပါတယ်။ ၁၉၉၇ခုနှစ် ဇူလိုင်လ (၂၅) ရက်နေ့မှာ ‘ကေအာ နာရာရန်နန်’ ဟာ အိန္ဒိယနိုင်ငံရဲ့ဒသမမြောက်သမ္မတဖြစ်လာခဲ့အချိန်မှာ ‘အာရှာ နာရာရန်နန်’ ဟာ သမ္မတကတော်ဖြစ်လာခဲ့ပါတယ်။ သူမဟာ ဒုတိယမြောက် နိုင်ငံခြားသား သမ္မတကတော်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး စာရေးဆရာကြီး သိန်းဖေမြင့်ရဲ့ဝတ္ထုတိုတွေကို ဘာသာပြန်ထုတ်ဝေခဲ့ပါတယ်။ သူမဟာ သမီးနှစ်ယောက်ထွန်းကားခဲ့ပြီး ၂ဝဝ၈ခုနှစ် ဇန်နဝါရီလ (၂၄) ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။

အခုဖော်ပြခဲ့တာတော့ မြန်မာပြည်ဖွား အိန္ဒိယသမ္မတကတော်နှစ်ယောက်ပဲဖြစ်ပါတယ်။ ဗဟုသုတဖြစ်ဖွယ် ဖော်ပြထားတာမို့ အားလုံးသဘောကျလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

credit:akhayar
Ko Thiha