ဦး​ေစာက ဘာ​ေၾကာင္​့ ဗိုလ္​ခ်ဳပ္​ကို သတ္​တာလည္​း (သိပ္​့စိတ္​ဝင္​စားဖို႔ေကာင္​းတဲ့ ပို႔တစ္​ခုပါ••)

ဦးေစာက ဘာေၾကာင့္ ဗိုလ္ခ်ဳပ္ကို သတ္တာလဲ ေဆြးေႏြးျခင္း

ယေန႔ေတာ့ အင္မတန္ အံ့ၾသစရာေကာင္းတဲ့ ေဆြးေႏြးစကားဝိုင္း တစ္ခုကို ႀကဳံခဲ့ရသည္။ စကားဝိုင္းတြင္ ပါၾက သူ မ်ားကေတာ့ ကြၽန္ေတာ္၊ စစ္မႈထမ္းေဟာင္းႀကီး ဦးတင္ဝင္းႏွင့္ ကို မင္းညိဳ တို႔ျဖစ္သည္။ ဦးေစာ ဘာလို႔ ဗိုလ္ခ်ဳပ္ကို သတ္သလဲ ေခါင္းစဥ္ကို ကို မင္းညိဳက စသည္မို႔ ကိုမင္းညိဳအေၾကာင္း အနည္းေတာ့ ေျပာျပ ေပမည္။ အသက္ ၃၇ ႏွစ္အ႐ြယ္ ကိုမင္းညိဳႏွင့္ စတင္ ေတြ႕ဆုံစဥ္က သူသည္ ေစာဘြဲ႕မႉး၏ မ်က္လုံးတစ္ဖက္ ကန္းေနခဲ့ပါလွ်က္ ဘုရင္ကိုဖမ္းၿပီး အက်ဥ္းခ်ဝံ့သူ ငရမန္ကန္းႀကီးအား အရမ္းဂုဏ္ျပဳမိေတာ့ ဆိုသည့္ သီခ်င္း အတိုင္း ငရမန္ကန္းကို သတၱိရွိသူ အျဖစ္ ခ်ီးမြမ္းခဲ့သည္။

ဦးေပါင္းက်ားႏွင့္ ျမင္းက်ားရွင္ ဇာတ္လမ္းတြင္ ညႀကီး သန္းေကာင္ ဦးေပါင္းက်ားႏွင့္ ျမင္းက်ားႀကီးကို စီးေသာ အေလာင္းစည္သူမင္းႀကီး၏ ငါမအိုေသး ဇာတ္လမ္း အား ဘုရင္မို႔လို႔ မသိဟန္ေဆာင္ လႊတ္ေပးလိုက္သည္ ဆိုသည့္ ေဆာင္းပါးကို သူအရမ္းႀကိဳက္ေၾကာင္း ေျပာခဲ့သည္။ ခ်စ္ဦးညိဳ၏ လကၤာဒီပခ်စ္သူ ဝတၱဳႀကီးကို သူဘာေၾကာင့္ ႀကိဳက္ေၾကာင္းေတြလည္း ေျပာတတ္ သည္။ ယခု တစ္ႀကိမ္တြင္ေတာ့ သူကိုယ္ပိုင္ ဖန္တီးသည့္ ဇာတ္ေကာင္သည္ ဦးေစာ ျဖစ္ေပေတာ့သည္။

စာမဖတ္သူသည္ စကားဝိုင္းတြင္ က်ီးအ ကဲ့သို႔ ႏႈတ္ဆိတ္ရသည္ဆိုသည့္ အျဖစ္ကို ကြၽန္ေတာ္ ႀကဳံလိုက္ ရသည့္ ေန႔အျဖစ္ မွတ္တမ္းဝင္ခဲ့သည္။ ဗိုလ္ခ်ဳပ္ႏွင့္ ပတ္သက္သည့္ ေဆာင္းပါး၊ အတုပတၱိမ်ားစြာ ကြၽန္ေတာ္ ဖတ္ဖူးသည္။ ဗိုလ္ခ်ဳပ္ ဘယ္ေလာက္ေတာ္ေၾကာင္း ခ်ီးမြမ္းမည္ ဆိုရင္လဲ အာေဘာင္အာရင္း သန္သန္ ေဆြးေႏြးတတ္သည္။ သို႔ေသာ္ ကိုမင္းညိဳမွ ဦးေစာ ဘာေၾကာင့္ ဗိုလ္ခ်ဳပ္ကို သတ္သလဲ ဆိုသည့္ ေမးခြန္းကို ေျဖဖို႔ေတာ့ ကြၽန္ေတာ္ ခ်က္ခ်င္း အေျဖမထြက္ခဲ့။ Who really Killed Aung San ဆိုသည့္ Documentary ကို ၾကည့္ဖို႔ ပ်င္းသည့္ ကိုယ့္ကိုကိုယ္ပင္ အျပစ္ဆိုရေတာ့ ေပမည္။

စကားဝိုင္းကို စသူက ကြၽန္ေတာ္။ ဗိုလ္ခ်ဳပ္ေမြးေန႔မို႔ ဗိုလ္ခ်ဳပ္အေၾကာင္းကို အစေဖာ္၏။ ကိုမင္းညိဳကား ၿပဳံးၿပီး နားေထာင္၏။ ထို႔ေနာက္တြင္မွ ကဲ..ေမာင္ရင္.. ဒါျဖင့္ ဦးေစာ က ဘာျဖစ္လို႔ ဗိုလ္ခ်ဳပ္ကို သတ္ရတာလဲ ဆိုတာ သိလား ဆိုသည့္ အေမးကို စေမးေလေတာ့သည္။

ကြၽန္ေတာ္။ မေက်နပ္လို႔ သတ္တာေပါ့ ကိုမင္းညိဳရာ။ ၁၉၄၆ စက္တင္ဘာမွာ ဦးေစာ ကို ေသနတ္နဲ႔ ပစ္ၿပီး လုပ္ႀကံလို႔ မ်က္လုံးတစ္ဖက္ကြယ္ခဲ့တယ္။ ဒါကို ဗိုလ္ခ်ဳပ္ ခိုင္းတယ္ ဆိုၿပီး ဦးေစာ က ညႇိဳးတယ္ေလ။ ဒီအတြက္ ျပန္သတ္တာ မဟုတ္လား။

ဦးတင္ဝင္း။ ဗိုလ္ခ်ဳပ္ကို သတ္ဖို႔ အဂၤလိပ္က ေထာက္ပံ့တယ္ေလ။ အင္းယားကန္ထဲမွာပါ ေသနတ္ေတြ ဖြက္ ထားတာကို ေတြ႕ခဲ့တာပဲ။ ဒါကိုၾကည့္ရင္ အဂၤလိပ္နဲ႔ေပါင္းၿပီး ဦးေစာက ဗိုလ္ခ်ဳပ္ကို အညႇိဳးနဲ႔ သတ္တာလို႔ မွန္းရ မွာပဲေလကြာ။

ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ရဲ႕ အေျဖကို ကိုမင္းညိဳ ဘဝင္က်ပုံ မရ။ သူက စကားဆက္သည္။

ကိုမင္းညိဳ။ ကြၽန္ေတာ္လည္း အဲဒါေတြ စဥ္းစားမိပါတယ္။ ဒါေပမယ့္ ဦးေစာအေၾကာင္း ေလ့လာၾကည့္ေတာ့ သူဟာ ပညာတတ္ ပုဂၢိဳလ္ တစ္ေယာက္ဗ်။ ေက်ာင္းပညာ ၅ တန္းေအာင္ဆိုေပမယ့္ ၁၉၂၇ မွာ ေအာက္တန္းေရွ႕ေန စာေမးပြဲ ေအာင္ခဲ့တယ္။ GCBA မွာ ဝင္ၿပီး ဝံသာႏု အသင္းဝင္ လုပ္ခဲ့တယ္။ နန္းရင္းဝန္လဲ လုပ္ခဲ့တယ္။ ဗိုလ္ခ်ဳပ္လက္ထက္မွာ ပညာေရးဝန္ႀကီးဆိုေတာ့ သူဟာ သာမန္ေတာ့ မဟုတ္တန္ဘူး။ သိပ္ၿပီးေတာ့ ႐ူးမိုက္တဲ့ သူတစ္ေယာက္ေတာ့လည္း မဟုတ္ဘူး။ ေနာက္ၿပီး သူ႔ကို ဖမ္းတဲ့ အခ်ိန္မွာေတာင္ ဝီစကီေသာက္ၿပီး ဟာသေျပာႏိုင္ေသးတယ္။ အင္မတန္မွ ေသြးေအး တဲ့သူ။

ကြၽန္ေတာ္။ အဲဒါနဲ႔ ဘာဆိုင္လဲဗ်ာ။

ကိုမင္းညိဳ။ သူ႔အေၾကာင္း ေျပာမယ္ဆိုရင္ သူနဲ႔ ပတ္သက္တာေတြကို အရင္သိေအာင္ လုပ္ရမွာေပါ့။ ဦးေစာ က တကယ့္မ်ိဳးခ်စ္ တစ္ေယာက္ပဲ။ ဆရာစံ ကို ဖမ္းမိေတာ့ ဆရာစံဘက္က ေရွ႕ေနလိုက္တာ ဦးေစာပဲ။ အဂၤလိပ္ဘာသာနဲ႔ ျမန္မာျပည္အေရးဆိုၿပီး စာအုပ္ထုတ္ခဲ့ဖူးတယ္။ အဂၤလိပ္ကို ေဝဖန္လြန္းလို႔ ေမာင္ေစာ ဂဋုန္ ျဖစ္ၿပီ ဆိုၿပီး ဂဋုန္ဦးေစာ ျဖစ္လာတာ မဟုတ္လား။ ျမန္မာႏိုင္ငံကို ဒိုေမနီယံ အုပ္ခ်ဳပ္ေရးေပးဖို႔ အက္တလီနဲ႔ ေတြ႕ၿပီး ေျပာခဲ့ေသးတယ္။ ေနာက္ၿပီး သူက အဂၤလိပ္ အဖမ္းခံရၿပီး ျပန္လာတာေတာင္မွ ျမန္မာ ႏိုင္ငံရဲ႕ ႏိုင္ငံေရးမွာ အေရးပါလာခဲ့ေသးတယ္ေလ။

ဦးတင္ဝင္း။ ဆက္ပါအုံးဗ်ာ.

ကိုမင္းညိဳ။ ကိုယ္ စဥ္းစား မိတာပါ။ စေျပာရမယ္ဆိုရင္ ေအာင္ဆန္း-အက္တလီ စာခ်ဳပ္က စေျပာရမွာပဲ။ အဲဒီစာခ်ဳပ္ကို လက္မွတ္သြားထိုးေတာ့ ကိုယ္စားလွယ္အဖြဲ႕မွာ ဦးေစာက ပညာေရးဝန္ႀကီး အေနနဲ႔ ပါတယ္။ ဒါေပမယ့္ အဲဒီ စာခ်ဳပ္မွာ ဦးေစာနဲ႔ သခင္ဗစိန္က လက္မွတ္ မထိုးခဲ့ဘူး။ ဒီအခ်က္ေတြကို ၾကည့္ရင္ ဦးေစာဟာ ဗိုလ္ခ်ဳပ္တို႔ လြတ္လပ္ေရး ႀကိဳးပမ္းစဥ္ တစ္ေလွ်ာက္မွာ အတူပါခဲ့တယ္။ ျမန္မာႏိုင္ငံ လြတ္လပ္ေရး ရဖို႔ အတြက္ သူလည္း ကိုယ္စြမ္းဉာဏ္စြမ္း ပါဝင္ခဲ့တယ္လို႔ ေျပာလို႔ ရတယ္ မဟုတ္လား။

ကြၽန္ေတာ္ႏွင့္ ဦးတင္ဝင္း ႏွစ္ေယာက္မွာ ဇေဝဇဝါ ျဖင့္ သူ ဘာကို ဆိုလိုခ်င္မွန္း သိပ္နားမလည္။ တကယ္တမ္း ေျပာရမည္ ဆိုလွ်င္ ေအာင္ဆန္း-အက္တလီစာခ်ဳပ္ကို ငယ္တုန္းက သမိုင္းမွာ သင္ဖူးသည္ကလြဲၿပီး ေသခ်ာ မသိ။ ေအာင္ဆန္း-အက္တလီ စာခ်ဳပ္ေၾကာင့္ ပင္လုံ က်င္းပရသည္ ဆိုတာကိုေတာ့ အၾကမ္းဖ်င္းသိသည္။ ဦးေစာႏွင့္ ဘယ္လို ဆက္စပ္သည္ကိုေတာ့ အေသအခ်ာ မသိသည္မို႔ သူ႔စကား အဆက္ကိုသာ နားေထာင္ ရေတာ့သည္။

ကိုမင္းညိဳ။ ေနာက္ တစ္ခ်က္က ဦးေစာ ကလည္း ႏိုင္ငံျခားျပန္ ပညာတတ္တစ္ေယာက္ပဲ။ အဲဒီေခတ္က ေခါင္း ေဆာင္ေတြ အားလုံးဟာ ႏိုင္ငံေရး ယုံၾကည္ခ်က္ေတြ ျပင္းထန္ၾကတယ္။ အဲဒီထဲမွာ ဦးေစာလဲ တစ္ေယာက္ အပါအဝင္ေပါ့။ သူတို႔ စၿပီး အဲဒီမွာ ကြဲၾကပုံရတယ္။

ကြၽန္ေတာ္။ ဘယ္လို ကြဲၾကတာလဲဗ်.

ကိုမင္းညိဳ။ ဗိုလ္ခ်ဳပ္က တစ္ႏိုင္ငံလုံး လြတ္လပ္ေရး ရခ်င္တယ္။ ေတာင္တန္းျပည္မ အားလုံး အတူရခ်င္တယ္။ အဲဒီအခ်ိန္မွာေတာ့ ဦးေစာက မျဖစ္ႏိုင္ဘူးလို႔ ေတြးခ်င္လဲ ေတြးမွာေပါ့။ ပင္လုံညီလာခံႀကီး က်င္းပေတာ့ ဗိုလ္ခ်ဳပ္က ကတိေတြ ေပးခဲ့တယ္။ ခြဲထြက္ခြင့္ေတြ၊ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ေတြ အမ်ားႀကီးပဲ။ ဒါေတြကို ဦးေစာ က ကန႔္လန႔္တိုက္တာေတြေတာ့ မၾကားဖူးဘူး။ ဆိုလိုတာက ပင္လုံ ညီလာခံအၿပီးမွာ တစ္ႏိုင္ငံလုံး လြတ္လပ္ ေရး ရတာကို ဦးေစာလဲ ဗိုလ္ခ်ဳပ္တို႔နဲ႔ အတူ လက္ခံသြားတာ ျဖစ္ႏိုင္တယ္။

ဦးတင္ဝင္း။ ႀကိတ္ႀကံေနတာလဲ ျဖစ္ႏိုင္တာပဲ။ ကြၽန္ေတာ္တို႔မွ သူ႔အေၾကာင္း မဖတ္ဖူးတာ။

ကိုမင္းညိဳ။ ကိုတင္ဝင္း ထင္တာလဲ ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ ပင္လုံညီလာခံႀကီးက သေဘာတူတဲ့ အခ်က္ ေတြ က တစ္ခ်ိဳ႕ ျမန္မာ ေခါင္းေဆာင္ေတြ လက္မခံႏိုင္စရာေတြ အမ်ားႀကီးပါတယ္ေလ။ ျဖစ္စဥ္တစ္ခုမွာ ဗိုလ္ ခ်ဳပ္မပါတဲ့ အစည္းအေဝးတစ္ခု က်င္းပတယ္။ အဲဒီမွာ ပင္လုံက သေဘာတူညီခ်က္ေတြ ေျပာေတာ့ ဗိုလ္ခ်ဳပ္ ေျပာတာ၊ငါတို႔နဲ႔မဆိုင္ဆိုၿပီး ဆက္မေဆြးေႏြးလို႔ တိုင္းရင္းသားေခါင္းေဆာင္ေတြ ေဒါသထြက္ၾကတယ္။ ေနာက္မွ ဗိုလ္ခ်ဳပ္က ေခၚၿပီး ျပန္ရွင္းရတယ္။ အဲဒီမွာတင္ ဗိုလ္ခ်ဳပ္ေပးတဲ့ ကတိေတြနဲ႔ တစ္ျခားသူေတြၾကားမွာ အျမင္မၾကည္တာ ေတြ ရွိလာၿပီ မဟုတ္လား။

သူေျပာပုံအရဆိုရင္ ဗိုလ္ခ်ဳပ္တစ္ေယာက္ထဲပဲ ပင္လုံနဲ႔ ပတ္သက္တာေတြ ေျပာခဲ့သေယာင္ေယာင္မို႔ အခ်က္ အလက္ေတြကို ေခါင္းပူေအာင္ စဥ္းစားေပမယ့္ ခ်က္ခ်င္း မထြက္တာမို႔ အလိုက္သင့္သာ သူ႔ကို ဆက္ေျပာ ေစခဲ့သည္။

ကိုမင္းညိဳ။ ပင္လုံညီလာခံလဲ ၿပီးၿပီ။ ဗမာျပည္လဲ လြတ္လပ္ေရး ရေတာ့မယ္။ ဗိုလ္ခ်ဳပ္ေပးတဲ့ ကတိေတြ ေၾကာင့္ တိုင္းရင္းသားေတြကလဲ အဲဒီအခ်ိန္မွာ ျပင္ဆင္ေနၿပီ။

ဦးတင္ဝင္း။ ဘာကို ျပင္ဆင္တာလဲ။ ရွင္းရွင္းေျပာပါဗ်ာ။

ကိုမင္းညိဳ။ လာမွာေပါ့ ကိုတင္းဝင္းရာ။ တိုင္းရင္းသားေတြ လိုခ်င္တာက ခြဲထြက္ခြင့္ေလ။ ေစာ္ဘြားေတြ၊ ပေဒသရာဇ္ေတြ မဟုတ္လား။ လြတ္လပ္ေရး ရဖို႔ ကတိေတြ ရၿပီးၿပီ ဆိုတဲ့ေနာက္ ကိုယ့္အာဏာ ကိုယ္တည္ ေဆာက္ဖို႔ ျပင္ၾကၿပီေပါ့ဗ်ာ။

အခုထိေတာ့ ကြၽန္ေတာ္လည္း သေဘာမေပါက္ေသး။ ကိုမင္းညိဳ ဘာကို ေျပာခ်င္သည့္အတြက္ ဒီေလာက္ စကား ရွည္ေနလဲ ဆိုတာလဲေတြး မရေသး။

ကြၽန္ေတာ္။ ကဲ..ကိုမင္းညိဳ. ဒဲ့သာေျပာဗ်ာ။ ခင္ဗ်ားစကား နားေထာင္ရတာလဲ တကယ့္အခက္ပဲ။

ကိုမင္းညိဳ။ ကြၽန္ေတာ္ ေျပာခ်င္တဲ့ အခ်က္ေရာက္ပါၿပီ။ လြတ္လပ္ေရး ရရင္ ပေဒသရာဇ္ေတြ ေစာ္ဘြားေတြက ခြဲထြက္ခြင့္ေတာင္းမယ္၊ ဗိုလ္ခ်ဳပ္ကလဲ ကတိခံထားတာမို႔ ေပးကို ေပးရမယ္။ မေပးဘူး ဆိုရင္ အဂၤလိပ္ လက္ က်န္နဲ႔ လြတ္လပ္ၿပီးစမွာ စစ္ခင္းရတာေတြ၊ စည္း႐ုံးရတာေတြနဲ႔ တိုင္းျပည္ တည္ေဆာက္ႏိုင္မွာ မဟုတ္ေတာ့ ဘူး။ ဒီေတာ့ လုပ္စရာက တစ္ခုပဲ ရွိေတာ့တယ္။

ကြၽန္ေတာ္။ ဘာကိုလုပ္မွာလဲ

ကိုမင္းညိဳ။ကြၽန္ေတာ္တို႔ ေဆြးေႏြးတဲ့ ေခါင္းစဥ္ ေပါ့ဗ်ာ.

ကိုတင္ဝင္း။ ဟာဗ်ာ.. မျဖစ္ႏိုင္တာ။

ကြၽန္ေတာ္။ ကိုမင္းညိဳ ေျပာပုံအရ ဆိုရင္ ျပည္ေထာင္စုႀကီး ခြဲထြက္မွာ စိုးလို႔ ဦးေစာ ကပဲ ဗိုလ္ခ်ဳပ္ တို႔ကို အနစ္ နာခံၿပီး သတ္ေပးလိုက္သလို ျဖစ္ေနၿပီ။ မတန္မရာဗ်ာ။

ကိုမင္းညိဳ။ ဒါလဲ ခင္ဗ်ားတို႔ အေတြးနဲ႔ ခင္ဗ်ားတို႔ေလဗ်ာ။ ကြၽန္ေတာ္ သိတာက ဦးေစာ ဟာ ပညာတတ္။ ေတြး တတ္ စဥ္းစားတတ္တယ္။ အမ်ိဳးသား ေခါင္းေဆာင္ေတြကို လုပ္ႀကံၿပီး သူလြယ္လြယ္ လြတ္ခ်င္ရင္ ေလယာဥ္ နဲ႔ ႏိုင္ငံကူးမွာေပါ့ဗ်ာ။ ေနာက္ၿပီး သူ႔အမ်ိဳးေတြ အကုန္ အျပင္ကို လႊတ္မွာေပါ့။ ဒီထက္ပိုၿပီး ႀကံစည္ခ်င္တယ္ ဆိုရင္ ပိပိရိရိ ႀကံလို႔ေတာင္ ရေသးတယ္။ ဘုရင္ေခတ္တုန္းကေတာင္ အိမ္ေရွ႕စံကေနာင္မင္းသားကိုသတ္ၿပီး ျမင္ကြန္း၊ျမင္းခုံတိုင္တို႔ထြက္ေျပးတာ လြတ္ေသးတာပဲ။ အဂၤလိပ္ေခတ္ မလြတ္စရာကို မရွိတာ မဟုတ္လားဗ်။

ဗိုလ္ခ်ဳပ္ တို႔ အသတ္ခံရခ်ိန္တြင္ ျပည္သူမ်ားက ဦးေစာအိမ္ကို ခဲနဲ႔ေပါက္၊ စာေတြ ကပ္၊ ဆဲဆိုၾကသည္မွာ လည္း ထိန္းမရခဲ့။ ဦးေစာ မိသားစု မ်ားသည္လည္း ျမန္မာႏိုင္ငံတြင္ ရပ္တည္ မရခဲ့။ ထိုသို႔ေသာ ေဝဒနာ မ်ား ကို ျဖစ္လာမည္ကို သိပါလွ်က္ ဦးေစာ ဘာေၾကာင့္ ေက်ေက်နပ္နပ္ ႀကိဳးစင္တက္သြားသည္ ဆိုသည့္ အေတြး ကို ကြၽန္ေတာ္ ေတြးမိလိုက္သည္။ ေသခ်ာသည္ကား ကြၽန္ေတာ္ ကိုမင္းညိဳကို တုန႔္ျပန္ေျပာႏိုင္ဖို႔ စာဖတ္ ရအုံး ေပမည္။

ကြၽန္ေတာ္။ ကဲ..ဟုတ္ပါၿပီဗ်ာ။။ ဒီေန႔ေတာ့ ဒီေလာက္ပဲ။ ေနာက္အပတ္ ေတြ႕မယ္ဗ်ာ။ ကြၽန္ေတာ္ နည္းနည္း ေလ့လာ လိုက္အုံးမယ္။ လုံးဝေတာ့ လက္မခံႏိုင္ေသးဘူးဗ်ိဳ႕။

ကိုမင္းညိဳ။ ေကာင္းပါၿပီကြာ။ ေလ့လာ ေပါ့။ ခင္ဗ်ားတို႔ စာဖတ္ေလ ကြၽန္ေတာ္ ဗဟုသုတ တိုးေလပဲ။ ေနာက္ အပတ္ ေဆြးေႏြးၾကတာေပါ့ဗ်ာ။

စကားဝိုင္း ဤတြင္ ၿပီးခဲ့သည္။ ကြၽန္ေတာ္ရဲ႕ စာဖတ္သူမ်ား ကြၽန္ေတာ့္အတြက္ ကိုးကားစရာႏွင့္ ကိုမင္းညိဳ၏ ေျပာစကားအေပၚ သုံးသပ္မႈမ်ားအား ေမွ်ာ္လင့္ပါသည္။

ခရက္ဒစ္

(ေနာင္လာေနာက္သားေဖ့ဘုတ္သုံးၿပီး ျငင္းခုံၾကသူမ်ား အက်ိဳးအေၾကာင္းႏွင့္ ျငင္းခုံႏိုင္ေစရန္ ေခ်ာင္ခ်ိဳေခ်ာင္ၾကားက ပို႔စ္တစ္ခု မလာျခင္းျဖစ္သည္။ က်န္အပိုင္းမ်ား ဆက္တင္ပါအုံးမည္။)

Credit: apnnpyay
Ko Thiha

Unicode

ဦးစောက ဘာကြောင့် ဗိုလ်ချုပ်ကို သတ်တာလဲ ဆွေးနွေးခြင်း

ယနေ့တော့ အင်မတန် အံ့သြစရာကောင်းတဲ့ ဆွေးနွေးစကားဝိုင်း တစ်ခုကို ကြုံခဲ့ရသည်။ စကားဝိုင်းတွင် ပါကြ သူ များကတော့ ကျွန်တော်၊ စစ်မှုထမ်းဟောင်းကြီး ဦးတင်ဝင်းနှင့် ကို မင်းညို တို့ဖြစ်သည်။ ဦးစော ဘာလို့ ဗိုလ်ချုပ်ကို သတ်သလဲ ခေါင်းစဉ်ကို ကို မင်းညိုက စသည်မို့ ကိုမင်းညိုအကြောင်း အနည်းတော့ ပြောပြ ပေမည်။ အသက် ၃၇ နှစ်အရွယ် ကိုမင်းညိုနှင့် စတင် တွေ့ဆုံစဉ်က သူသည် စောဘွဲ့မှူး၏ မျက်လုံးတစ်ဖက် ကန်းနေခဲ့ပါလျှက် ဘုရင်ကိုဖမ်းပြီး အကျဉ်းချဝံ့သူ ငရမန်ကန်းကြီးအား အရမ်းဂုဏ်ပြုမိတော့ ဆိုသည့် သီချင်း အတိုင်း ငရမန်ကန်းကို သတ္တိရှိသူ အဖြစ် ချီးမွမ်းခဲ့သည်။

ဦးပေါင်းကျားနှင့် မြင်းကျားရှင် ဇာတ်လမ်းတွင် ညကြီး သန်းကောင် ဦးပေါင်းကျားနှင့် မြင်းကျားကြီးကို စီးသော အလောင်းစည်သူမင်းကြီး၏ ငါမအိုသေး ဇာတ်လမ်း အား ဘုရင်မို့လို့ မသိဟန်ဆောင် လွှတ်ပေးလိုက်သည် ဆိုသည့် ဆောင်းပါးကို သူအရမ်းကြိုက်ကြောင်း ပြောခဲ့သည်။ ချစ်ဦးညို၏ လင်္ကာဒီပချစ်သူ ဝတ္တုကြီးကို သူဘာကြောင့် ကြိုက်ကြောင်းတွေလည်း ပြောတတ် သည်။ ယခု တစ်ကြိမ်တွင်တော့ သူကိုယ်ပိုင် ဖန်တီးသည့် ဇာတ်ကောင်သည် ဦးစော ဖြစ်ပေတော့သည်။

စာမဖတ်သူသည် စကားဝိုင်းတွင် ကျီးအ ကဲ့သို့ နှုတ်ဆိတ်ရသည်ဆိုသည့် အဖြစ်ကို ကျွန်တော် ကြုံလိုက် ရသည့် နေ့အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ဗိုလ်ချုပ်နှင့် ပတ်သက်သည့် ဆောင်းပါး၊ အတုပတ္တိများစွာ ကျွန်တော် ဖတ်ဖူးသည်။ ဗိုလ်ချုပ် ဘယ်လောက်တော်ကြောင်း ချီးမွမ်းမည် ဆိုရင်လဲ အာဘောင်အာရင်း သန်သန် ဆွေးနွေးတတ်သည်။ သို့သော် ကိုမင်းညိုမှ ဦးစော ဘာကြောင့် ဗိုလ်ချုပ်ကို သတ်သလဲ ဆိုသည့် မေးခွန်းကို ဖြေဖို့တော့ ကျွန်တော် ချက်ချင်း အဖြေမထွက်ခဲ့။ Who really Killed Aung San ဆိုသည့် Documentary ကို ကြည့်ဖို့ ပျင်းသည့် ကိုယ့်ကိုကိုယ်ပင် အပြစ်ဆိုရတော့ ပေမည်။

စကားဝိုင်းကို စသူက ကျွန်တော်။ ဗိုလ်ချုပ်မွေးနေ့မို့ ဗိုလ်ချုပ်အကြောင်းကို အစဖော်၏။ ကိုမင်းညိုကား ပြုံးပြီး နားထောင်၏။ ထို့နောက်တွင်မှ ကဲ..မောင်ရင်.. ဒါဖြင့် ဦးစော က ဘာဖြစ်လို့ ဗိုလ်ချုပ်ကို သတ်ရတာလဲ ဆိုတာ သိလား ဆိုသည့် အမေးကို စမေးလေတော့သည်။

ကျွန်တော်။ မကျေနပ်လို့ သတ်တာပေါ့ ကိုမင်းညိုရာ။ ၁၉၄၆ စက်တင်ဘာမှာ ဦးစော ကို သေနတ်နဲ့ ပစ်ပြီး လုပ်ကြံလို့ မျက်လုံးတစ်ဖက်ကွယ်ခဲ့တယ်။ ဒါကို ဗိုလ်ချုပ် ခိုင်းတယ် ဆိုပြီး ဦးစော က ညှိုးတယ်လေ။ ဒီအတွက် ပြန်သတ်တာ မဟုတ်လား။

ဦးတင်ဝင်း။ ဗိုလ်ချုပ်ကို သတ်ဖို့ အင်္ဂလိပ်က ထောက်ပံ့တယ်လေ။ အင်းယားကန်ထဲမှာပါ သေနတ်တွေ ဖွက် ထားတာကို တွေ့ခဲ့တာပဲ။ ဒါကိုကြည့်ရင် အင်္ဂလိပ်နဲ့ပေါင်းပြီး ဦးစောက ဗိုလ်ချုပ်ကို အညှိုးနဲ့ သတ်တာလို့ မှန်းရ မှာပဲလေကွာ။

ကျွန်တော်တို့ နှစ်ယောက်ရဲ့ အဖြေကို ကိုမင်းညို ဘဝင်ကျပုံ မရ။ သူက စကားဆက်သည်။

ကိုမင်းညို။ ကျွန်တော်လည်း အဲဒါတွေ စဉ်းစားမိပါတယ်။ ဒါပေမယ့် ဦးစောအကြောင်း လေ့လာကြည့်တော့ သူဟာ ပညာတတ် ပုဂ္ဂိုလ် တစ်ယောက်ဗျ။ ကျောင်းပညာ ၅ တန်းအောင်ဆိုပေမယ့် ၁၉၂၇ မှာ အောက်တန်းရှေ့နေ စာမေးပွဲ အောင်ခဲ့တယ်။ GCBA မှာ ဝင်ပြီး ဝံသာနု အသင်းဝင် လုပ်ခဲ့တယ်။ နန်းရင်းဝန်လဲ လုပ်ခဲ့တယ်။ ဗိုလ်ချုပ်လက်ထက်မှာ ပညာရေးဝန်ကြီးဆိုတော့ သူဟာ သာမန်တော့ မဟုတ်တန်ဘူး။ သိပ်ပြီးတော့ ရူးမိုက်တဲ့ သူတစ်ယောက်တော့လည်း မဟုတ်ဘူး။ နောက်ပြီး သူ့ကို ဖမ်းတဲ့ အချိန်မှာတောင် ဝီစကီသောက်ပြီး ဟာသပြောနိုင်သေးတယ်။ အင်မတန်မှ သွေးအေး တဲ့သူ။

ကျွန်တော်။ အဲဒါနဲ့ ဘာဆိုင်လဲဗျာ။

ကိုမင်းညို။ သူ့အကြောင်း ပြောမယ်ဆိုရင် သူနဲ့ ပတ်သက်တာတွေကို အရင်သိအောင် လုပ်ရမှာပေါ့။ ဦးစော က တကယ့်မျိုးချစ် တစ်ယောက်ပဲ။ ဆရာစံ ကို ဖမ်းမိတော့ ဆရာစံဘက်က ရှေ့နေလိုက်တာ ဦးစောပဲ။ အင်္ဂလိပ်ဘာသာနဲ့ မြန်မာပြည်အရေးဆိုပြီး စာအုပ်ထုတ်ခဲ့ဖူးတယ်။ အင်္ဂလိပ်ကို ဝေဖန်လွန်းလို့ မောင်စော ဂဋုန် ဖြစ်ပြီ ဆိုပြီး ဂဋုန်ဦးစော ဖြစ်လာတာ မဟုတ်လား။ မြန်မာနိုင်ငံကို ဒိုမေနီယံ အုပ်ချုပ်ရေးပေးဖို့ အက်တလီနဲ့ တွေ့ပြီး ပြောခဲ့သေးတယ်။ နောက်ပြီး သူက အင်္ဂလိပ် အဖမ်းခံရပြီး ပြန်လာတာတောင်မှ မြန်မာ နိုင်ငံရဲ့ နိုင်ငံရေးမှာ အရေးပါလာခဲ့သေးတယ်လေ။

ဦးတင်ဝင်း။ ဆက်ပါအုံးဗျာ.

ကိုမင်းညို။ ကိုယ် စဉ်းစား မိတာပါ။ စပြောရမယ်ဆိုရင် အောင်ဆန်း-အက်တလီ စာချုပ်က စပြောရမှာပဲ။ အဲဒီစာချုပ်ကို လက်မှတ်သွားထိုးတော့ ကိုယ်စားလှယ်အဖွဲ့မှာ ဦးစောက ပညာရေးဝန်ကြီး အနေနဲ့ ပါတယ်။ ဒါပေမယ့် အဲဒီ စာချုပ်မှာ ဦးစောနဲ့ သခင်ဗစိန်က လက်မှတ် မထိုးခဲ့ဘူး။ ဒီအချက်တွေကို ကြည့်ရင် ဦးစောဟာ ဗိုလ်ချုပ်တို့ လွတ်လပ်ရေး ကြိုးပမ်းစဉ် တစ်လျှောက်မှာ အတူပါခဲ့တယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရဖို့ အတွက် သူလည်း ကိုယ်စွမ်းဉာဏ်စွမ်း ပါဝင်ခဲ့တယ်လို့ ပြောလို့ ရတယ် မဟုတ်လား။

ကျွန်တော်နှင့် ဦးတင်ဝင်း နှစ်ယောက်မှာ ဇဝေဇဝါ ဖြင့် သူ ဘာကို ဆိုလိုချင်မှန်း သိပ်နားမလည်။ တကယ်တမ်း ပြောရမည် ဆိုလျှင် အောင်ဆန်း-အက်တလီစာချုပ်ကို ငယ်တုန်းက သမိုင်းမှာ သင်ဖူးသည်ကလွဲပြီး သေချာ မသိ။ အောင်ဆန်း-အက်တလီ စာချုပ်ကြောင့် ပင်လုံ ကျင်းပရသည် ဆိုတာကိုတော့ အကြမ်းဖျင်းသိသည်။ ဦးစောနှင့် ဘယ်လို ဆက်စပ်သည်ကိုတော့ အသေအချာ မသိသည်မို့ သူ့စကား အဆက်ကိုသာ နားထောင် ရတော့သည်။

ကိုမင်းညို။ နောက် တစ်ချက်က ဦးစော ကလည်း နိုင်ငံခြားပြန် ပညာတတ်တစ်ယောက်ပဲ။ အဲဒီခေတ်က ခေါင်း ဆောင်တွေ အားလုံးဟာ နိုင်ငံရေး ယုံကြည်ချက်တွေ ပြင်းထန်ကြတယ်။ အဲဒီထဲမှာ ဦးစောလဲ တစ်ယောက် အပါအဝင်ပေါ့။ သူတို့ စပြီး အဲဒီမှာ ကွဲကြပုံရတယ်။

ကျွန်တော်။ ဘယ်လို ကွဲကြတာလဲဗျ.

ကိုမင်းညို။ ဗိုလ်ချုပ်က တစ်နိုင်ငံလုံး လွတ်လပ်ရေး ရချင်တယ်။ တောင်တန်းပြည်မ အားလုံး အတူရချင်တယ်။ အဲဒီအချိန်မှာတော့ ဦးစောက မဖြစ်နိုင်ဘူးလို့ တွေးချင်လဲ တွေးမှာပေါ့။ ပင်လုံညီလာခံကြီး ကျင်းပတော့ ဗိုလ်ချုပ်က ကတိတွေ ပေးခဲ့တယ်။ ခွဲထွက်ခွင့်တွေ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်တွေ အများကြီးပဲ။ ဒါတွေကို ဦးစော က ကန့်လန့်တိုက်တာတွေတော့ မကြားဖူးဘူး။ ဆိုလိုတာက ပင်လုံ ညီလာခံအပြီးမှာ တစ်နိုင်ငံလုံး လွတ်လပ် ရေး ရတာကို ဦးစောလဲ ဗိုလ်ချုပ်တို့နဲ့ အတူ လက်ခံသွားတာ ဖြစ်နိုင်တယ်။

ဦးတင်ဝင်း။ ကြိတ်ကြံနေတာလဲ ဖြစ်နိုင်တာပဲ။ ကျွန်တော်တို့မှ သူ့အကြောင်း မဖတ်ဖူးတာ။

ကိုမင်းညို။ ကိုတင်ဝင်း ထင်တာလဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပင်လုံညီလာခံကြီးက သဘောတူတဲ့ အချက် တွေ က တစ်ချို့ မြန်မာ ခေါင်းဆောင်တွေ လက်မခံနိုင်စရာတွေ အများကြီးပါတယ်လေ။ ဖြစ်စဉ်တစ်ခုမှာ ဗိုလ် ချုပ်မပါတဲ့ အစည်းအဝေးတစ်ခု ကျင်းပတယ်။ အဲဒီမှာ ပင်လုံက သဘောတူညီချက်တွေ ပြောတော့ ဗိုလ်ချုပ် ပြောတာ၊ငါတို့နဲ့မဆိုင်ဆိုပြီး ဆက်မဆွေးနွေးလို့ တိုင်းရင်းသားခေါင်းဆောင်တွေ ဒေါသထွက်ကြတယ်။ နောက်မှ ဗိုလ်ချုပ်က ခေါ်ပြီး ပြန်ရှင်းရတယ်။ အဲဒီမှာတင် ဗိုလ်ချုပ်ပေးတဲ့ ကတိတွေနဲ့ တစ်ခြားသူတွေကြားမှာ အမြင်မကြည်တာ တွေ ရှိလာပြီ မဟုတ်လား။

သူပြောပုံအရဆိုရင် ဗိုလ်ချုပ်တစ်ယောက်ထဲပဲ ပင်လုံနဲ့ ပတ်သက်တာတွေ ပြောခဲ့သယောင်ယောင်မို့ အချက် အလက်တွေကို ခေါင်းပူအောင် စဉ်းစားပေမယ့် ချက်ချင်း မထွက်တာမို့ အလိုက်သင့်သာ သူ့ကို ဆက်ပြော စေခဲ့သည်။

ကိုမင်းညို။ ပင်လုံညီလာခံလဲ ပြီးပြီ။ ဗမာပြည်လဲ လွတ်လပ်ရေး ရတော့မယ်။ ဗိုလ်ချုပ်ပေးတဲ့ ကတိတွေ ကြောင့် တိုင်းရင်းသားတွေကလဲ အဲဒီအချိန်မှာ ပြင်ဆင်နေပြီ။

ဦးတင်ဝင်း။ ဘာကို ပြင်ဆင်တာလဲ။ ရှင်းရှင်းပြောပါဗျာ။

ကိုမင်းညို။ လာမှာပေါ့ ကိုတင်းဝင်းရာ။ တိုင်းရင်းသားတွေ လိုချင်တာက ခွဲထွက်ခွင့်လေ။ စော်ဘွားတွေ၊ ပဒေသရာဇ်တွေ မဟုတ်လား။ လွတ်လပ်ရေး ရဖို့ ကတိတွေ ရပြီးပြီ ဆိုတဲ့နောက် ကိုယ့်အာဏာ ကိုယ်တည် ဆောက်ဖို့ ပြင်ကြပြီပေါ့ဗျာ။

အခုထိတော့ ကျွန်တော်လည်း သဘောမပေါက်သေး။ ကိုမင်းညို ဘာကို ပြောချင်သည့်အတွက် ဒီလောက် စကား ရှည်နေလဲ ဆိုတာလဲတွေး မရသေး။

ကျွန်တော်။ ကဲ..ကိုမင်းညို. ဒဲ့သာပြောဗျာ။ ခင်ဗျားစကား နားထောင်ရတာလဲ တကယ့်အခက်ပဲ။

ကိုမင်းညို။ ကျွန်တော် ပြောချင်တဲ့ အချက်ရောက်ပါပြီ။ လွတ်လပ်ရေး ရရင် ပဒေသရာဇ်တွေ စော်ဘွားတွေက ခွဲထွက်ခွင့်တောင်းမယ်၊ ဗိုလ်ချုပ်ကလဲ ကတိခံထားတာမို့ ပေးကို ပေးရမယ်။ မပေးဘူး ဆိုရင် အင်္ဂလိပ် လက် ကျန်နဲ့ လွတ်လပ်ပြီးစမှာ စစ်ခင်းရတာတွေ၊ စည်းရုံးရတာတွေနဲ့ တိုင်းပြည် တည်ဆောက်နိုင်မှာ မဟုတ်တော့ ဘူး။ ဒီတော့ လုပ်စရာက တစ်ခုပဲ ရှိတော့တယ်။

ကျွန်တော်။ ဘာကိုလုပ်မှာလဲ

ကိုမင်းညို။ကျွန်တော်တို့ ဆွေးနွေးတဲ့ ခေါင်းစဉ် ပေါ့ဗျာ.

ကိုတင်ဝင်း။ ဟာဗျာ.. မဖြစ်နိုင်တာ။

ကျွန်တော်။ ကိုမင်းညို ပြောပုံအရ ဆိုရင် ပြည်ထောင်စုကြီး ခွဲထွက်မှာ စိုးလို့ ဦးစော ကပဲ ဗိုလ်ချုပ် တို့ကို အနစ် နာခံပြီး သတ်ပေးလိုက်သလို ဖြစ်နေပြီ။ မတန်မရာဗျာ။

ကိုမင်းညို။ ဒါလဲ ခင်ဗျားတို့ အတွေးနဲ့ ခင်ဗျားတို့လေဗျာ။ ကျွန်တော် သိတာက ဦးစော ဟာ ပညာတတ်။ တွေး တတ် စဉ်းစားတတ်တယ်။ အမျိုးသား ခေါင်းဆောင်တွေကို လုပ်ကြံပြီး သူလွယ်လွယ် လွတ်ချင်ရင် လေယာဉ် နဲ့ နိုင်ငံကူးမှာပေါ့ဗျာ။ နောက်ပြီး သူ့အမျိုးတွေ အကုန် အပြင်ကို လွှတ်မှာပေါ့။ ဒီထက်ပိုပြီး ကြံစည်ချင်တယ် ဆိုရင် ပိပိရိရိ ကြံလို့တောင် ရသေးတယ်။ ဘုရင်ခေတ်တုန်းကတောင် အိမ်ရှေ့စံကနောင်မင်းသားကိုသတ်ပြီး မြင်ကွန်း၊မြင်းခုံတိုင်တို့ထွက်ပြေးတာ လွတ်သေးတာပဲ။ အင်္ဂလိပ်ခေတ် မလွတ်စရာကို မရှိတာ မဟုတ်လားဗျ။

ဗိုလ်ချုပ် တို့ အသတ်ခံရချိန်တွင် ပြည်သူများက ဦးစောအိမ်ကို ခဲနဲ့ပေါက်၊ စာတွေ ကပ်၊ ဆဲဆိုကြသည်မှာ လည်း ထိန်းမရခဲ့။ ဦးစော မိသားစု များသည်လည်း မြန်မာနိုင်ငံတွင် ရပ်တည် မရခဲ့။ ထိုသို့သော ဝေဒနာ များ ကို ဖြစ်လာမည်ကို သိပါလျှက် ဦးစော ဘာကြောင့် ကျေကျေနပ်နပ် ကြိုးစင်တက်သွားသည် ဆိုသည့် အတွေး ကို ကျွန်တော် တွေးမိလိုက်သည်။ သေချာသည်ကား ကျွန်တော် ကိုမင်းညိုကို တုန့်ပြန်ပြောနိုင်ဖို့ စာဖတ် ရအုံး ပေမည်။

ကျွန်တော်။ ကဲ..ဟုတ်ပါပြီဗျာ။။ ဒီနေ့တော့ ဒီလောက်ပဲ။ နောက်အပတ် တွေ့မယ်ဗျာ။ ကျွန်တော် နည်းနည်း လေ့လာ လိုက်အုံးမယ်။ လုံးဝတော့ လက်မခံနိုင်သေးဘူးဗျို့။

ကိုမင်းညို။ ကောင်းပါပြီကွာ။ လေ့လာ ပေါ့။ ခင်ဗျားတို့ စာဖတ်လေ ကျွန်တော် ဗဟုသုတ တိုးလေပဲ။ နောက် အပတ် ဆွေးနွေးကြတာပေါ့ဗျာ။

စကားဝိုင်း ဤတွင် ပြီးခဲ့သည်။ ကျွန်တော်ရဲ့ စာဖတ်သူများ ကျွန်တော့်အတွက် ကိုးကားစရာနှင့် ကိုမင်းညို၏ ပြောစကားအပေါ် သုံးသပ်မှုများအား မျှော်လင့်ပါသည်။

ခရက်ဒစ်

(နောင်လာနောက်သားဖေ့ဘုတ်သုံးပြီး ငြင်းခုံကြသူများ အကျိုးအကြောင်းနှင့် ငြင်းခုံနိုင်စေရန် ချောင်ချိုချောင်ကြားက ပို့စ်တစ်ခု မလာခြင်းဖြစ်သည်။ ကျန်အပိုင်းများ ဆက်တင်ပါအုံးမည်။)

Credit: apnnpyay
Ko Thiha