fbpx
Lifestyle

မိဘကိုလုပ်ကျွေးနေတဲ့ ၉ နှစ်သားလေး

Written by Kywee Moe

မိဘကိုလုပ်ကျွေးနေတဲ့ ၉ နှစ်သားလေးအင်ဒိုနီးရှားနိုင်ငံ Ziuth Kalimantan ရှိ Jalan Gatot Subroto ကိုသွားရင်မနက်တိုင်း ကာတွန်းရုပ်ဝတ်စုံကိုဝတ်ပြီး ဟိုလှုပ်လှုပ်ဒီလှုပ်လှုပ်လုပ်ပြနေတဲ့ ၉ နှစ်သားလေး Rehan ရီဟန်ကိုတွေ့ရမှာဖြစ်ပါတယ်။မနက်ဖက်အလုပ်သွားကြတဲ့သူတွေနဲ့ လမ်းမှာစည်ကားနေချိန်မှာ ရီဟန်ရဲ့ ငွေရရာအချိန်ပဲဖြစ်ပါတယ်။အင်ဒိုနီးရှားဟာ ယာဉ်တွေလမ်းပိတ်လေ့ရှိတဲ့အတွက် ရီဟန်တစ်ယောက်မနက်အစောကြီး မိုးမလင်းခင်ထပြီး၁၀ ကီလိုမီတာဝေးတဲ့နေရာကို လမ်းလျှောက်သွားရတာဖြစ်ပါတယ်။

နေ့တိုင်းတူညီတဲ့ဝတ်စုံနဲ့ အမြင်ရိုးနေလို့မဖြစ်တဲ့အတွက် ဝတ်စုံပြောင်းဝတ်ရသလိုရပ်နေထိုင်နေရင်လည်း ပိုက်ဆံမရနိုင်တာမို့ jogging ပြေးနေတာမျိုး တစ်ခုခုလုပ်ပြနေရပါတယ်တဲ့။နိုင်ငံခြားမှာ အဲ့လို ဝတ်စုံတစ်ခုခုဝတ်ပြီး လမ်းပေါ်မှာ ဖျော်ဖြေကြတဲ့သူကို Street clown လို့ခေါ်ပါတယ်။သူ့ကို Instagram user တစ်ယောက်က စတင်သတိထားမိတာဖြစ်ပြီး သူ့ကိုအင်တာဗျူးခဲ့တာဖြစ်ပါတယ်။

ရီဟန်လေးဟာ ရတဲ့ပိုက်ဆံကို မိသားစုအတွက် ဆန်လိုမျိုးလိုအပ်တာတွေဝယ်တယ်။သူ့အတွက်မနက်စာကို သူဝယ်စားပါတယ်တဲ့။တစ်ခါတလေ အိမ်ငှားခအဖြစ်ပေးပြီး သူ့ကျောင်းစားစရိတ်အဖြစ် ပိုတဲ့ငွေကို သပ်သပ်သိမ်းထားပါတယ်တဲ့။သူ့အမေကအလုပ်လုပ်ပေမယ့် ကျပမ်းအလုပ်သမားမို့ အိမ်စားရိတ်အနည်းငယ်နဲ့ အိမ်လခကို အလျဉ်မီအောင် မနည်းရှာနေရတာပါတဲ့။၉ နှစ်သား ရီဟန်ကလေးခမျာမှာ တစ်ခါတလေ မနက်စောစော လမ်းဘေးမှာ ပင်ပန်းပြီး အိပ်ငိုက်သွားတတ်ပါတယ်။ တချို့တွေဟာ မွေးဇာတာကောင်းကြပြီး တန်ဖိုးထားရကောင်းမှန်းမသိကြပါဘူး။

တစ်ချို့ကလေးတွေဆိုရင် လိုချင်တာမရရင် မိဘကို ပြန်အော်တတ်တဲ့ကလေးတွေ၊မိဘကိုအသုံးမကျဘူးလို့မြင်တဲ့ ကလေးတွေတောင် ရှိပါတယ်။ ကလေးတွေကို ငယ်စဉ်ကတည်းက ငွေကိုစနစ်တကျတန်ဖိုးထားသုံးစွဲတတ်အောင် မိဘတွေက သင်ပေးဖို့လိုပါတယ်။

ကြီးမှသင်ပေးလို့မရပါ။ ၁၀ နှစ်မတိုင်ခင်မှာ လိုချင်တဲ့ပုံစံကို မကြမ်းတမ်းမအော်ငေါက်ပဲ စိတ်ရှည်ရှည်နဲ့ ပုံသွင်းကြပါ။ကလေးပညာပေးတွေက ကျနော်မနှစ်ကရေးနေကျဖြစ်ပြီး အလျှင်းသင့်သလို ဆက်ရေးသွားပါ့မယ်။

credit

About the author

Kywee Moe

Leave a Comment