က်န္္းမာေရး

ဘယ္ေဆးနည္းနဲ႔ မသက္သာမေပ်ာက္ကင္းခဲ႔တဲ႔ ဒူးနာခါးနာ ဒီေဆးနည္းနဲ႔မွ ေပ်ာက္ကင္းေတာ့တယ္

လြန္ခဲ႔ေသာ ႏွစ္ ၂၀ နီးပါးကထဲက ရခဲ႔ေသာ ေဆးနည္းျဖစ္ပါသည္ အျပင္းအထန္ ေလ့က်င့္ခဲ႔ၾကေသာ အားကစားသမားမ်ားတြင္ sport injury တစ္ခုမဟုတ္ တစ္ခု ရတတ္ပါသည္ က်ြန္ေတာ့္တြင္လည္း ခါးနာျခင္း ႏွင့္ ဒူးနာျခင္း ရခဲ႔ပါသည္ ။

အားကစားမေလ့က်င့္သူမ်ားလည္း ဒူးနာခါးနာ အရိုးအဆစ္မ်ား အေၾကာင္းအမ်ိ ဳးမ်ဳိးႏွင့္နာတတ္ပါသည္ ။

က်ြန္ေတာ့ ခါးနာျခင္းက အၿမဲတမ္းမနာဘဲ အေၾကာင္းအက် ဳိး မသင့္သည့္အခါ အိပ္ယာထဲလွဲေနရသည္အထိနာပီး သက္သာသြားလ်ွင္ မနာေတာ့ပါ ။

ဒူးနာျခင္းကေတာ့ ဆယ္စုႏွစ္တစ္ခုတိုင္ခဲ႔ပါသည္ ဤေဆးနည္းရခဲ႔သည္မွာ ဆယ္စုႏွစ္ခ်ီခဲ႔ပီျဖစ္ေသာ္လည္း အသးံုမျပဳ ဳျဖစ္ခဲ႔ဘဲ အျခား ျမန္မာ ႏိုင္ငံျခားလိမ္းေဆး ေပါင္းစံုလိမ္းခဲ႔ပါသည္ နာေနသည့္ ဒူးဆစ္အရိုးတြင္ ဆရာဝန္ျဖင့္ေဆးထိုးျခင္းကိုပါ ျပဳ လုပ္ခဲ႔ပါသည္ ။

ဘယ္ေဆးနည္းကမ်ွ မသက္သာမေပ်ာက္ကင္းခဲ႔ပါ ။

ဤေဆးနည္းရခဲ႔သည္မွာ ၾကာျမင့္လွပီျဖစ္ေသာ္လည္း မထိုက္ေသးသျဖင့္ အသံုးမျပဳ ျဖစ္ဘဲ ေရာဂါကိုေမြးျမဴ လာခဲ႔သည္မွာ ဒူးတဖက္ေယာင္ကိုင္းပီးေကြးဆန့္႔မေကာင္းေတာ့ပါ ။

ဆယ္စုႏွစ္ေက်ာ္ၾကာပီးမွ အသံုးျပဳ ပီးသက္သာေပ်ာက္ကင္းခဲ႔သျဖင့္ ေဝဒနာခံစားခဲ႔ရသည့္ ကုန္လြန္ခဲ႔ေသာအခ်ိန္မ်ားကို ႏွေျမာမိပါသည္ ။

အစြမ္းထက္လွေသာ ဤေဆးနည္းကို နာက်င္ကိုက္ခဲမွဳအမ်ဳိးမ်ဳိးျဖစ္ၾကေသာ ေဆြမ်ဳိး မိတ္ေဆြ တပည့္သားသမီးတို႔ကို ေပးခဲ႔ပါသည္ ။

ဂါထာေပး ေတးျဖစ္ဆိုသလို အခ်ဳိ႔ က သူတို႔အတြက္ အလြယ္တကူရေသာ ေဆးနည္းျဖစ္သျဖင့္ ေလးေလးစားစားအသံုးမျပဳ ျဖစ္ၾကသည္ကို သိခဲ႔ရပါသည္ ။

ေလးစားစားအသံုးျပဳ သူမ်ားတြင္ ေဆးအက်ဳိ းကို အခ်ိန္တိုအတြင္း အစြမ္းထက္စြာခံစားၾကရပါသည္ ။

က်ြန္ေတာ္ကိုယ္တိုင္ေတာင္မွ ဆယ္ႏွစ္ေက်ာ္ၾကာမွ ထိုက္သည့္ေဆးနည္းျဖစ္ပါသည္ ။

ထိုုက္သူမ်ား ရလ်ွင္ရခ်င္း ေလးေလးစားစားအသံုးျပဳ ပီး ေဆးအက်ဳိးကို ခံစားႏိုင္ၾကပါေစ…

ေဆးနည္းကေတာ့ သနပ္ခါးေသြးသည့္ ေက်ာက္ျပင္ေပၚတြင္ ဆိတ္ရိုး ကိုေသြးပါ ။

ထြက္လာသည့္ ဆိတ္ရိုးအေပၚတြင္ ႏွမ္းလံုးႀကိဳ င္ျမစ္ကို သမသြားေအာင္ ေသြးပါ ။

ရလ်ွင္ နာက်င္ကိုက္ခဲသည့္ေနရာကို အသားထဲစိမ့္ဝင္သြားသည္အထိ မိနစ္၃၀ ခန္႔ အထပ္ထပ္အခါခါ လိမ္းပါ ။

လိမ္းပီးပီးခ်င္းပင္ သိသိသာသာ ေဝဒနာသက္သာပါလိမ့္မည္ ။

သတိျပဳ ရန္မွာ ဆိတ္ရိုးကိုမနဲပါေစႏွင့္ မိနစ္ ၃၀ ခန္႔အခ်ိန္ယူပီးအထပ္ထပ္အခါခါလိမ္းပါ။

ႏွမ္းလံုးႀကိဳ င္ျမစ္ကို ဘယေဆးဆိုင္မ်ားတြင္ဝယ္၍ရပါသည္ ။

ဤေဆးနည္းကို ေဒါက္တာေအာင္ႏိုင္ (ေဆးသုေတသန)ျပဳစုေသာ ပြဲေတြ႔ တိုင္းရင္းျမန္မာေဆးနည္းမ်ားစာအုပ္မွရရွိခဲ႔ပါသည္ ။

ထိုက္သူမ်ား ေဆးအက်ဳိး ခံစားႏိုင္ၾကပါေစ။

Credit : Yimon Kyaw ( ဟသတ)

ျပန္လည္မွ်ေဝပါသည္ ။ျမန္မာ့ေဆးစြမ္းနွင့္အိမ္တြင္းေဆးျမီးတိုမ်ား

” ဒူးနာ ခါးနာ အရိုးအဆစ္နာအတြက္ ”

( သက္ရင္းႀကီးျမစ္နွင့္ ဆိတ္ရိုး )

အထက္ပါေဆးလိမ္းရမည့္ နည္းအတိုင္း နွမ္းလုံးျကိုင္ျမစ္မရွိပါက သက္ရင္းႀကီး အျမစ္နွင့္ ဆိတ္ရိုးကို လိမ္းေပးပါ ။

ဒူးနာ ခါးနာ အရိုးအဆစ္နာ ေရာဂါမ်ား သက္သာေပ်ာက္ကင္းခဲ႕ေသာ လက္ေတြ႕ေဆးနည္းျဖစ္သျဖင့္ ေမတၱာျဖင့္ မွ်ေဝလိုက္ပါသည္ ။

Credit Sai Min Thant

လွန်ခဲ့သော နှစ် ၂၀ နီးပါးကထဲက ရခဲ့သော ဆေးနည်းဖြစ်ပါသည် အပြင်းအထန် လေ့ကျင့်ခဲ့ကြသော အားကစားသမားများတွင် sport injury တစ်ခုမဟုတ် တစ်ခု ရတတ်ပါသည် ကျွန်တော့်တွင်လည်း ခါးနာခြင်း နှင့် ဒူးနာခြင်း ရခဲ့ပါသည် ။

အားကစားမလေ့ကျင့်သူများလည်း ဒူးနာခါးနာ အရိုးအဆစ်များ အကြောင်းအမျိ ုးမျိုးနှင့်နာတတ်ပါသည် ။

ကျွန်တော့ ခါးနာခြင်းက အမြဲတမ်းမနာဘဲ အကြောင်းအကျ ုိး မသင့်သည့်အခါ အိပ်ယာထဲလှဲနေရသည်အထိနာပီး သက်သာသွားလျှင် မနာတော့ပါ ။

ဒူးနာခြင်းကတော့ ဆယ်စုနှစ်တစ်ခုတိုင်ခဲ့ပါသည် ဤဆေးနည်းရခဲ့သည်မှာ ဆယ်စုနှစ်ချီခဲ့ပီဖြစ်သော်လည်း အသုးံမပြု ုဖြစ်ခဲ့ဘဲ အခြား မြန်မာ နိုင်ငံခြားလိမ်းဆေး ပေါင်းစုံလိမ်းခဲ့ပါသည် နာနေသည့် ဒူးဆစ်အရိုးတွင် ဆရာဝန်ဖြင့်ဆေးထိုးခြင်းကိုပါ ပြု လုပ်ခဲ့ပါသည် ။

ဘယ်ဆေးနည်းကမျှ မသက်သာမပျောက်ကင်းခဲ့ပါ ။

ဤဆေးနည်းရခဲ့သည်မှာ ကြာမြင့်လှပီဖြစ်သော်လည်း မထိုက်သေးသဖြင့် အသုံးမပြု ဖြစ်ဘဲ ရောဂါကိုမွေးမြူ လာခဲ့သည်မှာ ဒူးတဖက်ယောင်ကိုင်းပီးကွေးဆန့့်မကောင်းတော့ပါ ။

ဆယ်စုနှစ်ကျော်ကြာပီးမှ အသုံးပြု ပီးသက်သာပျောက်ကင်းခဲ့သဖြင့် ဝေဒနာခံစားခဲ့ရသည့် ကုန်လွန်ခဲ့သောအချိန်များကို နှမြောမိပါသည် ။

အစွမ်းထက်လှသော ဤဆေးနည်းကို နာကျင်ကိုက်ခဲမှုအမျိုးမျိုးဖြစ်ကြသော ဆွေမျိုး မိတ်ဆွေ တပည့်သားသမီးတို့ကို ပေးခဲ့ပါသည် ။

ဂါထာပေး တေးဖြစ်ဆိုသလို အချို့ က သူတို့အတွက် အလွယ်တကူရသော ဆေးနည်းဖြစ်သဖြင့် လေးလေးစားစားအသုံးမပြု ဖြစ်ကြသည်ကို သိခဲ့ရပါသည် ။

လေးစားစားအသုံးပြု သူများတွင် ဆေးအကျို းကို အချိန်တိုအတွင်း အစွမ်းထက်စွာခံစားကြရပါသည် ။

ကျွန်တော်ကိုယ်တိုင်တောင်မှ ဆယ်နှစ်ကျော်ကြာမှ ထိုက်သည့်ဆေးနည်းဖြစ်ပါသည် ။

ထိုုက်သူများ ရလျှင်ရချင်း လေးလေးစားစားအသုံးပြု ပီး ဆေးအကျိုးကို ခံစားနိုင်ကြပါစေ…

ဆေးနည်းကတော့ သနပ်ခါးသွေးသည့် ကျောက်ပြင်ပေါ်တွင် ဆိတ်ရိုး ကိုသွေးပါ ။

ထွက်လာသည့် ဆိတ်ရိုးအပေါ်တွင် နှမ်းလုံးကြို င်မြစ်ကို သမသွားအောင် သွေးပါ ။

ရလျှင် နာကျင်ကိုက်ခဲသည့်နေရာကို အသားထဲစိမ့်ဝင်သွားသည်အထိ မိနစ်၃၀ ခန့် အထပ်ထပ်အခါခါ လိမ်းပါ ။

လိမ်းပီးပီးချင်းပင် သိသိသာသာ ဝေဒနာသက်သာပါလိမ့်မည် ။

သတိပြု ရန်မှာ ဆိတ်ရိုးကိုမနဲပါစေနှင့် မိနစ် ၃၀ ခန့်အချိန်ယူပီးအထပ်ထပ်အခါခါလိမ်းပါ။

နှမ်းလုံးကြို င်မြစ်ကို ဘယဆေးဆိုင်များတွင်ဝယ်၍ရပါသည် ။

ဤဆေးနည်းကို ဒေါက်တာအောင်နိုင် (ဆေးသုတေသန)ပြုစုသော ပွဲတွေ့ တိုင်းရင်းမြန်မာဆေးနည်းများစာအုပ်မှရရှိခဲ့ပါသည် ။

ထိုက်သူများ ဆေးအကျိုး ခံစားနိုင်ကြပါစေ။

Credit : Yimon Kyaw ( ဟသတ)

ပြန်လည်မျှဝေပါသည် ။မြန်မာ့ဆေးစွမ်းနှင့်အိမ်တွင်းဆေးမြီးတိုများ

” ဒူးနာ ခါးနာ အရိုးအဆစ်နာအတွက် ”

( သက်ရင်းကြီးမြစ်နှင့် ဆိတ်ရိုး )

အထက်ပါဆေးလိမ်းရမည့် နည်းအတိုင်း နှမ်းလုံးကြိုင်မြစ်မရှိပါက သက်ရင်းကြီး အမြစ်နှင့် ဆိတ်ရိုးကို လိမ်းပေးပါ ။

ဒူးနာ ခါးနာ အရိုးအဆစ်နာ ရောဂါများ သက်သာပျောက်ကင်းခဲ့သော လက်တွေ့ဆေးနည်းဖြစ်သဖြင့် မေတ္တာဖြင့် မျှဝေလိုက်ပါသည် ။

Credit Sai Min Thant

Loading...
Show More

Related Articles

Back to top button
Close