တကၠသုိလ္ေက်ာင္းသားအခ်င္းခ်င္း စကားမ်ားၾကရာမွ လူသတ္မႈျဖစ္ပြား

တကၠသုိလ္ေက်ာင္းသားအခ်င္းခ်င္း စကားမ်ားၾကရာမွ လူသတ္မႈျဖစ္ပြား

ဒီဇင္ဘာ ၁၅
မုံရြာ

စစ္ကုိင္းတုိင္းေဒသႀကီး မုံရြာၿမိဳ႕တြင္ ဒီဇင္ဘာလ ၁၅ ရက္ ညပုိင္း၌ အေဆာင္ေန တကၠသုိလ္ေက်ာင္းသားအခ်င္းခ်င္း စကားမ်ား၍ ခုိက္ရန္ျဖစ္ရာမွ လူသတ္မႈျဖစ္ပြားခဲ႔ေၾကာင္း မုံရြာနယ္ေျမရဲစခန္းမွ သိရသည္။

မုံရြာၿမိဳ႕ ျမဝတီရပ္ကြက္ နယ္ေျမ ၁၆ ေမတၱာလမ္း”မိဘေမတၱာ”ေဘာ္ဒါေဆာင္တြင္ ငွားရမ္းေနထုိင္ၾကသည့္ အေဆာင္ေန တကၠသုိလ္ ေက်ာင္းသားမ်ားသည္ ဒီဇင္ဘာလ ၁၅ ရက္ည ၈ နာရီေက်ာ္က အျပင္၌ အရက္တူေသာက္၍ ျပန္လာၾကရာ အဆုိပါ အေဆာင္သုိ႔ ေရာက္ရွိခ်ိန္တြင္ အခ်င္းမ်ား၍ ခုိက္ရန္ျဖစ္ပြားခဲ႔ေၾကာင္း သိရသည္။

အဆုိပါ အခင္းျဖစ္ရပ္သုိ႔ မုံရြာခရုိင္ရဲတပ္ဖြဲ႕မွဴး အနီးႀကီးၾကပ္၍ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးႏွင့္ နယ္ေျမရဲစခန္းမွဴးတုိ႔ သြားေရာက္စစ္ေဆးၾကရာ မင္းကင္းၿမိဳ႕နယ္ ကြ်န္းေတာ္ရြာေနထုိင္သူ ေက်ာ္ၿဖိဳးလွဳိင္ဒုတိယႏွစ္ သမုိင္းႏွင့္ တစ္ရြာတည္းေန မင္းခန္႔ ဒုတိယႏွစ္ ပထဝီ၊ ႏုိင္ရဲေအာင္ တတိယႏွစ္ သမုိင္း၊ ကနီၿမိဳ႕နယ္ ဆူးေလကုန္းရြာေန သန္႔ဇင္ဝင္း စတုထၳႏွစ္ အဂၤလိပ္တုိ႔ ေလးဦး စကားမ်ားရန္ျဖစ္ခဲ႔ေၾကာင္း သိရသည္။

ယင္းကဲ႔သုိ႔ ရန္ျဖစ္ၾကရာမွ ေက်ာ္ၿဖိဳးလွဳိင္ဆုိသူအား မင္းခန္႔မွ အ႐ုိးအသြား ေျခာက္လက္မခန္႔ရွိ စတီးလ္ဓါးျဖင့္ ဝဲဘက္လည္ပင္းႏွင့္ ညွပ္႐ုိးၾကားသုိ႔ ထုိးသြန္းခဲ႔ေၾကာင္း ရဲတပ္ဖြဲ႔၏ စစ္ေဆးခ်က္အရ သိရသည္။

ဓါးျဖင့္ အထုိးခံရသူ ဒုတိယႏွစ္ေက်ာင္းသား ေက်ာ္ၿဖိဳးလွဳိင္မွာ ေဆး႐ုံသုိ႔ ေရာက္ရွိ၍ ေဆးကုသေနစဥ္ ၄င္းရရွိေသာ ဒဏ္ရာျဖင့္ ညကုိးနာရီေက်ာ္ခန္႔တြင္ ေသဆုံးခဲ႔သည္ဟု ရဲတပ္ဖြဲ႕က ဆုိသည္။
၄င္းေသဆုံးမႈျဖစ္စဥ္ေၾကာင့္ ဓါးျဖင့္ထုိးသြန္းခဲ႔သူ မင္းခန္႔ႏွင့္ ႏုိင္ရဲေအာင္၊ သန္႔ဇင္ဝင္းတုိ႔ သုံးဦးအား ဥပေဒအရ အေရးယူႏုိင္ေရးအတြက္ မုံရြာနယ္ေျမရဲခစခန္းတြင္ စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။
ေမာင္ေလးငယ္ငယ္

သိမ္း ထူးစံ

 

Unicode

တက္ကသိုလ်ကျောင်းသားအချင်းချင်း စကားများကြရာမှ လူသတ်မှုဖြစ်ပွား

ဒီဇင်ဘာ ၁၅
မုံရွာ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ဒီဇင်ဘာလ ၁၅ ရက် ညပိုင်း၌ အဆောင်နေ တက္ကသိုလ်ကျောင်းသားအချင်းချင်း စကားများ၍ ခိုက်ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း မုံရွာနယ်မြေရဲစခန်းမှ သိရသည်။

မုံရွာမြို့ မြဝတီရပ်ကွက် နယ်မြေ ၁၆ မေတ္တာလမ်း”မိဘမေတ္တာ”ဘော်ဒါဆောင်တွင် ငှားရမ်းနေထိုင်ကြသည့် အဆောင်နေ တက္ကသိုလ် ကျောင်းသားများသည် ဒီဇင်ဘာလ ၁၅ ရက်ည ၈ နာရီကျော်က အပြင်၌ အရက်တူသောက်၍ ပြန်လာကြရာ အဆိုပါ အဆောင်သို့ ရောက်ရှိချိန်တွင် အချင်းများ၍ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ အခင်းဖြစ်ရပ်သို့ မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး အနီးကြီးကြပ်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် နယ်မြေရဲစခန်းမှူးတို့ သွားရောက်စစ်ဆေးကြရာ မင်းကင်းမြို့နယ် ကျွန်းတော်ရွာနေထိုင်သူ ကျော်ဖြိုးလှိုင်ဒုတိယနှစ် သမိုင်းနှင့် တစ်ရွာတည်းနေ မင်းခန့် ဒုတိယနှစ် ပထဝီ၊ နိုင်ရဲအောင် တတိယနှစ် သမိုင်း၊ ကနီမြို့နယ် ဆူးလေကုန်းရွာနေ သန့်ဇင်ဝင်း စတုထ္ထနှစ် အင်္ဂလိပ်တို့ လေးဦး စကားများရန်ဖြစ်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ရန်ဖြစ်ကြရာမှ ကျော်ဖြိုးလှိုင်ဆိုသူအား မင်းခန့်မှ အရိုးအသွား ခြောက်လက်မခန့်ရှိ စတီးလ်ဓါးဖြင့် ဝဲဘက်လည်ပင်းနှင့် ညှပ်ရိုးကြားသို့ ထိုးသွန်းခဲ့ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။

ဓါးဖြင့် အထိုးခံရသူ ဒုတိယနှစ်ကျောင်းသား ကျော်ဖြိုးလှိုင်မှာ ဆေးရုံသို့ ရောက်ရှိ၍ ဆေးကုသနေစဉ် ၎င်းရရှိသော ဒဏ်ရာဖြင့် ညကိုးနာရီကျော်ခန့်တွင် သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
၎င်းသေဆုံးမှုဖြစ်စဉ်ကြောင့် ဓါးဖြင့်ထိုးသွန်းခဲ့သူ မင်းခန့်နှင့် နိုင်ရဲအောင်၊ သန့်ဇင်ဝင်းတို့ သုံးဦးအား ဥပဒေအရ အရေးယူနိုင်ရေးအတွက် မုံရွာနယ်မြေရဲခစခန်းတွင် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မောင်လေးငယ်ငယ်

သိမ်း ထူးစ