ဖခင္ကို တခ်ိန္က နာမည္ၾကီးမင္းသားမွန္း သမီးျဖစ္သူက မသိဘူးဆိုတဲ့ လင္းဇာနည္ေဇာ္

မင္းသမီး လင္းဇာနည္ေဇာ္ဟာ ခ်စ္စရာေကာင္းတဲ့ သမီးေလး ျမဴလင္းကိုကို နဲ႔အတူ ဘဝကိုေလ်ွာက္လွမ္းလ်က္ရွိပါတယ္။ အသက္ (၁၈) ႏွစ္မျပည့္ေသးခင္တည္းကသမီးျဖစ္သူကို ႏုိင္ငံရပ္ျခားမွာ ပညာသင္ဖို႔ေစလႊတ္ခဲ့တာကလည္း ကိုယ့္အားကိုကိုးတတ္ေအာင္ ေစလႊတ္ခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။

အႏုပညာဝါသနာပါတဲ့သမီးေလးကို ျမန္မာႏုိင္ငံမွာ ဆက္ထားမယ္ဆုိရင္ အႏုပညာေလာကထဲကို ပညာေရးဆံုးခန္းမတုိင္ခင္ေရာက္ရွိသြားမွာစိုးရိမ္တာေၾကာင့္ ႏုိင္ငံရပ္ျခားမွာ ပညာဆက္လက္သင္ယူေစခဲ့တာျဖစ္ပါတယ္။

လင္းဇာနည္ေဇာ္ကေတာ့ သမီးေလးကို အႏုပညာေလာကထဲ မဝင္ေစခ်င္ဘူးလို႔ဆိုပါတယ္။ သူမအေနနဲ႔ အျပင္မွာေအာင္ျမင္တဲ့စီးပြားေရးသမားတစ္ဦးသာျဖစ္ေစခ်င္တယ္လို႔ ဆုိေပမယ့္ သမီးကေတာ့အႏုပညာဝါသနာပါတာေၾကာင့္ သူမ ပညာေရးျပီးဆံုးသြားရင္ အႏုပညာလုပ္ကိုင္ခြင့္ေပးသြားမယ္လို႔ဆိုပါတယ္။

သရုပ္ေဆာင္ လင္းဇာနည္ေဇာ္ကေတာ့ မင္းသား ရဲကိုကိုနဲ႔ အိမ္ေထာင္က်ခဲ့ျပီး သမီးေလးျမဴလင္းကုိကို ကိုေမြးဖြားခဲ့တာျဖစ္ပါတယ္။ အိမ္ေထာင္ေရးအဆင္မေျပမွုေၾကာင့္ လင္းဇာနည္ေဇာ္နဲ႔ ရဲကိုကိုတို႔က ကြာရွင္းခဲ့ၾကတာျဖစ္ပါတယ္။ သမီးျဖစ္သူ ျမဴလင္းကိုကိုကေတာ့ မိခင္ျဖစ္တဲ့ သူမကိုသာ မင္းသမီးမွန္းသိျပီးေတာ့ ဖခင္က အႏုပညာေလာကနဲ႔ အဆက္အသြယ္ျပတ္သြားတာၾကာျပီျဖစ္တာေၾကာင့္ ဖခင္ကိုမင္းသားတစ္ဦးမွန္းမသိဘူးလို႔ ဆိုပါတယ္။

“ခုခ်ိန္ထိ အမက အႏုပညာအလုပ္နဲ႔လည္းအရွည္ၾကီးျပတ္သြားတာမဟုတ္တဲ့အခါက်ေတာ့ ကိုယ့္ကိုေတာ့ သူက မင္းသမီးတစ္ေယာက္အေနနဲ႔ သူသိတယ္။ သူ႔အေဖကိုဆိုရင္ေတာ့ သူမသိဘူး။ ဘာလို႔လဲဆိုေတာ့ သူ႔အေဖကက်ေတာ့ ပိုျပီးေတာ့ဆုိးတယ္ေလ။ ခုလို အမေလာက္ေတာင္မလုပ္ေတာ့ဘူးဆိုေတာ့ သူ႔အေဖကိုဆိုမင္းသားမွန္းေတာင္မသိဘူး။”

သူမအေနနဲ႔ အိမ္ေထာင္ေရးအဆင္မေျပျခင္းဟာ လူၾကီးေတြနဲ႔သာသက္ဆုိင္ျပီးေတာ့ သမီးျဖစ္သူကိုေတာ့ မိဘေက်းဇူးသိတတ္နားလည္ေအာင္ ေျပာျပတယ္လို႔ဆိုပါတယ္။

“သူ႔ရဲ႕ ခံစားမွုကိုေတာ့ အမက မေျပာခ်င္ဘူးေပါ့ေနာ္။ အမ အေနနဲ႔ကေတာ့ ကိုယ္ေတြလူၾကီးခ်င္းဘယ္လိုပဲျဖစ္ျဖစ္ အေဖဟာအေဖ၊ အေမဟာအေမပဲျဖစ္တဲ့အတြက္ေၾကာင့္မို႔ အျမဲတမ္း မိဘေက်းဇူးကို နားလည္ေအာင္ေျပာျပတယ္။ ကိုယ္ေတြခ်င္းသာ အဆက္သြယ္မရွိရင္ေနရမယ္။ ကိုယ့္သမီးနဲ႔ေတာ့ အဆက္အသြယ္ျဖတ္ေတာက္တာမ်ိဳး လံုးဝမရွိပါဘူး ဘယ္ေတာ့မွလည္းလုပ္မွာမဟုတ္ပါဘူး။ ” လို႔ သမီးျဖစ္သူနဲ႔ ဖခင္တို႔အဆက္သြယ္ရွိတယ္ဆုိတဲ့အေၾကာင္းေလးကို 8 Days မီဒီယာအင္တာဗ်ဴးမွာေျဖၾကားသြားခဲ့တာျဖစ္ပါတယ္။

ျမဴလင္းကိုကိုကေတာ့ ၾသစေၾတးလ်မွာပညာသင္ၾကားတာျပီးဆံုးသြားရင္ ျမန္မာႏုိင္ငံသို႔ ျပန္လာျပီး မိခင္လိုပဲ အႏုပညာေလာကထဲဝင္ေရာက္မွာျဖစ္ပါတယ္။ ျမဴလင္းကိုကိုေလး အႏုပညာအလုပ္ေတြလုပ္ကုိင္ရင္လည္း ပရိသတ္ၾကီး အားေပးၾကပါဦးေနာ္…

Source : We Love Cele

မင်းသမီး လင်းဇာနည်ဇော်ဟာ ချစ်စရာကောင်းတဲ့ သမီးလေး မြူလင်းကိုကို နဲ့အတူ ဘဝကိုလျှောက်လှမ်းလျက်ရှိပါတယ်။ အသက် (၁၈) နှစ်မပြည့်သေးခင်တည်းကသမီးဖြစ်သူကို နိုင်ငံရပ်ခြားမှာ ပညာသင်ဖို့စေလွှတ်ခဲ့တာကလည်း ကိုယ့်အားကိုကိုးတတ်အောင် စေလွှတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အနုပညာဝါသနာပါတဲ့သမီးလေးကို မြန်မာနိုင်ငံမှာ ဆက်ထားမယ်ဆိုရင် အနုပညာလောကထဲကို ပညာရေးဆုံးခန်းမတိုင်ခင်ရောက်ရှိသွားမှာစိုးရိမ်တာကြောင့် နိုင်ငံရပ်ခြားမှာ ပညာဆက်လက်သင်ယူစေခဲ့တာဖြစ်ပါတယ်။

လင်းဇာနည်ဇော်ကတော့ သမီးလေးကို အနုပညာလောကထဲ မဝင်စေချင်ဘူးလို့ဆိုပါတယ်။ သူမအနေနဲ့ အပြင်မှာအောင်မြင်တဲ့စီးပွားရေးသမားတစ်ဦးသာဖြစ်စေချင်တယ်လို့ ဆိုပေမယ့် သမီးကတော့အနုပညာဝါသနာပါတာကြောင့် သူမ ပညာရေးပြီးဆုံးသွားရင် အနုပညာလုပ်ကိုင်ခွင့်ပေးသွားမယ်လို့ဆိုပါတယ်။

သရုပ်ဆောင် လင်းဇာနည်ဇော်ကတော့ မင်းသား ရဲကိုကိုနဲ့ အိမ်ထောင်ကျခဲ့ပြီး သမီးလေးမြူလင်းကိုကို ကိုမွေးဖွားခဲ့တာဖြစ်ပါတယ်။ အိမ်ထောင်ရေးအဆင်မပြေမှုကြောင့် လင်းဇာနည်ဇော်နဲ့ ရဲကိုကိုတို့က ကွာရှင်းခဲ့ကြတာဖြစ်ပါတယ်။ သမီးဖြစ်သူ မြူလင်းကိုကိုကတော့ မိခင်ဖြစ်တဲ့ သူမကိုသာ မင်းသမီးမှန်းသိပြီးတော့ ဖခင်က အနုပညာလောကနဲ့ အဆက်အသွယ်ပြတ်သွားတာကြာပြီဖြစ်တာကြောင့် ဖခင်ကိုမင်းသားတစ်ဦးမှန်းမသိဘူးလို့ ဆိုပါတယ်။

“ခုချိန်ထိ အမက အနုပညာအလုပ်နဲ့လည်းအရှည်ကြီးပြတ်သွားတာမဟုတ်တဲ့အခါကျတော့ ကိုယ့်ကိုတော့ သူက မင်းသမီးတစ်ယောက်အနေနဲ့ သူသိတယ်။ သူ့အဖေကိုဆိုရင်တော့ သူမသိဘူး။ ဘာလို့လဲဆိုတော့ သူ့အဖေကကျတော့ ပိုပြီးတော့ဆိုးတယ်လေ။ ခုလို အမလောက်တောင်မလုပ်တော့ဘူးဆိုတော့ သူ့အဖေကိုဆိုမင်းသားမှန်းတောင်မသိဘူး။”

သူမအနေနဲ့ အိမ်ထောင်ရေးအဆင်မပြေခြင်းဟာ လူကြီးတွေနဲ့သာသက်ဆိုင်ပြီးတော့ သမီးဖြစ်သူကိုတော့ မိဘကျေးဇူးသိတတ်နားလည်အောင် ပြောပြတယ်လို့ဆိုပါတယ်။

“သူ့ရဲ့ ခံစားမှုကိုတော့ အမက မပြောချင်ဘူးပေါ့နော်။ အမ အနေနဲ့ကတော့ ကိုယ်တွေလူကြီးချင်းဘယ်လိုပဲဖြစ်ဖြစ် အဖေဟာအဖေ၊ အမေဟာအမေပဲဖြစ်တဲ့အတွက်ကြောင့်မို့ အမြဲတမ်း မိဘကျေးဇူးကို နားလည်အောင်ပြောပြတယ်။ ကိုယ်တွေချင်းသာ အဆက်သွယ်မရှိရင်နေရမယ်။ ကိုယ့်သမီးနဲ့တော့ အဆက်အသွယ်ဖြတ်တောက်တာမျိုး လုံးဝမရှိပါဘူး ဘယ်တော့မှလည်းလုပ်မှာမဟုတ်ပါဘူး။ ” လို့ သမီးဖြစ်သူနဲ့ ဖခင်တို့အဆက်သွယ်ရှိတယ်ဆိုတဲ့အကြောင်းလေးကို 8 Days မီဒီယာအင်တာဗျူးမှာဖြေကြားသွားခဲ့တာဖြစ်ပါတယ်။

မြူလင်းကိုကိုကတော့ သြစတြေးလျမှာပညာသင်ကြားတာပြီးဆုံးသွားရင် မြန်မာနိုင်ငံသို့ ပြန်လာပြီး မိခင်လိုပဲ အနုပညာလောကထဲဝင်ရောက်မှာဖြစ်ပါတယ်။ မြူလင်းကိုကိုလေး အနုပညာအလုပ်တွေလုပ်ကိုင်ရင်လည်း ပရိသတ်ကြီး အားပေးကြပါဦးနော်…

Source : We Love Cele