မမသင်ဇာ က မောင်ပေါက်စလေး လို့ ထင်ပေမယ့် ကျနော်ကတော့ ရင်တွေ ခုန်နေပါပြီ” လို့ပြောလာတဲ့ ဟိန်းမင်းသူ
Unicode
ဟိန်းမင်းသူကတော့ ယခုနောက်ပိုင်း မိန်းကလေးပရိသတ်တွေကြားအထူးရေပန်းစားလာတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ အနုပညာလောကထဲကို ဝင်ရောက်လာတာ မကြာသေးပေမယ့် အနုပညာအလုပ်တွေနဲ့အတူ ဇာတ်လမ်းတွဲတွေရိုက်ကူးနေရပြီဖြစ်ပါတယ်။
ဟိန်းမင်းသူကို ပရိသတ်တွေ စတင်ပြီး သတိထားမိတဲ့အချက်ကတော့ ကမ္ဘာကျော် အဆိုတော် Justin Bieber နဲ့ တူနေခြင်းကြောင့်ပဲဖြစ်ပါတယ်။
JB နဲ့တူနေတာကြောင့်ပရိသတ်တွေသတိထားမိလာပြီး နာမည်ကြီးလာတဲ့ ဟိန်းမင်းသူကို ဝန်းရံသူတွေလည်းများခဲ့ပါတယ်။ အချို့သောပရိသတ်တွေကလည်း JB နဲ့တူတယ်ဆိုတဲ့အချက်တွေအပေါ်မှာ ဝေဖန်တိုက်ခိုက်မှုတွေပြုလုပ်လို့ ခံနေရသူလည်းဖြစ်ပါတယ်။
ဟိန်းမင်းသူကတော့ မကြာသေးခင်ကမှ သူပါဝင်သရုပ်ဆောင်ထားပြီး ကိုယ်တိုင်သီဆိုထားတဲ့ သီချင်း MTV အလန်းစားတွေကိုလည်း ပရိသတ်တွေရှေ့အရောက်ပို့ပေးနိုင်ခဲ့တာဖြစ်ပါတယ်။
မကြာခင်ကပဲ ဟိန်းမင်းသူနဲ့ သင်ဇာတို့ရဲ့ ရိုဆန်တဲ့ဓာတ်ပုံလေးတွေဟာ ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့ပါတယ်။ ဟိန်းမင်းသူက “မမသင်ဇာ က မောင်ပေါက်စလေး လို့ ထင်ပေမယ့် ကျနော်ကတော့ ရင်တွေ ခုန်နေပါပြီ” လို့ မီဒီယာကိုပြောခဲ့ပါတယ်။ ဟိန်းမင်းသူနဲ့ သင်ဇာတို့ရဲ့ interview ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက်ဖော်ပြပေးလိုက်ပါတယ်နော်။credit-gfatt