ဒီကနေ့ “တူယှဉ်နွှဲပျော် သရဖူတောင်သူပွဲတော်” အခမ်းအနားကို အလန်းစားဖက်ရှင်နဲ့ တက်ရောက်ခဲ့တဲ့ သင်ဇာဝင့်ကျော်
Unicode
ပရိသတ်တွေကို အမိုက်စား ပုံရိပ်ကလေးတွေနဲ့ ဖမ်းစားထားတဲ့ သရုပ်ဆောင် မင်းသမီးချောလေး သင်ဇာဝင့်ကျော် ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ သူမရဲ့ စွဲမက်ဖွယ်ကောက်ကြောင်းအလှကလည်း ပုရိသတွေကြားမှာ ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်တစ်နှစ်လုံးမှာ ပရိသတ်တွေနဲ့မီဒီယာတွေရဲ့အာရုံအစိုက်ခံရဆုံးသူတစ်ဦးဖြစ်လာတဲ့ သင်ဇာဝင့်ကျော်ကတော့ သူမရဲ့ပွဲတက်ဖက်ရှင်တွေဟာ အများအားဖြင့် ခပ်ဟော့ဟော့ဝတ်စားဆင်ယင်မှုဖြစ်ပြီးတော့ ပွဲတက်ဖိတ်ကြားသူတွေရဲ့ တောင်းဆိုချက်အရ ဒီလိုမျိုးဝတ်ဆင်ရကြောင်းလည်း သူမက ဖြေဆိုထားဖူးပါတယ်။ ၂၀၁၉ မှာလျော့ဝတ်မယ်လို့ပြောခဲ့ပေမယ့်လဲ အလုပ်သဘောအရမို့ ဝတ်ဆင်နေရသေးတာတွေ့ရပါတယ်။
ဒီနေ့မှာလဲ သင်ဇာဝင့်ကျော်ဟာ မုံရွာမြို့မှာ ကျင်းပပြုလုပ်တဲ့ “တူယှဉ်နွှဲပျော် သရဖူတောင်သူပွဲတော်” အခမ်းအနားကို အမိုက်စားဖက်ရှင်နဲ့ တက်ရောက်လာခဲ့ပါတယ်။ သင်ဇာဝင့်ကျော်ရဲ့ ပွဲတက်ဖက်ရှင်ပုံရိပ်တွေကိုပရိသတ်ကြီးအတွက်ဖော်ပြပေးလိူက်ပါတယ်နော်။ ပရိသတ်ကြီးကလဲ သင်ဇာ့ကို ချစ်ရင် Share ပေးသွားကြဦးနော်