အနုပညာရပ်ဝန်း
Line Walker 2 နဲ့ ပတ်သတ်ပြီး ရဲရဲဝံ့ဝံ့ ရင်ဖွင့်လိုက်တဲ့ ယုန်လေး
ကျွန်တော်တို့တွေ အစစအရာရာ နိုင်ငံရေး လူမူ့ရေး မစည်းလုံးနေသရွေ့ ဒီလိုအနှိမ်ခံ ဘဝက ရုန်းထွက်ရန်ခက်မည် . မင်းလည်း မြန်မာ ငါလည်းမြန်မာငါတို့တွေ စည်းလုံးဖို့လိုပြီ အားလုံး Peace . .
ဆိုပြီး သူ့ရဲ့ Facebook စာမျက်နှာထက်မှာ ယခုလို ရဲရဲဝံ့ဝံ့ ရင်ဖွင့်လိုက်ပါတယ်…….
#visioncele
Unicode
“Line Walker 2 လာရိုက်တာ ကြိုဆိုပါတယ် .ကိုယ့်နိုင်ငံမှာ ရိုက်တဲ့အတွက် ဂုဏ်လည်းယူပါတယ်.
ကျွန်တော်တို့ နိုင်ငံကိုလည်း Line Walker 2 ကြည့်တဲ့သူတွေ မြန်မာနိုင်ငံ ဆိုတာသိသွားတာပေါ့ .
လမ်းတွေ ပိတ်ပေးတယ် . ရဟတ်ယှဉ် တွေနဲ့ မြို့တော်ခန်းမရှေ့ ဆူးလေ ဘုရားရှေ့မှာ စင်းမယ် . မိုက်တာပေါ့ ပရိတ်သတ်အဖြစ်လည်း ရုံတင်ရင် ရှေ့ဆုံးက အားပေးမှာပါ ။
အဲ့လိုပဲ ကျွန်တော်တို့ နိုင်ငံထဲက သရုပ်ဆောင် ဘယ်သူဖြစ်ဖြစ် ပေါကားတွေပဲ ရိုက်တဲ့လူရှိသလို သေချာရိုက်တဲ့ လူတွေအတွက် အဲ့လိုအခွင့်ရေးမျိုးရော မရသင့်ဘူးလားခင်များ .
လမ်းပိတ်ဖို့ မပြောနဲ့ .ကိုယ်ဟာကို Sky Star Hotel က ခွင့်ပေးလို့ . ရိုက်ခွင့်ရတဲ့ Original Gangster 3 တောင်ဆင်ဆာ မပေး အများပြည်သူ ပြသရန်မသင့် .
ဆူးလေဘုရားနား မြို့တော်ခန်းမရှေ့ လမ်းတွေ ပိတ် သေနတ်တွေပစ် အများပြည်သူပြသရန် သင့်ပါလား . သင့်ပါတယ် . . ဒါက အပြင်မှာ တကယ်ဖြစ်တာမှ မဟုတ်တာ . ဖျော်ဖြေရေးပါ .
အနုပညာ သမားဆိုတာလည်း ဘယ်ဟာ အထင်ကရလည်း အဲ့တစ်ခုခုနဲ့ကို ချိတ်ဆက်ဖန်တီးပြချင်တာလေ .
ကျွန်တော်တို့ OG ရုပ်ရှင်ကားက ဘာပညာပေးလည်းမေးရင် ဘာပညာမှမပေးပါဘူး။ကျွန်တော်တို့ က ကျောင်းဆရာတွေ မဟုတ်ပါ .အနုပညာသမားတွေဆိုတော့ စိတ်အပန်ဖြေမူ့တော့ပေးနိုင်ပါတယ် .
အဲ့လို ရဟတ်ယှဉ်ဖိုး ကျွန်တော်တို့လည်းတတ်နိုင်ပါတယ် ၁နာရီ $4000 ရိုက်ဖို့လည်း အကုန်စုံစမ်းပြီးသားပါ . ဒါပေမယ့်
ရန်ကုန်မြို့တွင်း ဘယ်နေရာကိုမှ ဘယ်သူ့ကိုမှ ရဟတ်ယှဉ်ပြန်ခွင့်မရှိပါဘူး .
ကျွန်တော်တို့မှာ ရိုက်ပြီဆို အပီပြင်ဆုံး ဖြစ်အောင်တော့ ကြိုးစားရိုက်ပါတယ် .
မမြင်နိုင်တဲ့ တားဆီး များစွာရှိပါတယ် . အင်းစိန်ထောင် အပြင် . အထဲ . ဘယ်နေရာမှ လုံးဝပေးမရိုက်ပါဘူး .
မပြီပြင်သောထောင် အတုကြီးကထွက်ကြပေါ့ ဆက်တင်နေရာ ရုပ်ရှင် Studio မရှိပါဘူး .တစ်ချို့ရပ်ကွက်မှာ ရိုက်ရင်တောင် ဘာမှမဟုတ်တဲ့ ရပ်ကွက်အုပ်ချူပ်ရေးမူးကြောက်ရ တခြားအများကြီးပေါ့ .
အခုလည်း မင်းတို့လို OG ပုံနဲ့ ယှဉ်တင်ရဲသေးတယ်နော်ဆိုပြီး ဆဲဖို့ Coment ရေးဖို့Keyboard ပေါ် လက်ရောက်နေသူများ ဆဲနိုင်ရေးနိုင်ပါတယ် . အခုကျွန်တော်တို့ကို ဆဲမယ့် ခင်များရော ခင်များပတ်ဝန်းကျင်ရော ကျွန်တော်တို့ အားလုံး အဖက်အဖက်က တန်းတူအခွင့်ရေးပေးခြင်းမခံရတဲ့ မြန်မာအချင်းချင်းတွေပါ .
ကျွန်တော်တို့တွေ နိုင်ငံခြားသွားကြည့်လိုက်လေ Passport အနီ ဆိုတာနဲ့ အနှိမ်ခံ နေရတဲ့ ကျွန်တော်တို့တွေ အတူတူပါပဲဗျာ .အချင်းချင်း ဖေးမဖို့လိုအပ်ပါတယ် .
ကျွန်တော်တို့ ဖန်တီးတဲ့ကားများ လိုအပ်မှာပါ .
ရုပ်ရှင် သင်တန်းကျောင်း ပညာစနစ်တကျသင်ယူခွင့်မရပါဘူး။ တက်သလောက် လေ့လာသလောက်နဲ့ အကောင်းဆုံး ကြိုးစားနေတဲ့လူတွေပါ ။ ရူးသွပ်ထားတာများစွာ ရိုက်ပြီး အများပြည်သူ ပြသရန်မသင့်ဆိုတာနဲ့ပဲEdit ခန်းမှာ သိမ်းထားတဲ့ ဇာတ်ဝင်ခန်းများစွာ .
ကျွန်တော်ဖန်တီးတဲ့ ကားတွေ လိုအပ်တာရှိပါတယ် .ကြိုးစားဆဲလေဗျာ . ချက်ချင်းကြီးတော့ International ဆိုတဲ့လူတွေ နဲ့တိုင်းရင်တော့ သိမ်ငယ်တာပေါ့ .
ကျွန်တော်တို့ရိုက်ရတာ သိန်း ၂၀၀၀ လောက်ပြန်ရတာလည်း အားမပေးရင် သိန်း ၂၀၀ . ၄၀၀ .အရမ်းအောင်မြင်ရင် ၅၀၀၀ ပေါ့ . တစ်နိုင်ငံလုံး ပြသခွင့်အများဆုံးရတဲ့ရုံ ၈၀ ထပ်မပိုပါဘူး . တပတ်ဆိုတာနဲ့ ရုံ ၅၀ကျော်လောက် Auto ပြခွင့်မရှိတော့ပါဘူး
ကျွန်တော်တို့တွေလည်း အာစီယံ နိုင်ငံတွေ ရုံအနေနဲ့ အားလုံးပေါင်း ၄၀၀ . ၅၀၀ လောက်ပြခွင့်ရရင်တော့ထပ်ချဲ့လို့ရမှာပါ .
မြန်မာလူမျိုးတော်တော်များများ ကိုယ့်လူမျိုးအချင်းချင်း ပြန်နှိမ်ချင်တယ် . နိုင်ငံခြားအထင်ကြီးတယ် . အနှိမ်ခံရတဲ့ ဘဝ အတူအချင်းချင်းထပ်မထိုးနှပ်ကျပါနဲ့ဗျာ .
ဘာပဲဖြစ်ဖြစ် ကျွန်တော်ယုန်လေး
Passport အနီကိုင်တဲ့ မြန်မာနိုင်ငံသား မြန်မာဖြစ်ရတာ အမြဲတန်းဂုဏ်ယူလျက် . . . . .
ဘယ်လောက်ခက်ခဲ ခက်ခဲ အကောင်းဆုံးဖြစ်အောင်ရှေ့ဆက် ရုန်းလျက် . . . မွေးလာတာ ကျွန်တော်တို့တွေ အနှိမ်ခံဖို့မဟုတ် သူများကိုအရူံးပေးဖို့မဟုတ် .သူကတော့ သူပေါ့ ငါကတော့ဘယ်လုပ်နိုင်မလဲဆိုပြီးအမြဲ သိမ်ငယ်ဖို့မဟုတ် . . .
ကျွန်တော်တို့တွေ အစစအရာရာ နိုင်ငံရေး လူမူ့ရေး မစည်းလုံးနေသရွေ့ ဒီလိုအနှိ်မ်ခံ ဘဝက ရုန်းထွက်ရန်ခက်မည် . မင်းလည်း မြန်မာ ငါလည်းမြန်မာငါတို့တွေ စည်းလုံးဖို့လိုပြီ အားလုံး Peace . .
ကျွန်တော်တို့ နိုင်ငံ က ဆင်ဆာ လူကြီးမင်းများလည်း ကျွန်တော်တို့ကို ကူညီတဲ့ ကားတွေလည်းရှိပါတယ် .ဆင်ဆာလူကြီးမင်းများကို ဆော်ကားခြင်းမဟုတ်ပါ.
မဖြစ်နိုင်တာတွေ မမှန်းပါဘူး . ဖြစ်နိုင်တဲ့ ရရှိထားတဲ့ ငွေကြေး အခွင့်ရေးနဲ့ပဲ မရရအောင် အကောင်းဆုံးဖြစ်အောင် ဆက်လက်ဖန်တီးမည် ။”
ဆိုပြီး သူ့ရဲ့ Facebook စာမျက်နှာထက်မှာ ယခုလို ရဲရဲဝံံ့ဝံ့ ရင်ဖွင့်လိုက်ပါတယ်…….
Credit Yone Lay’s Facebook
#visionentertainmentmm
#visionentertainmentmyanmar
#visioncele
Loading...
Show More
Related Articles
Back to top button
Close