ရုပ္သံ

ပရိသတ္ေတြ ညႇပ္ေစခ်င္တဲ့ ဆံပင္စတိုင္ေလးနဲ႔ အရမ္းကို ခ်စ္စရာေကာင္းေနတဲ့ Liam ေလးရဲ႕ ဗီဒီယိုဖိုင္

ထူးထူးျခားျခား အမ်ားနဲ႔မတူတဲ့ ဆံပင္ေထာင္ေထာင္ေလးေတြကို ပိုင္ဆိုင္ထားရတဲ့ ယြန္းဝတီလြင္မိုးရဲ႕သား Liam ေလးကေတာ့ အရမ္းကို လူခ်စ္လူခင္ေပါမ်ားတဲ့ ကေလးေလးတစ္ေယာက္ ျဖစ္သလို တစ္မိသားစုလုံးရဲ႕ သည္းသည္းလႈပ္ ခ်စ္ခင္ျခင္းကိုပါ ရရွိထားတာ ျဖစ္ပါတယ္။ အဘိုးျဖစ္သူ ဦးလြင္မိုးနဲ႔ေရာ အေဖျဖစ္သူ ထက္ဦးလႈိင္နဲ႔ပါ ႐ုပ္ခ်င္းဆင္တူတဲ့ Liam ေလးကိုေတာ့ ဘိုးဘိုးနဲ႔ ေဖေဖ့နာမည္ပါေအာင္ “လြင္ထက္” လို႔ အမည္ေပးထားတာ ျဖစ္ပါတယ္။

မၾကာေသးခင္မွ အသက္(၆) လျပည့္သြားခဲ့တဲ့ Liam ေလးက က်န္းမာသန္စြမ္းတဲ့ ကေလးေလးအျဖစ္ တစ္ျဖည္းျဖည္း ဖြံ႕ၿဖိဳးႀကီးထြားလာတာ ျဖစ္ပါတယ္။ Liam ေလးရဲ႕ ဆံပင္ေလးေတြကို အသည္းယားၾကတဲ့ ပရိသတ္တစ္ခ်ိဳ႕ကေတာ့ သားေလးကို ဆံပင္ညႇပ္ေပးဖို႔ ေမေမယြန္းဆီ တာင္းဆိုေလ့ရွိၾကပါတယ္။ အခုဆိုရင္ေတာ့ Liam ေလးက ဆံပင္ေလးေတြညႇပ္လိုက္ၿပီး စတိုင္အသစ္ေလးနဲ႔ တစ္မူထူးျခားစြာ ခ်စ္စရာေကာင္းေနတာ ေတြ႕ရပါတယ္။

အခုလည္း ေမေမယြန္းက သားေလးရဲ႕ ဗီဒီယိုဖိုင္အသစ္ေလးကို ပရိသတ္ေတြအတြက္ တင္ေပးထားပါတယ္။ ဆံပင္စတိုင္ အသစ္ေလးနဲ႔ အရင္ကထက္ပိုၿပီး ခ်စ္ဖို႔ေကာင္းေနတဲ့ Liam ေလးရဲ႕ အမူအရာေလးေတြကလည္း အရမ္းကို အသည္းယားစရာေကာင္းေနတာ ေတြ႕ရပါတယ္။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ ယြန္းဝတီလြင္မိုးရဲ႕သား Liam ေလးရဲ႕ ခ်စ္စရာ ဗီဒီယိုဖိုင္အသစ္ေလးကို ေအာက္မွာ တင္ဆက္ေပးလိုက္ပါတယ္ေနာ္။

source:yunwaddy;

 

Unicode

ထူးထူးခြားခြား အများနဲ့မတူတဲ့ ဆံပင်ထောင်ထောင်လေးတွေကို ပိုင်ဆိုင်ထားရတဲ့ ယွန်းဝတီလွင်မိုးရဲ့သား Liam လေးကတော့ အရမ်းကို လူချစ်လူခင်ပေါများတဲ့ ကလေးလေးတစ်ယောက် ဖြစ်သလို တစ်မိသားစုလုံးရဲ့ သည်းသည်းလှုပ် ချစ်ခင်ခြင်းကိုပါ ရရှိထားတာ ဖြစ်ပါတယ်။ အဘိုးဖြစ်သူ ဦးလွင်မိုးနဲ့ရော အဖေဖြစ်သူ ထက်ဦးလှိုင်နဲ့ပါ ရုပ်ချင်းဆင်တူတဲ့ Liam လေးကိုတော့ ဘိုးဘိုးနဲ့ ဖေဖေ့နာမည်ပါအောင် “လွင်ထက်” လို့ အမည်ပေးထားတာ ဖြစ်ပါတယ်။

မကြာသေးခင်မှ အသက်(၆) လပြည့်သွားခဲ့တဲ့ Liam လေးက ကျန်းမာသန်စွမ်းတဲ့ ကလေးလေးအဖြစ် တစ်ဖြည်းဖြည်း ဖွံ့ဖြိုးကြီးထွားလာတာ ဖြစ်ပါတယ်။ Liam လေးရဲ့ ဆံပင်လေးတွေကို အသည်းယားကြတဲ့ ပရိသတ်တစ်ချို့ကတော့ သားလေးကို ဆံပင်ညှပ်ပေးဖို့ မေမေယွန်းဆီ တာင်းဆိုလေ့ရှိကြပါတယ်။ အခုဆိုရင်တော့ Liam လေးက ဆံပင်လေးတွေညှပ်လိုက်ပြီး စတိုင်အသစ်လေးနဲ့ တစ်မူထူးခြားစွာ ချစ်စရာကောင်းနေတာ တွေ့ရပါတယ်။


အခုလည်း မေမေယွန်းက သားလေးရဲ့ ဗီဒီယိုဖိုင်အသစ်လေးကို ပရိသတ်တွေအတွက် တင်ပေးထားပါတယ်။ ဆံပင်စတိုင် အသစ်လေးနဲ့ အရင်ကထက်ပိုပြီး ချစ်ဖို့ကောင်းနေတဲ့ Liam လေးရဲ့ အမူအရာလေးတွေကလည်း အရမ်းကို အသည်းယားစရာကောင်းနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ယွန်းဝတီလွင်မိုးရဲ့သား Liam လေးရဲ့ ချစ်စရာ ဗီဒီယိုဖိုင်အသစ်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

source:yunwaddy;

Loading...
Show More

Related Articles

Back to top button
Close