ခ်စ္မွဳေရးရာ

လိင္ကိစၥမွာ ယေန ့ေခတ္ လူသားေတြထက္ပုိျပီး အရွက္မဲ့ခဲ့ျကတဲ့ ေရွးေခတ္တူရကီမ်ား

၂၁ ရာစုလူသားေတြဟာ လိင္ကိစၥမွာ အ႐ွက္မဲ့ၾကတယ္လို႔ သင္ေတြးထားရင္ တူရကီေတြ ဘာလုပ္ခဲ့လဲဆိုတာ သိေအာင္ ေစာင့္ၾကည့္ပါဦး။ ႏွစ္ေပါင္း ၂၀၀ က လက္ေရးစာမူတစ္ခုမွာ အမည္မေဖာ္လိုသူ ေတာ္ဝင္မ်ိဳးႏြယ္တစ္ဦးဟာ ေအာ္တိုမန္တရားရံုးေတာ္ရဲ႕ အမ်ိဳးသား အမ်ိဳးသမီးေတြနဲ႔ သူ႔ရဲ႕ လိင္ပိုင္းဆိုင္ရာစြန္႔စားခန္းေတြကို ဖြင့္ျပေရးသားထားပါတယ္။

သင့္အေနနဲ႔ အေသးစိတ္သိခ်င္တယ္ဆိုရင္ Sotheby’s အႏုပညာေက်ာင္းမွာ ေလလံတင္ေရာင္းခ်ထားတာရိွပါတယ္။ အနီးစပ္ဆံုး ေဒၚလာ ၃၄၅၀၀၀ ကေန ေဒၚလာ ၄၈၂၀၀၀ ထိ တန္ဖိုးရိွႏိုင္ပါတယ္။

အဲ့ဒီလက္ေရးမူမွာ ေယာကၤ်ားနဲ႔မိန္းမ၊ ေယာကၤ်ားအခ်င္းခ်င္း၊ မိန္းမအခ်င္းခ်င္း စသျဖင့္ လိင္ဆက္ဆံမႈေတြကို ေရးဆြဲျပသထားပါတယ္။

Shayk တစ္ေယာက္ဟာ သူ႔ရဲ႕ငယ္ရြယ္မႈကို သတိရေနသည္ ဆိုၿပီး ခပ္ၾကမ္းၾကမ္းဘာသာျပန္ထားပါတယ္။ လက္ေရးမူမွာ စာေတြအျပင္ အေရာင္အေသြးစံုလွတဲ့ ႐ုပ္ပံုေပါင္း ၈၅ ခုပါဝင္ပါတယ္။ စစ္သားေတြ၊ လက္စ္ဘီယန္ (lesbian) ေတြ၊ Orgy ေတြ၊ ျပည့္တန္ဆာေတြ စသျဖင့္ လိင္တူ၊ လိင္ကြဲ ဆက္ဆံပံုေတြကို ႐ွင္း႐ွင္းလင္းလင္း သ႐ုပ္ေဖာ္ေရးဆြဲထားတာ ျဖစ္ပါတယ္။

လက္ေရးမူဟာ အမ်ိဳးသား အမ်ိဳးသမီးေတြကို ကိုယ္တိုင္စိတ္ေက်နပ္မႈရေအာင္ လုပ္နည္းနဲ႕သူတို႔ရဲ႕ အေဖာ္ေတြကို ဘယ္လိုေက်နပ္သာယာမႈေပးမလဲဆိုတာ နည္းေပးလမ္းျပလုပ္ထားတဲ့ တဏွာစာေပတစ္မ်ိဳးပါပဲ။

အျပာေရာင္အက်ၤ ီ၊ အနီေရာင္ ေဘာင္းဘီနဲ႔ အဝါေရာင္ ဖိနပ္စီးထားသူကို ေဖာက္သည္အျဖစ္ယံုၾကည့္ထားပါတယ္။

ေဖာက္သည္ဟာ ဘယ္သူလဲဆိုတာ အတိအက်ေျပာဖို႔ေတာ့ သတ္သတ္မွတ္မွတ္မရိွပါဘူး။ ဒါေပမယ့္ လန္ဒန္ေလလံ အဖြဲ႔ကေတာ့ သဲလြန္စေတြစုေဆာင္းထားပါတယ္။ ပံုေတြအမ်ားႀကီးထဲမွာမွ ေလးဆယ္ ငါးဆယ္အရြယ္ ဝဖိုင့္ဖိုင့္ေယာကၤ်ားႀကီးတစ္ေယာက္ အျပာေရာင္အက်ၤ ီ၊ အနီေရာင္ ေဘာင္းဘီနဲ႔ အျဖဴေရာင္ေခါင္းေပါင္းဝတ္ထားတဲ့ပံုဟာ သံုးပံုေလာက္ပါဝင္ေနၿပီး ပံုအေသးေတြထဲမွာလည္း ရိွေနပါတယ္။

လက္ေရးမူမွာ ႏွစ္ကာလသံုးခုကိုေရးသားထားတာေတြ႔ရပါတယ္။ ေအဒီ ၁၇၇၉၊ ေအဒီ ၁၇၉၉ – ၈၀၊ ေအဒီ ၁၈၁၇ စသျဖင့္ေဖာ္ျပထားပါတယ္။
Sotheby’s တကၠသိုလ္ရဲ႕ အေ႐ွ႕အလယ္ပိုင္း ကြၽမ္းက်င္သူေတြကေတာ့ ဒီပံုေတြကို သက္တမ္းတစ္ေလွ်ာက္လံုး စုေဆာင္းခဲ့တာျဖစ္မယ္လို႔ ယံုၾကည္ေနပါတယ္။ ဘူေဂးရီးယားႏိုင္ငံ အေ႐ွ႕ေျမာက္ပိုင္းက Shumna ၿမိဳ႕၊ ယခု Shumen ၿမိဳ႕ကိုလည္း ေဖာ္ျပထားပါေသးတယ္။

လိင္အေျပာင္းအလဲ ျဖစ္ျခင္းဟာ ေအာ္တိုမန္အင္ပါယာေခတ္မွာ ထင္႐ွားခဲ့ပါတယ္။

ေအာ္တိုမန္အင္ပါယာေခတ္မွာ လိင္ဆက္ဆံမႈဟာ ေယာကၤ်ားနဲ႔ မိန္းမဆက္ဆံမႈတင္ မကပါဘူး။ ပံုေတြထဲမွာ လိင္ေျပာင္းလဲဆက္ဆံျခင္းဟာ ထင္႐ွားေနပါတယ္။ ပံုေတြထဲမွာ ေယာကၤ်ားတစ္ေယာက္ဟာ အလည္မွာရိွေနၿပီး သူ႔ပတ္ပတ္လည္မွာ မိန္းမေတြေရာ ေယာကၤ်ားေတြပါ ဝန္းရံေနပါတယ္။ ေယာကၤ်ားတစ္လွည့္ မိန္းမတလွည့္ေရပန္းစားတဲ့ ေခတ္ေတြရိွခဲ့တယ္လို႔ ထင္စရာပါပဲ။

ပံုေတြထဲမွာ လိင္ကြဲဆက္ဆံပံုေဖာ္ျပခ်က္ေတြအမ်ားျကီး ပါသလို ေယာကၤ်ားခ်င္း လိင္တူဆက္ဆံပံုေဖာ္ျပခ်က္ေတြလည္း ေရးဆြဲထားပါတယ္။ ဒါေပမယ့္ မိန္းမခ်င္း လိင္ဆက္ဆံပံုေတြကေတာ့ နည္းနည္းပါးပါး ခပ္႐ွား႐ွားသာ ပါဝင္ပါတယ္။

Credit: Min Thu (Daily Hot News)

Unicode

၂၁ ရာစုလူသားတွေဟာ လိင်ကိစ္စမှာ အရှက်မဲ့ကြတယ်လို့ သင်တွေးထားရင် တူရကီတွေ ဘာလုပ်ခဲ့လဲဆိုတာ သိအောင် စောင့်ကြည့်ပါဦး။ နှစ်ပေါင်း ၂၀၀ က လက်ရေးစာမူတစ်ခုမှာ အမည်မဖော်လိုသူ တော်ဝင်မျိုးနွယ်တစ်ဦးဟာ အော်တိုမန်တရားရုံးတော်ရဲ့ အမျိုးသား အမျိုးသမီးတွေနဲ့ သူ့ရဲ့ လိင်ပိုင်းဆိုင်ရာစွန့်စားခန်းတွေကို ဖွင့်ပြရေးသားထားပါတယ်။

သင့်အနေနဲ့ အသေးစိတ်သိချင်တယ်ဆိုရင် Sotheby’s အနုပညာကျောင်းမှာ လေလံတင်ရောင်းချထားတာရှိပါတယ်။ အနီးစပ်ဆုံး ဒေါ်လာ ၃၄၅၀၀၀ ကနေ ဒေါ်လာ ၄၈၂၀၀၀ ထိ တန်ဖိုးရှိနိုင်ပါတယ်။

အဲ့ဒီလက်ရေးမူမှာ ယောင်္ကျားနဲ့မိန်းမ၊ ယောင်္ကျားအချင်းချင်း၊ မိန်းမအချင်းချင်း စသဖြင့် လိင်ဆက်ဆံမှုတွေကို ရေးဆွဲပြသထားပါတယ်။

Shayk တစ်ယောက်ဟာ သူ့ရဲ့ငယ်ရွယ်မှုကို သတိရနေသည် ဆိုပြီး ခပ်ကြမ်းကြမ်းဘာသာပြန်ထားပါတယ်။ လက်ရေးမူမှာ စာတွေအပြင် အရောင်အသွေးစုံလှတဲ့ ရုပ်ပုံပေါင်း ၈၅ ခုပါဝင်ပါတယ်။ စစ်သားတွေ၊ လက်စ်ဘီယန် (lesbian) တွေ၊ Orgy တွေ၊ ပြည့်တန်ဆာတွေ စသဖြင့် လိင်တူ၊ လိင်ကွဲ ဆက်ဆံပုံတွေကို ရှင်းရှင်းလင်းလင်း သရုပ်ဖော်ရေးဆွဲထားတာ ဖြစ်ပါတယ်။

လက်ရေးမူဟာ အမျိုးသား အမျိုးသမီးတွေကို ကိုယ်တိုင်စိတ်ကျေနပ်မှုရအောင် လုပ်နည်းနဲ့သူတို့ရဲ့ အဖော်တွေကို ဘယ်လိုကျေနပ်သာယာမှုပေးမလဲဆိုတာ နည်းပေးလမ်းပြလုပ်ထားတဲ့ တဏှာစာပေတစ်မျိုးပါပဲ။

အပြာရောင်အင်္ကျ ီ၊ အနီရောင် ဘောင်းဘီနဲ့ အဝါရောင် ဖိနပ်စီးထားသူကို ဖောက်သည်အဖြစ်ယုံကြည့်ထားပါတယ်။

ဖောက်သည်ဟာ ဘယ်သူလဲဆိုတာ အတိအကျပြောဖို့တော့ သတ်သတ်မှတ်မှတ်မရှိပါဘူး။ ဒါပေမယ့် လန်ဒန်လေလံ အဖွဲ့ကတော့ သဲလွန်စတွေစုဆောင်းထားပါတယ်။ ပုံတွေအများကြီးထဲမှာမှ လေးဆယ် ငါးဆယ်အရွယ် ဝဖိုင့်ဖိုင့်ယောင်္ကျားကြီးတစ်ယောက် အပြာရောင်အင်္ကျ ီ၊ အနီရောင် ဘောင်းဘီနဲ့ အဖြူရောင်ခေါင်းပေါင်းဝတ်ထားတဲ့ပုံဟာ သုံးပုံလောက်ပါဝင်နေပြီး ပုံအသေးတွေထဲမှာလည်း ရှိနေပါတယ်။

လက်ရေးမူမှာ နှစ်ကာလသုံးခုကိုရေးသားထားတာတွေ့ရပါတယ်။ အေဒီ ၁၇၇၉၊ အေဒီ ၁၇၉၉ – ၈၀၊ အေဒီ ၁၈၁၇ စသဖြင့်ဖော်ပြထားပါတယ်။
Sotheby’s တက္ကသိုလ်ရဲ့ အရှေ့အလယ်ပိုင်း ကျွမ်းကျင်သူတွေကတော့ ဒီပုံတွေကို သက်တမ်းတစ်လျှောက်လုံး စုဆောင်းခဲ့တာဖြစ်မယ်လို့ ယုံကြည်နေပါတယ်။ ဘူဂေးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက Shumna မြို့၊ ယခု Shumen မြို့ကိုလည်း ဖော်ပြထားပါသေးတယ်။

လိင်အပြောင်းအလဲ ဖြစ်ခြင်းဟာ အော်တိုမန်အင်ပါယာခေတ်မှာ ထင်ရှားခဲ့ပါတယ်။

အော်တိုမန်အင်ပါယာခေတ်မှာ လိင်ဆက်ဆံမှုဟာ ယောင်္ကျားနဲ့ မိန်းမဆက်ဆံမှုတင် မကပါဘူး။ ပုံတွေထဲမှာ လိင်ပြောင်းလဲဆက်ဆံခြင်းဟာ ထင်ရှားနေပါတယ်။ ပုံတွေထဲမှာ ယောင်္ကျားတစ်ယောက်ဟာ အလည်မှာရှိနေပြီး သူ့ပတ်ပတ်လည်မှာ မိန်းမတွေရော ယောင်္ကျားတွေပါ ဝန်းရံနေပါတယ်။ ယောင်္ကျားတစ်လှည့် မိန်းမတလှည့်ရေပန်းစားတဲ့ ခေတ်တွေရှိခဲ့တယ်လို့ ထင်စရာပါပဲ။

ပုံတွေထဲမှာ လိင်ကွဲဆက်ဆံပုံဖော်ပြချက်တွေအများကြီး ပါသလို ယောင်္ကျားချင်း လိင်တူဆက်ဆံပုံဖော်ပြချက်တွေလည်း ရေးဆွဲထားပါတယ်။ ဒါပေမယ့် မိန်းမချင်း လိင်ဆက်ဆံပုံတွေကတော့ နည်းနည်းပါးပါး ခပ်ရှားရှားသာ ပါဝင်ပါတယ်။

Credit: Min Thu (Daily Hot News)

Loading...
Show More

Related Articles

Back to top button
Close