အနုပညာရပ်ဝန်းကြားသိရသမှ
မြန်မာမော်ဒယ်မင်းသားတချို့ကြောင့် နောင်တတွေနဲ့ ပြန်သွားခဲ့ရတဲ့ LINE WALKER(2)အဖွဲ့သားများ
Source – Eleven Media
Unicode
ဆယ်လီကမ္ဘာပရိသတ်ကြီးရေ လတ်တလော ကာလမှာ Line Walker(2) ရိုက်ကွင်းကြီးကတော့ ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့်နောက်ဆက်တွဲဂယက်တစ်ခုကတော့ ကျန်ခဲ့ပြီဖြစ်ပါတယ်။ Line Walker (2) မှာ သရုပ်ဆောင်ခဲ့တဲ့ မင်းရာဇာကတော့ အဆိုပါရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားတစ်ချို့ကြောင့် အခက်အခဲတွေ ၊ နောင်တတွေနဲ့ ပြန်သွားခဲ့ရပြီဖြစ်တယ်လို့ Eleven ကနေတဆင့်ဖွင့်ချခဲ့ပါတယ်။ အခုလို ဖြစ်ရတာက အက်ရှင်ပိုင်းမနိုင်တဲ့ (ကင်မရာရှေ့မှာတောင်တစ်ခါမှဖြတ်မလျှောက်ဘူးတဲ့) တစ်ခါမှ သရုပ်မဆောင်ဘူးတဲ့ မော်ဒယ်မျက်နှာသစ် သရုပ်ဆောင်တွေကြောင့်ဖြစ်တယ်လို့ဖွင့်ချခဲ့တာပါ ။
ရုပ်ရှင်ရိုက်ကူးရာမှာ ဖောက်ခွဲပစ်ခတ်မှုတွေ ၊ ကြမ်းကြမ်းရမ်းရမ်းရိုက်ကူးမှုတွေမှာ မော်ဒယ်မင်းသားသစ်တစ်ချို့အဆင်မပြေခဲ့ကြပါဘူး ။ အချိန်နဲ့အလုပ်လုပ်ရတဲ့ အခါမှာ ပိုပြီး အရည်အချည်းရှိတဲ့ လူတွေလိုချင်ခဲ့ပေမယ့် မင်းသားအသစ်တွေပါလာတဲ့အခါမှာ အကြိမ်ကြိမ်အခါခါ(အကြိမ်၅၀နီးပါး) သင်ပေးခဲ့တာတောင်အဆင်မပြေခဲ့ဘူးလို့ဆိိုပါတယ်။ နောက်ဆုံးမှာ အလွန်အဆင်မပြေခဲ့တာ ကြောင့် ရိုက်ကူးရေးရက်တွေအတွင်းမှာ တရုတ်နိုင်ငံဘက်က နေအသင့်ပါလာတဲ့ စတန့်သရုပ်ဆောင်တွေကို အစားထိုးပြီး ပြန်လည်ရိုက်ကူးရတဲ့ အထိ ဆိုးဝါးမှုတွေကြုံခဲ့ရတယ်လို့ဆိုပါတယ်။
မင်းရာဇာတို့ အရွေးချယ်ခံခဲ့ရတာတောင် ချက်ချင်းသရုပ်မဆောင်ခိုင်းဘဲ စောင့်ကြည့်မှုတွေ ရှိခဲ့တဲ့အထိ မျက်နှာသစ်မင်းသားတွေကို သရုပ်ဆောင်ခိုင်းတဲ့ ဂယက် ကပြင်းထန်ခဲ့တာပါ ။ သရုပ်ဆောင်ရွေးချယ်မှုပိုင်းအားနည်းချက်ကြောင့် မြန်မာသရုပ်ဆောင်တွေကို နောက်ထပ် နိုင်ငံတကာရုပ်ရှင်တွေမှာ အသုံးပြုနိုင်ဖို့ အခက်အခဲတွေရှိလာနိုင်တယ်လို့ဖြေဆိုထားပါတယ်။ ဆယ်လီကမ္ဘာပရိသတ်ကြီးရေ နိုင်ငံတကာအဆင့် ရုပ်ရှင်ကားကြီးရိုက်ကူးရာမှာ လုံးဝအတွေ့အကြံုမရှိတဲ့ သူတွေကြောင့် ဖြစ်လာခဲ့တဲ့ ရိုက်ခတ်မှုတွေအတွက် ဘဘောထားမှတ်ချက်လေးတွေပေးခဲ့ကြပါဦးနော်။
Source – Eleven Media
Yenanthar Khin Khin Se @ Cele Gabar
Loading...
Show More
Related Articles
Back to top button
Close