ေဒါက္တာေအးေမာင္ႏွင့္ စာေရးဆရာေ၀ဟင္ေအာင္တို႕ကို ေထာင္ဒဏ္ ၂၂ ခ်မွတ္

ေဒါက္တာေအးေမာင္ႏွင့္ စာေရးဆရာေ၀ဟင္ေအာင္တို႕ကို ေထာင္ဒဏ္ ၂၀ ခ်မွတ္

နိရဥၥရာ ၊ မတ္လ ၁၉

ေဒါက္တာေအးေမာင္ႏွင့္ စာေရးဆရာေ၀ဟင္ေအာင္တို႕ကို အမႈ ၂ ခု၊ တစ္ေပါင္းတည္း ႏွစ္ ၂၀ က်ခံရန္ စစ္ေတြခရိုင္ တရားရံုးက စီရင္ခ်က္ ခ်မွတ္လိုက္ျပီဟု သိရသည္။

ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅(ခ) ျဖင့္ ေထာင္ ၂ ႏွစ္၊ ႏိုင္ငံေတာ္ ပုန္ကန္မႈ ပုဒ္မ ၁၂၂ ျဖင့္ ေထာင္ဒဏ္ ႏွစ္ ၂၀ ခ်မွတ္လိုက္သည္ဟု သိရသည္။

” တရားသူၾကီးက အမႈႏွစ္ခုလံုးကို တစ္ေပါင္းတည္း က်ခံေစဆိုျပီး ခ်တယ္။ ခ်ဳပ္ရက္ ထုတ္ႏုတ္ခံစားေစလို႕ အမိန္႕ခ်ပါတယ္။ အဲဒီေတာ့ အမႈ ႏွစ္ခုေပါင္း ႏွစ္ ၂၀ ျဖစ္ပါတယ္” ဟု သူတို႕ အမႈကို လိုက္ပါ ေဆာင္ရြက္ေပးသူ တရားလႊတ္ေတာ္ေရွ႕ေန ဦးစံေရႊေမာင္က ေျပာသည္။

သူတို႕အမႈႏွင့္ ပတ္သက္ျပီး ဆံုးျဖတ္ခ်က္အေပၚ ေက်နပ္မႈ မရွိ၍ အထက္တရားရံုးကို အယူခံ၀င္သြားမည္ဟု ၎က ေျပာဆိုသည္။

Zin Moe

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို ထောင်ဒဏ် ၂၀ ချမှတ်

နိရဉ္စရာ ၊ မတ်လ ၁၉

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို အမှု ၂ ခု၊ တစ်ပေါင်းတည်း နှစ် ၂၀ ကျခံရန် စစ်တွေခရိုင် တရားရုံးက စီရင်ချက် ချမှတ်လိုက်ပြီဟု သိရသည်။

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် ထောင် ၂ နှစ်၊ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂ ဖြင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်သည်ဟု သိရသည်။

” တရားသူကြီးက အမှုနှစ်ခုလုံးကို တစ်ပေါင်းတည်း ကျခံစေဆိုပြီး ချတယ်။ ချုပ်ရက် ထုတ်နုတ်ခံစားစေလို့ အမိန့်ချပါတယ်။ အဲဒီတော့ အမှု နှစ်ခုပေါင်း နှစ် ၂၀ ဖြစ်ပါတယ်” ဟု သူတို့ အမှုကို လိုက်ပါ ဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေ ဦးစံရွှေမောင်က ပြောသည်။

သူတို့အမှုနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်အပေါ် ကျေနပ်မှု မရှိ၍ အထက်တရားရုံးကို အယူခံဝင်သွားမည်ဟု ၎င်းက ပြောဆိုသည်။