နာမည္ႀကီးပုဂၢိဳလ္မ်ား

ဆယ္လီနာ ထည္လဲတြဲခဲ့ဖူးတဲ့ ဘဲအလန္းေလးမ်ား

ေလာေလာဆယ္လတ္တေလာမွာ Justin Bieber ရဲ႕ ေစ့စပ္ပြဲသတင္းေၾကာင့္ မ်က္ဝန္းေတြေဖာင္းမို႔အစ္ျပီး ကံဆိုးသူေလးပမာ ကူကယ္ရာမဲ့အသည္းကြဲေနပံုေပၚတဲ့ Selena Gomez ေလးရဲ႕ အခ်စ္ေရးကံၾကမၼာဟာ ဆိုးတယ္လို႔ေျပာရမလား ေကာင္းတယ္လို႔ေျပာရမလား ေျပာရခက္ခက္ၾကီးပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ Selena ဟာ ေခ်ာေပ့မိုက္ေပ့ဆိုတဲ့ မင္းသားေတြအဆိုေတာ္ေတြ၊သီခ်င္းေရးဆရာေတြရဲ႕ တသသစြဲလမ္းခ်စ္ျမတ္နုိးမႈကုိခံခဲ့ရတာေၾကာင့္ပါ။ ဒါ့အျပင္ Justin Bieber ကလည္း Selena မွ Selena တစ္သက္လံုးစြဲလမ္းခ်စ္ခဲ့ဖူးျပီး အခုထိ Selena ကုိ ေမ့လို႔မရေသးလို႔ လက္က တက္တူးကိုေတာင္မဖ်က္ရေသးဘူးမဟုတ္လား။ ဒီေန႔မွာေတာ့ ေျပာခ်င္လြန္းလို႔ရဲ႕ပရိသတ္ၾကီးကုိ Selena Gomez တြဲခဲ့ဖူးတဲ့ ရည္းစားအေခ်ာေလးေတြကုိေျပာျပေပးသြားပါမယ္။

Justin Bieber

Justin အေၾကာင္းကေတာ့ အထူးအေထြေျပာေနစရာမလိုဘူးလုိ႔ထင္ပါတယ္။ တကယ္တမ္းမွာ Selena ရဲ႕ အျမဲတမ္းခ်စ္သူဟာ Justin ပဲလို႔ေျပာရေလာက္ေအာင္ကို Selena က ဘယ္သူနဲ႔ပဲတြဲတြဲေနာက္ဆံုး Justin ရဲ႕ ရင္ခြင္ထဲကိုပဲအျမဲလိုလိုျပန္ေရာက္လာေလ့ရွိခဲ့တာပါ။ အေၾကာင္းေၾကာင္းေတြေၾကာင့္လက္ရွိမွာလမ္းခြဲလိုက္ၾကျပီး Justin ကလည္း Hailey Baldwin နဲ႔ ေစ့စပ္လုိက္ျပီဆိုေပမယ့္လည္းေပါ့။ သူတို႔နွစ္ေယာက္ကတစ္ေယာက္အတြက္တစ္ေယာက္ ေဖ်ာက္ဖ်က္မရနုိင္တဲ့အမွတ္တရပါပဲ။

The Weekend

The Weekend က ကမၻာေပၚမွာ အေကာင္းဆံုး rapper ေတြထဲကတစ္ဦးျဖစ္သလို Grammy ဆုရထားသူလည္းျဖစ္ပါတယ္။ Justin Bieber ျပီးရင္ Selena ကုိ အခ်စ္နုိင္ဆံုးလူသားဆိုရင္လည္းမွားမယ္မထင္ပါဘူး။ သူတို႔နွစ္ဦးဟာ 2017 January မွာစတြဲခဲ့ၾကျပီး လအနည္းငယ္သာခံကာ ျပတ္စဲခဲဲ့ၾကပါတယ္။ဒါေပမယ့္ Selena က သူ႔ုကုိလမ္းခြဲလိုက္ခ်ိန္မွာ The Weekend ၾကီးက ေတာ္ေတာ္ေလးအသည္းကြဲဲခံစားခဲ့ရပံုေပၚပါတယ္။ Selena နဲ႔ ျပတ္စဲျပီးေနာက္ပိုင္းမွ ထြက္လာတဲ့ သူ႔ရဲ႕ Call Out My Name ဆိုတဲ့သီခ်င္းမွာ “I almost cut a piece of myself for your life””ဆိုျပီး Selena သာလိုအပ္ခဲ့ရင္ သူ႔ေက်ာက္ကပ္ကိုေပးလွဴခ်င္ေၾကာင္းေရးသားထားခဲ့ပါေသးတယ္။ ဒါေပမယ့္ Justin ကလည္း Selena ကုိ ေက်ာက္ကပ္ေပးခ်င္ေၾကာင္းေျပာခဲ့ဖူးတာပါပဲ။ ကံေကာင္းလွတဲ့ Selena ေလးရယ္ပါ။

Charlie Puth

Charlie Puth ကေတာ့ သိပ္မၾကာေသးခင္က Justin နဲ႔ ျပန္တြဲမလိုလိုမတြဲေတာ့ဘူးလိုလိုျဖစ္ေနတဲ့အခ်ိန္မွာ Charlie နဲ႔ အတူတူသီခ်င္းတြဲလုပ္ရင္း လူငယ္ေလး Charlie ဟာ Selena ကုိ ခ်စ္မိသြားခဲ့ပံုပါပဲ။ Charlie အေနနဲ႔ Selena ကုိေၾကြေနတယ္ဆိုတာ တစ္တုိင္းတစ္ျပည္လံုးအသိျဖစ္ခဲ့ျပီး Selena ကေတာ့ Charlie ကုိ သိပ္ျပီးခ်စ္ခဲ့ပံုမေပၚဘူးဆိုတာ Attention နဲ႔ We Don’t Talk Anymore သီခ်င္းကသက္ေသပါပဲ။ Charlie ခမ်ာ သူ႔ fandom name ကုိေတာင္ Selena နဲ႔ fandom name Selenators နဲ႔ တူေအာင္ Puthenators လို႔ လိုက္ေပးမယ္္လို႔ေတာင္ကေလးအေတြးနဲ႔ေတြးခဲ့ဖူးျပီး ကလပ္တစ္ခုမွာေဖ်ာ္ေျဖေနရင္းနဲ႔ ခံစားခ်က္ေတြေပါက္ကြဲျပီး F U Justin Bieber လို႔ ဆဲခဲ့ဖူးတဲ့အထိေတာင္ Selena က သူ႔ကုိလႊမ္းမုိးထားနိုင္ခဲ့တာပါ။

Taylor Lautner

Taylor Lautner ဟာဆိုရင္ Twilight ထဲက နာမည္ၾကီးမင္းသားတစ္ဦးပါ။ ကမၻာတစ္ဝွမ္းက အမ်ိဳးသမီးေတြအသည္းစြဲတည္ၾကည္ေအးခ်မ္းတဲ့မင္းသားတစ္ေယာက္ဆိုရင္လည္းမမွားပါဘူး။ Taylor နဲ႔ Selena တု႔ိဟာ Vancouver မွာ ေတြ႔ဆံုခဲ့ၾကတာျဖစ္ျပီး Selena က Ramona and Beezus ရိုက္ကူးေနခ်ိန္၊ Taylor က Twilight: The new moon ကုိ ရိုက္ကူးေနခိ်န္မွာေတြ႕ဆံုခဲ့တာျဖစ္ပါတယ္။ သူတို႔နွစ္ဦးဟာ 2009 မွာ Selena က Justin နဲ႔ ခဏတာျပတ္စဲေနခ်ိန္အတြင္း လအနည္းငယ္တြဲခဲ့ၾကတာပါ။ Taylor Lautner က Selena ရဲ႕ အခ်စ္ဆံုးသူငယ္ခ်င္း Taylor Swift နဲ႔လည္းတြဲခဲ့ပါေသးတယ္။ Swift က Taylor ကုိ တကယ္ခ်စ္ခဲ့တာျဖစ္ျပီး သူတို႔ျပတ္စဲသြားခ်ိန္မွာ Back To December သီခ်င္းကို Taylor အတြက္ရည္ရြယ္ေရးသားခဲ့ပါေသးတယ္။

Nick Jonas

Nick Jonas နဲ႔ Selena ကေတာ့ေတာ္ေတာ္ေလးကို ငယ္တဲ့အရြယ္ Disney မွာ ကေလးသရုပ္ေဆာင္အျဖစ္လုပ္ေနစဥ္ကတည္းက တြဲခဲ့ဖူးၾကတာလုိ႔ေျပာလို႔ရပါတယ္။ သူတို႔နွစ္ဦးရဲ႕အခ်စ္ေရးဟာ လံုးဝကုိ လ်ိဳ႕ဝွက္လြန္းခဲ့ၾကတာမို႔ ဘယ္အခ်ိန္မွာတြဲျပီးဘယ္အခ်ိန္မွာျပတ္ခဲ့ၾကတာမွန္း Media ေတြေတာင္အတိအက်မသိခဲ့ၾကပါဘူး။ေသခ်ာတာကေတာ့ လြန္ခဲ့တဲ့ ဆယ္နွစ္ဝန္းက်င္ကတြဲခဲ့ဖူးတယ္ဆိုတာပါပဲ။ Selena ကေတာ့ Nick နဲ႔ အခ်စ္ေရးဟာ ငယ္ရြယ္ျပီးအျပစ္ကင္းတဲ့အခ်စ္ျဖစ္ခဲ့တာမို႔ သိပ္ကုိ ခ်ိဳျမိန္ခဲ့တယ္လို႔ဆိုပါတယ္။ Nick က အခုအခ်ိန္မွာ Bollywood က နာမည္ၾကီးသရုပ္ေဆာင္ Priyanka Chopra နဲ႔ တြဲေနပါတယ္။

Orlando Bloom

Orlando Bloom က နာမည္ၾကီး မင္းသားတစ္ဦးျဖစ္သလို Katy Perry နဲ႔ တြဲလိုက္ျပတ္လုိက္နဲ႔ နွစ္အတန္ၾကာသံသရာလည္ေနသူတစ္ဦးပါ။ Orlando နဲ႔ Selena ဟာ သူတို႔ခ်စ္သူေတြနဲ႔ေခတၱခဏျပတ္စဲေနစဥ္ ကလပ္တစ္ခုမွာ တစ္စံုတစ္ရာျဖစ္ပ်က္ခဲ့ဖူးတာကို အမိအရရိုက္ယူထားလုိက္နုိင္တဲ့ Media ေတြရွိခဲ့ေပမယ့္ နွစ္ေယာက္စလံုးက ဝန္မခံခဲ့သလို Katy Perry က သူ႔ခ်စ္သူဘက္ကရပ္တည္ျပီး အဲဒါဟာ ေကာလဟလေတြသာျဖစ္ေၾကာင္း ရွင္းခဲ့ဖူးပါတယ္။

Zedd

Zedd က မ်က္လံုးလွလွေလးေတြရွိတဲ့ ရွရွား-ဂ်ာမန္ ကျပား သီခ်င္းေရးဆရာေလးျဖစ္ပါတယ္။ Zedd ဟာ အမ်ိဳးမ်ိုဳးေသာတူရိယာေတြကိုကြ်မ္းက်င္စြာတီးခတ္နုိင္သူလည္းျဖစ္ပါတယ္။ Selena ဟာ Justin နဲ႔ ျပတ္ေနစဥ္ခဏမွာ Zedd နဲ႔ လ်ိဳ႕ဝွက္စြာတြဲေနခဲ့တယ္လို႔သတင္းေတြထြက္လာေပမယ့္ သူတို႔နွစ္ဦးလံုးက သတင္းေတြကုိ အတည္ျပဳခဲ့ဲျခင္းမရွိပါဘူး။Zedd က ေရးေပးထားတဲ့ Selena ရဲ႕သီခ်င္း I want you to know ထြက္လာခ်ိန္မွာေတာ့ ပရိသတ္ေတြကသူတို႔နွစ္ဦးတြဲေနၾကမွန္း ေတာ္ေတာ္မ်ားမ်ားရိပ္မိသြားခဲ့ပါတယ္။ Selena ဟာလည္း Zedd နဲ႔ ခဏတာသာတြဲျပီး ျပတ္စဲသြားျပန္တာပါပဲ။

Mark Salling

Selena တြဲတဲ့အမ်ိဳးေကာင္းသားေလးေတြရဲ႕တူညီတဲ့အခ်က္ကေတာ့ အကုန္လံုးကေခ်ာတာတင္မဟုတ္ အရည္အခ်င္းလည္းရွိၾကသူေတြခ်ည္းပါပဲ။ Mark Salling က သရုပ္ေဆာင္မင္းသား၊အဆိုေတာ္နဲ႔သီခ်င္းေရးဆရာျဖစ္ပါတယ္။ ဒီလုိအရည္အခ်င္းေတြစံုလင္တဲ့သူကို Selena ေၾကြတာဟာလည္း အဆိုးေတာ့မဆိုသာပါဘူး။ Mark နဲ႔ Selena က 2010 Teen Choice Awards မွာ စတင္ေတြ႕ခဲ့တာျဖစ္ျပီး နွစ္ေယာက္သားမခြဲနုိင္မခြာရက္နုိင္ေအာင္ခ်စ္ခဲ့ၾကဖူးတာ ပရိသတ္ေတြအသိပါပဲ။

Nail Horan

Nail ကေတာ့ အားလံုးနဲ႔ရင္းနွီးျပီးသားျဖစ္တဲ့ One Direction ထဲက အဖြဲ႔ဝင္တစ္ဦးပါ။ Selena ဟာ One Direction ထဲက Zayn ကုိေရာ Nail ကိုပါေၾကြခဲ့တာျဖစ္ေပမယ့္ သိၾကတဲ့အတိုင္း Zayn က Pierre Edward နဲ႔ GiGi Hadid နဲ႔တင္မအားတာျဖစ္ေလေတာ့ Selena က Nail နဲ႔ပဲတြဲခဲ့တာျဖစ္ပံုေပၚပါတယ္။ Nail ကုိေတာ့ Selena က တကယ္ခ်စ္ခဲ့ဖူးပံုပါပဲ။ X factor finale မွာ Nail က အရွက္ကြဲမလိုျဖစ္ေနတုန္း စင္ေပၚကုိ Selena တက္လာျပီးကယ္တင္ခဲ့ဖူးတာကလည္း ပရိသတ္ေတြၾကား အမွတ္တရပါပဲ။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးလည္း Selena ရဲ႕ညိဳ႕စက္ကြင္းထဲ အစင္းသားမိဖူးတဲ့ ဘဲအလန္းေလးေတြကို သိရျပီမို႔ေက်နပ္လိမ့္မယ္ထင္ပါတယ္။ Selena ဟာလည္း ေခသူမဟုတ္၊ ခ်စ္သူငယ္ခ်င္း Taylor Swift ေျခလွမ္းကို အမီလိုက္သူလို႔ ေျပာရမွာပါ။ Selena တစ္ေယာက္ Justin သာ လက္ထပ္သြားရင္ ဘယ္သူေတြနဲ႔ဆက္တြဲလို႔ စခန္းသြားဦးမလဲဆိုတာေတာ့ေစာင့္ၾကည့္ရဦးမွာပါ။ ပရိသတ္ေတြကေတာ့ Selena ကုိ ျဗိတိန္မင္းသားေလးနဲ႔ေပ်ာ္ေနတဲ့ Taylor လို တည္ျငိမ္ေစခ်င္ေနၾကပါျပီ။

San Wadi Hnin(Can’t Wait To Say)

Unicode

လောလောဆယ်လတ်တလောမှာ Justin Bieber ရဲ့ စေ့စပ်ပွဲသတင်းကြောင့် မျက်ဝန်းတွေဖောင်းမို့အစ်ပြီး ကံဆိုးသူလေးပမာ ကူကယ်ရာမဲ့အသည်းကွဲနေပုံပေါ်တဲ့ Selena Gomez လေးရဲ့ အချစ်ရေးကံကြမ္မာဟာ ဆိုးတယ်လို့ပြောရမလား ကောင်းတယ်လို့ပြောရမလား ပြောရခက်ခက်ကြီးပါပဲ။ ဘာကြောင့်လဲဆိုတော့ Selena ဟာ ချောပေ့မိုက်ပေ့ဆိုတဲ့ မင်းသားတွေအဆိုတော်တွေ၊သီချင်းရေးဆရာတွေရဲ့ တသသစွဲလမ်းချစ်မြတ်နိုးမှုကိုခံခဲ့ရတာကြောင့်ပါ။ ဒါ့အပြင် Justin Bieber ကလည်း Selena မှ Selena တစ်သက်လုံးစွဲလမ်းချစ်ခဲ့ဖူးပြီး အခုထိ Selena ကို မေ့လို့မရသေးလို့ လက်က တက်တူးကိုတောင်မဖျက်ရသေးဘူးမဟုတ်လား။ ဒီနေ့မှာတော့ ပြောချင်လွန်းလို့ရဲ့ပရိသတ်ကြီးကို Selena Gomez တွဲခဲ့ဖူးတဲ့ ရည်းစားအချောလေးတွေကိုပြောပြပေးသွားပါမယ်။

Justin Bieber

Justin အကြောင်းကတော့ အထူးအထွေပြောနေစရာမလိုဘူးလို့ထင်ပါတယ်။ တကယ်တမ်းမှာ Selena ရဲ့ အမြဲတမ်းချစ်သူဟာ Justin ပဲလို့ပြောရလောက်အောင်ကို Selena က ဘယ်သူနဲ့ပဲတွဲတွဲနောက်ဆုံး Justin ရဲ့ ရင်ခွင်ထဲကိုပဲအမြဲလိုလိုပြန်ရောက်လာလေ့ရှိခဲ့တာပါ။ အကြောင်းကြောင်းတွေကြောင့်လက်ရှိမှာလမ်းခွဲလိုက်ကြပြီး Justin ကလည်း Hailey Baldwin နဲ့ စေ့စပ်လိုက်ပြီဆိုပေမယ့်လည်းပေါ့။ သူတို့နှစ်ယောက်ကတစ်ယောက်အတွက်တစ်ယောက် ဖျောက်ဖျက်မရနိုင်တဲ့အမှတ်တရပါပဲ။

The Weekend

The Weekend က ကမ္ဘာပေါ်မှာ အကောင်းဆုံး rapper တွေထဲကတစ်ဦးဖြစ်သလို Grammy ဆုရထားသူလည်းဖြစ်ပါတယ်။ Justin Bieber ပြီးရင် Selena ကို အချစ်နိုင်ဆုံးလူသားဆိုရင်လည်းမှားမယ်မထင်ပါဘူး။ သူတို့နှစ်ဦးဟာ 2017 January မှာစတွဲခဲ့ကြပြီး လအနည်းငယ်သာခံကာ ပြတ်စဲခဲဲ့ကြပါတယ်။ဒါပေမယ့် Selena က သူ့ုကိုလမ်းခွဲလိုက်ချိန်မှာ The Weekend ကြီးက တော်တော်လေးအသည်းကွဲဲခံစားခဲ့ရပုံပေါ်ပါတယ်။ Selena နဲ့ ပြတ်စဲပြီးနောက်ပိုင်းမှ ထွက်လာတဲ့ သူ့ရဲ့ Call Out My Name ဆိုတဲ့သီချင်းမှာ “I almost cut a piece of myself for your life””ဆိုပြီး Selena သာလိုအပ်ခဲ့ရင် သူ့ကျောက်ကပ်ကိုပေးလှူချင်ကြောင်းရေးသားထားခဲ့ပါသေးတယ်။ ဒါပေမယ့် Justin ကလည်း Selena ကို ကျောက်ကပ်ပေးချင်ကြောင်းပြောခဲ့ဖူးတာပါပဲ။ ကံကောင်းလှတဲ့ Selena လေးရယ်ပါ။

Charlie Puth

Charlie Puth ကတော့ သိပ်မကြာသေးခင်က Justin နဲ့ ပြန်တွဲမလိုလိုမတွဲတော့ဘူးလိုလိုဖြစ်နေတဲ့အချိန်မှာ Charlie နဲ့ အတူတူသီချင်းတွဲလုပ်ရင်း လူငယ်လေး Charlie ဟာ Selena ကို ချစ်မိသွားခဲ့ပုံပါပဲ။ Charlie အနေနဲ့ Selena ကိုကြွေနေတယ်ဆိုတာ တစ်တိုင်းတစ်ပြည်လုံးအသိဖြစ်ခဲ့ပြီး Selena ကတော့ Charlie ကို သိပ်ပြီးချစ်ခဲ့ပုံမပေါ်ဘူးဆိုတာ Attention နဲ့ We Don’t Talk Anymore သီချင်းကသက်သေပါပဲ။ Charlie ခမျာ သူ့ fandom name ကိုတောင် Selena နဲ့ fandom name Selenators နဲ့ တူအောင် Puthenators လို့ လိုက်ပေးမယ််လို့တောင်ကလေးအတွေးနဲ့တွေးခဲ့ဖူးပြီး ကလပ်တစ်ခုမှာဖျော်ဖြေနေရင်းနဲ့ ခံစားချက်တွေပေါက်ကွဲပြီး F U Justin Bieber လို့ ဆဲခဲ့ဖူးတဲ့အထိတောင် Selena က သူ့ကိုလွှမ်းမိုးထားနိုင်ခဲ့တာပါ။

Taylor Lautner

Taylor Lautner ဟာဆိုရင် Twilight ထဲက နာမည်ကြီးမင်းသားတစ်ဦးပါ။ ကမ္ဘာတစ်ဝှမ်းက အမျိုးသမီးတွေအသည်းစွဲတည်ကြည်အေးချမ်းတဲ့မင်းသားတစ်ယောက်ဆိုရင်လည်းမမှားပါဘူး။ Taylor နဲ့ Selena တို့ဟာ Vancouver မှာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး Selena က Ramona and Beezus ရိုက်ကူးနေချိန်၊ Taylor က Twilight: The new moon ကို ရိုက်ကူးနေချိန်မှာတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ 2009 မှာ Selena က Justin နဲ့ ခဏတာပြတ်စဲနေချိန်အတွင်း လအနည်းငယ်တွဲခဲ့ကြတာပါ။ Taylor Lautner က Selena ရဲ့ အချစ်ဆုံးသူငယ်ချင်း Taylor Swift နဲ့လည်းတွဲခဲ့ပါသေးတယ်။ Swift က Taylor ကို တကယ်ချစ်ခဲ့တာဖြစ်ပြီး သူတို့ပြတ်စဲသွားချိန်မှာ Back To December သီချင်းကို Taylor အတွက်ရည်ရွယ်ရေးသားခဲ့ပါသေးတယ်။

Nick Jonas

Nick Jonas နဲ့ Selena ကတော့တော်တော်လေးကို ငယ်တဲ့အရွယ် Disney မှာ ကလေးသရုပ်ဆောင်အဖြစ်လုပ်နေစဉ်ကတည်းက တွဲခဲ့ဖူးကြတာလို့ပြောလို့ရပါတယ်။ သူတို့နှစ်ဦးရဲ့အချစ်ရေးဟာ လုံးဝကို လျို့ဝှက်လွန်းခဲ့ကြတာမို့ ဘယ်အချိန်မှာတွဲပြီးဘယ်အချိန်မှာပြတ်ခဲ့ကြတာမှန်း Media တွေတောင်အတိအကျမသိခဲ့ကြပါဘူး။သေချာတာကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်ဝန်းကျင်ကတွဲခဲ့ဖူးတယ်ဆိုတာပါပဲ။ Selena ကတော့ Nick နဲ့ အချစ်ရေးဟာ ငယ်ရွယ်ပြီးအပြစ်ကင်းတဲ့အချစ်ဖြစ်ခဲ့တာမို့ သိပ်ကို ချိုမြိန်ခဲ့တယ်လို့ဆိုပါတယ်။ Nick က အခုအချိန်မှာ Bollywood က နာမည်ကြီးသရုပ်ဆောင် Priyanka Chopra နဲ့ တွဲနေပါတယ်။

Orlando Bloom

Orlando Bloom က နာမည်ကြီး မင်းသားတစ်ဦးဖြစ်သလို Katy Perry နဲ့ တွဲလိုက်ပြတ်လိုက်နဲ့ နှစ်အတန်ကြာသံသရာလည်နေသူတစ်ဦးပါ။ Orlando နဲ့ Selena ဟာ သူတို့ချစ်သူတွေနဲ့ခေတ္တခဏပြတ်စဲနေစဉ် ကလပ်တစ်ခုမှာ တစ်စုံတစ်ရာဖြစ်ပျက်ခဲ့ဖူးတာကို အမိအရရိုက်ယူထားလိုက်နိုင်တဲ့ Media တွေရှိခဲ့ပေမယ့် နှစ်ယောက်စလုံးက ဝန်မခံခဲ့သလို Katy Perry က သူ့ချစ်သူဘက်ကရပ်တည်ပြီး အဲဒါဟာ ကောလဟလတွေသာဖြစ်ကြောင်း ရှင်းခဲ့ဖူးပါတယ်။

Zedd

Zedd က မျက်လုံးလှလှလေးတွေရှိတဲ့ ရှရှား-ဂျာမန် ကပြား သီချင်းရေးဆရာလေးဖြစ်ပါတယ်။ Zedd ဟာ အမျိုးမျိုုးသောတူရိယာတွေကိုကျွမ်းကျင်စွာတီးခတ်နိုင်သူလည်းဖြစ်ပါတယ်။ Selena ဟာ Justin နဲ့ ပြတ်နေစဉ်ခဏမှာ Zedd နဲ့ လျို့ဝှက်စွာတွဲနေခဲ့တယ်လို့သတင်းတွေထွက်လာပေမယ့် သူတို့နှစ်ဦးလုံးက သတင်းတွေကို အတည်ပြုခဲဲ့ခြင်းမရှိပါဘူး။Zedd က ရေးပေးထားတဲ့ Selena ရဲ့သီချင်း I want you to know ထွက်လာချိန်မှာတော့ ပရိသတ်တွေကသူတို့နှစ်ဦးတွဲနေကြမှန်း တော်တော်များများရိပ်မိသွားခဲ့ပါတယ်။ Selena ဟာလည်း Zedd နဲ့ ခဏတာသာတွဲပြီး ပြတ်စဲသွားပြန်တာပါပဲ။

Mark Salling

Selena တွဲတဲ့အမျိုးကောင်းသားလေးတွေရဲ့တူညီတဲ့အချက်ကတော့ အကုန်လုံးကချောတာတင်မဟုတ် အရည်အချင်းလည်းရှိကြသူတွေချည်းပါပဲ။ Mark Salling က သရုပ်ဆောင်မင်းသား၊အဆိုတော်နဲ့သီချင်းရေးဆရာဖြစ်ပါတယ်။ ဒီလိုအရည်အချင်းတွေစုံလင်တဲ့သူကို Selena ကြွေတာဟာလည်း အဆိုးတော့မဆိုသာပါဘူး။ Mark နဲ့ Selena က 2010 Teen Choice Awards မှာ စတင်တွေ့ခဲ့တာဖြစ်ပြီး နှစ်ယောက်သားမခွဲနိုင်မခွာရက်နိုင်အောင်ချစ်ခဲ့ကြဖူးတာ ပရိသတ်တွေအသိပါပဲ။

Nail Horan

Nail ကတော့ အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ One Direction ထဲက အဖွဲ့ဝင်တစ်ဦးပါ။ Selena ဟာ One Direction ထဲက Zayn ကိုရော Nail ကိုပါကြွေခဲ့တာဖြစ်ပေမယ့် သိကြတဲ့အတိုင်း Zayn က Pierre Edward နဲ့ GiGi Hadid နဲ့တင်မအားတာဖြစ်လေတော့ Selena က Nail နဲ့ပဲတွဲခဲ့တာဖြစ်ပုံပေါ်ပါတယ်။ Nail ကိုတော့ Selena က တကယ်ချစ်ခဲ့ဖူးပုံပါပဲ။ X factor finale မှာ Nail က အရှက်ကွဲမလိုဖြစ်နေတုန်း စင်ပေါ်ကို Selena တက်လာပြီးကယ်တင်ခဲ့ဖူးတာကလည်း ပရိသတ်တွေကြား အမှတ်တရပါပဲ။

ပြောချင်လွန်းလို့ပရိသတ်ကြီးလည်း Selena ရဲ့ညို့စက်ကွင်းထဲ အစင်းသားမိဖူးတဲ့ ဘဲအလန်းလေးတွေကို သိရပြီမို့ကျေနပ်လိမ့်မယ်ထင်ပါတယ်။ Selena ဟာလည်း ခေသူမဟုတ်၊ ချစ်သူငယ်ချင်း Taylor Swift ခြေလှမ်းကို အမီလိုက်သူလို့ ပြောရမှာပါ။ Selena တစ်ယောက် Justin သာ လက်ထပ်သွားရင် ဘယ်သူတွေနဲ့ဆက်တွဲလို့ စခန်းသွားဦးမလဲဆိုတာတော့စောင့်ကြည့်ရဦးမှာပါ။ ပရိသတ်တွေကတော့ Selena ကို ဗြိတိန်မင်းသားလေးနဲ့ပျော်နေတဲ့ Taylor လို တည်ငြိမ်စေချင်နေကြပါပြီ။

San Wadi Hnin(Can’t Wait To Say)

Loading...
Show More

Related Articles

Back to top button
Close