နာမည္ႀကီးပုဂၢိဳလ္မ်ား

ပရိသတ္တစ္ေယာက္ရဲ႕ လက္ေဆာင္ေၾကာင့္ ဝမ္းသာမ်က္ရည္က်ခဲ့ရတဲ့ ပိုးအိအိခန႔္

ခ်စ္ရတဲ့ ညီမေလး တစ္ေယာက္ေပးတဲ့ ေမြးေန႔လက္ေဆာင္ေၾကာင့္ သူမမွာ ေတာ္ေတာ္ေပ်ာ္ခဲ့ရသလို မ်က္ရည္ေလးလည္း ဝဲမိပါတယ္တဲ့။ ဒီေန႔က ပိုးအိအိခန႔္ရဲ႕ ေမြးေန႔ပါ။ဒီေန႔(ဧၿပီ၇ရက္)က သ႐ုပ္ေဆာင္ ပိုးအိအိခန႔္ရဲ႕ ေမြးေန႔ပါ။ သူမရဲ႕ ေမြးေန႔မွာ ညီမေလးလို ခ်စ္ရတဲ့ ပရိသတ္တစ္ဦးရဲ႕ ေမြးေန႔လက္ေဆာင္ေၾကာင့္ ေပ်ာ္လို႔ေနပါတယ္။ ပိုးအိအိခန႔္အတြက္ ေမြးေန႔လက္ေဆာင္အေနနဲ႔ ဒီေန႔မွာ ေမြးေန႔အလႉေလး ျပဳလုပ္ေပးတာ ျဖစ္တယ္လို႔ သိရပါတယ္။ဒါေပမဲ့လည္း ပိုးအိအိခန႔္အေနနဲ႔ အေဝးေရာက္ေနတာျဖစ္လို႔ ေမြးေန႔ပြဲေလးကို မလာႏိုင္တဲ့အတြက္ စိတ္မေကာင္းျဖစ္လို႔ေနပါတယ္။

“ဒီေမြးေန႔ လက္ေဆာင္ေလးကို ျမင္လိုက္ေတာ့ အရမ္းေက်းဇူးတင္သလို ဝမ္းသာမ်က္ရည္ေလးလည္း ဝဲမိပါတယ္ အမခ်စ္တဲ့ညီမေလး။အမ ေမြးေန႔မွာ သမီးဘာေပးရမလဲ မသိဘူးတဲ့ သမီးေပးႏိုင္တဲ့လက္ေဆာင္ကလည္း အမမွာရွိတဲ့ပစၥည္းေတြထက္မေကာင္းႏိုင္ဘူးတဲ့။

အဲ့ဒါေၾကာင့္ သူ တရားစခန္းဝင္ေနတဲ့ေက်ာင္းေလးမွာ အမ ေမြးေန႔ရက္ေလးရေအာင္ေျပာၿပီး အမနဲ႔ကိုႀကီးတို႔နာမည္ေလးနဲ႔ ရတဲ့မုန႔္ဖိုးေလးစုၿပီး အခ်ိဳပြဲေလး လႉေပးတဲ့ စာေလးအျဖစ္ အမကို surprise လုပ္တယ္ ေသခ်ာတာတစ္ခုက ဒီလက္ေဆာင္ထက္ေကာင္းတဲ့လက္ေဆာင္မရွိပါဘူးညီမေလးရယ္။ အမ အရမ္းလည္းေပ်ာ္သလို အမမွာ ညီမေလးအရင္းေလးတစ္ေယာက္ရွိသလိုခံစားရလို႔လည္း ေက်းဇူးတင္ပါတယ္။

အမ အေဝးေရာက္ေနလို႔ ညီမေလးလႉေပးတဲ့အလႉေလးမလာေပးႏိုင္တာ စိတ္မေကာင္းဘူးညီမေလးရယ္” ဆိုၿပီး ဧၿပီ(၆) ရက္ေန႔က ပိုးအိအိခန႔္ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားတာပါ။ဒါေပမဲ့လည္း သူမအတြက္ ဒီေမြးေန႔လက္ေဆာင္ေလးက ဘဝမွာ အမွတ္တရအျဖစ္ဆုံး ေမြးေန႔လက္ေဆာင္ေလး တစ္ခုျဖစ္တယ္လို႔ ဆိုပါတယ္။ပိုးအိအိခန႔္ဟာ လက္ရွိမွာ သူမဝါသနာပါတဲ့အႏုပညာအလုပ္ေတြ ဆက္လုပ္ေနၿပီး ခင္ပြန္းအတြက္ ဇနီးေကာင္းတစ္ေယာက္ျဖစ္ေအာင္ ႀကိဳးစားေနသူေလး ျဖစ္ပါတယ္။

ေအာင္သူနဲ႔ ပိုးအိအိခန႔္တို႔ဟာ လက္ထပ္ထားတာ (၉)လၾကာၿပီးမွာ မဂၤလာပြဲကို ျပဳလုပ္က်င္းပခဲ့တာ ျဖစ္ပါတယ္။ဒီမဂၤလာပြဲကိုေတာ့ မတ္လ ၂၆ ရက္ေန႔ ညေနပိုင္းက ရန္ကုန္ျပည္သူ႔ရင္ျပင္အတြင္းက Western Park မွာ ျပဳလုပ္ခဲ့တာပါ။ တစ္ေယာက္နဲ႔ တစ္ေယာက္ မခြဲႏိုင္တာ သိလို႔ ႏွစ္ဦးသေဘာတူ လက္ထပ္ထားခဲ့ၾကတာ ျဖစ္ၿပီး ႏွစ္ေယာက္စလုံး အလုပ္ေတြ အားတဲ့အခ်ိန္မွ ယခုလို မဂၤလာပြဲ ျပဳလုပ္ခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။ သူတို႔ႏွစ္ဦးရဲ႕ မဂၤလာပြဲပုံရိပ္ေလးေတြ ၾကည့္ၿပီး ပရိသတ္ေတြလည္း ၾကည္ႏူးေနၾကပါတယ္။ ပိုးအိအိခန႔္ဟာ ပညာေရးနဲ႔ ပတ္သက္ၿပီး ဥပေဒ(မဟာ)ဘြဲ႕ ရရွိထားသူျဖစ္ပါတယ္။

ပိုးအိအိခန႔္ကိုေတာ့ ဗီဒီယို ဇာတ္ကားေတြကေနတဆင့္ ပရိသတ္ေတြ အားေပးခဲ့ၾကတာပါ။ သူမဟာ မၾကာေသးခင္က ဒါ႐ိုက္တာ ဇမၺဴထြန္းသက္လြင္႐ိုက္ကူးတဲ့ ‘’တုႏႈိင္းမဲ့ ေမတၱာ’’ ဆိုတဲ့ ႐ုပ္သံဇာတ္လမ္းတြဲကိုလည္း သ႐ုပ္ေဆာင္ ေနေဒြး၊ အိစိေကြး၊ စိုးမိုးၾကည္၊ ခိုင္ႏွင္းေဝတို႔အျပင္ ေနာက္ထပ္ သ႐ုပ္ေဆာင္မ်ားစြာနဲ႔အတူ ပါဝင္႐ိုက္ကူးခဲ့ပါေသးတယ္။

CRD_duwun

Unicode

ပရိသတ်တစ်ယောက်ရဲ့ လက်ဆောင်ကြောင့် ဝမ်းသာမျက်ရည်ကျခဲ့ရတဲ့ ပိုးအိအိခန့်
ချစ်ရတဲ့ ညီမလေး တစ်ယောက်ပေးတဲ့ မွေးနေ့လက်ဆောင်ကြောင့် သူမမှာ တော်တော်ပျော်ခဲ့ရသလို မျက်ရည်လေးလည်း ဝဲမိပါတယ်တဲ့။ ဒီနေ့က ပိုးအိအိခန့်ရဲ့ မွေးနေ့ပါ။ဒီနေ့(ဧပြီ၇ရက်)က သရုပ်ဆောင် ပိုးအိအိခန့်ရဲ့ မွေးနေ့ပါ။ သူမရဲ့ မွေးနေ့မှာ ညီမလေးလို ချစ်ရတဲ့ ပရိသတ်တစ်ဦးရဲ့ မွေးနေ့လက်ဆောင်ကြောင့် ပျော်လို့နေပါတယ်။ ပိုးအိအိခန့်အတွက် မွေးနေ့လက်ဆောင်အနေနဲ့ ဒီနေ့မှာ မွေးနေ့အလှူလေး ပြုလုပ်ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။ဒါပေမဲ့လည်း ပိုးအိအိခန့်အနေနဲ့ အဝေးရောက်နေတာဖြစ်လို့ မွေးနေ့ပွဲလေးကို မလာနိုင်တဲ့အတွက် စိတ်မကောင်းဖြစ်လို့နေပါတယ်။

“ဒီမွေးနေ့ လက်ဆောင်လေးကို မြင်လိုက်တော့ အရမ်းကျေးဇူးတင်သလို ဝမ်းသာမျက်ရည်လေးလည်း ဝဲမိပါတယ် အမချစ်တဲ့ညီမလေး။အမ မွေးနေ့မှာ သမီးဘာပေးရမလဲ မသိဘူးတဲ့ သမီးပေးနိုင်တဲ့လက်ဆောင်ကလည်း အမမှာရှိတဲ့ပစ္စည်းတွေထက်မကောင်းနိုင်ဘူးတဲ့။

အဲ့ဒါကြောင့် သူ တရားစခန်းဝင်နေတဲ့ကျောင်းလေးမှာ အမ မွေးနေ့ရက်လေးရအောင်ပြောပြီး အမနဲ့ကိုကြီးတို့နာမည်လေးနဲ့ ရတဲ့မုန့်ဖိုးလေးစုပြီး အချိုပွဲလေး လှူပေးတဲ့ စာလေးအဖြစ် အမကို surprise လုပ်တယ် သေချာတာတစ်ခုက ဒီလက်ဆောင်ထက်ကောင်းတဲ့လက်ဆောင်မရှိပါဘူးညီမလေးရယ်။ အမ အရမ်းလည်းပျော်သလို အမမှာ ညီမလေးအရင်းလေးတစ်ယောက်ရှိသလိုခံစားရလို့လည်း ကျေးဇူးတင်ပါတယ်။

အမ အဝေးရောက်နေလို့ ညီမလေးလှူပေးတဲ့အလှူလေးမလာပေးနိုင်တာ စိတ်မကောင်းဘူးညီမလေးရယ်” ဆိုပြီး ဧပြီ(၆) ရက်နေ့က ပိုးအိအိခန့်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာပါ။ဒါပေမဲ့လည်း သူမအတွက် ဒီမွေးနေ့လက်ဆောင်လေးက ဘဝမှာ အမှတ်တရအဖြစ်ဆုံး မွေးနေ့လက်ဆောင်လေး တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ပိုးအိအိခန့်ဟာ လက်ရှိမှာ သူမဝါသနာပါတဲ့အနုပညာအလုပ်တွေ ဆက်လုပ်နေပြီး ခင်ပွန်းအတွက် ဇနီးကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေသူလေး ဖြစ်ပါတယ်။

အောင်သူနဲ့ ပိုးအိအိခန့်တို့ဟာ လက်ထပ်ထားတာ (၉)လကြာပြီးမှာ မင်္ဂလာပွဲကို ပြုလုပ်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ဒီမင်္ဂလာပွဲကိုတော့ မတ်လ ၂၆ ရက်နေ့ ညနေပိုင်းက ရန်ကုန်ပြည်သူ့ရင်ပြင်အတွင်းက Western Park မှာ ပြုလုပ်ခဲ့တာပါ။ တစ်ယောက်နဲ့ တစ်ယောက် မခွဲနိုင်တာ သိလို့ နှစ်ဦးသဘောတူ လက်ထပ်ထားခဲ့ကြတာ ဖြစ်ပြီး နှစ်ယောက်စလုံး အလုပ်တွေ အားတဲ့အချိန်မှ ယခုလို မင်္ဂလာပွဲ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲပုံရိပ်လေးတွေ ကြည့်ပြီး ပရိသတ်တွေလည်း ကြည်နူးနေကြပါတယ်။ ပိုးအိအိခန့်ဟာ ပညာရေးနဲ့ ပတ်သက်ပြီး ဥပဒေ(မဟာ)ဘွဲ့ ရရှိထားသူဖြစ်ပါတယ်။

ပိုးအိအိခန့်ကိုတော့ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာပါ။ သူမဟာ မကြာသေးခင်က ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်ရိုက်ကူးတဲ့ ‘’တုနှိုင်းမဲ့ မေတ္တာ’’ ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကိုလည်း သရုပ်ဆောင် နေဒွေး၊ အိစိကွေး၊ စိုးမိုးကြည်၊ ခိုင်နှင်းဝေတို့အပြင် နောက်ထပ် သရုပ်ဆောင်များစွာနဲ့အတူ ပါဝင်ရိုက်ကူးခဲ့ပါသေးတယ်။

Loading...
Show More

Related Articles

Back to top button
Close