နာမည်ကြီးပုဂ္ဂိုလ်များ

ဒူးရင်းသီးခွဲရောင်းပြီး မောလို့ခြေပစ်လက်ပစ်ထိုင်ချကာဖုန်းသုံးနေတဲ့ချစ်ဇနီးလေးကို ဆေးထိုးလိုက်တဲ့ နန္ဒာလှိုင်ရဲ့ခင်ပွန်း




Source:Nandar Hlaing

Unicode

ပရိသတ်ကြီးရေ အကယ်ဒမီနန္ဒာလှိုင်ကတော့ ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။နန္ဒာလှိုင်က တိုင်းရင်းသူလေးလည်းဖြစ်လို့ စိတ်သဘောထားဖြူစင်ရိုးသားပြီး အေးချမ်းတည်ငြိမ်တဲ့သူတစ်ယောက်ဖြစ်လို့ ပြီးပြည့်စုံတဲ့ အလှတရားကိုပိုင်ဆိုင်ထားသူပါ။နန္ဒာလှိုင်ရဲ့ သရုပ်ဆောင်ချက်အိုင်တင်တွေကလည်း ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်လို့ သူမရဲ့ ဇာတ်ကားတိုင်းကို ပရိသတ်တွေကအားပေးကြည့်ရှုကြပါတယ်။

နန္ဒာလှိုင်က အိမ်ထောင်ကျပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေကိုရပ်နားကာ မိသားစုအတွက်သာအချိန်ပေးခဲ့ပါတယ်။သူမနဲ့တူတဲ့ ချစ်စရာသမီးသုံးယောက်ကိုလည်း မွေးဖွားထားလို့ မိသားစုဘဝလေးကတော့ စိုစိုပြေပြေပါပဲနော်။နန္ဒာလှိုင်ရဲ့ ခင်ပွန်းကလည်း ဇနီးဖြစ်သူကို အရမ်းချစ်သလို သမီးတွေအပေါ်ကိုလည်း လိုလေသေးမရှိ စောင့်ရှောက်ပေးတဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပါ။နန္ဒာလှိုင်တို့ ဇနီးမောင်နှံက အလှူအတန်းတွေလည်း အကြီးအကျယ်လှူဒါန်းကြလို့ စိတ်ထားလေးကောင်းပြီး လိုက်ဖက်ညီတဲ့ စုံတွဲဖြစ်ပါတယ်။

နန္ဒာလှိုင်က အခုဆိုရင် အနုပညာအလုပ်တွေကို ရပ်နားလိုက်ပြီး စီးပွားရေးအလုပ်ကိုသာ အာရုံစိုက်ပြီးလုပ်ဆောင်နေပါတယ်။အခုဆိုရင် ဒူးရင်းသီးရာသီလည်းဖြစ်လို့ ပရိသတ်တွေရဲ့အချစ်တော် ရွှေမင်းသမီးလေးနန္ဒာလှိုင်ကတော့ ဒူးရင်းသီးတွေကို ကိုယ်တိုင်ခွဲကာ ရောင်းနေတာဖြစ်ပါတယ်။အလုပ်ဆို အကုန်လုပ်တတ်တဲ့သူဖြစ်လို့ အခုဆိုရင်လည်း နန္ဒာလှိုင် ဒူးရင်းသီးခွဲပြီး မောလို့ ခုံနားမှာတင် ခြေပစ်လက်ပစ်ထိုင်ချကာ ဖုန်းသုံးနေတဲ့ ချစ်ဇနီးလေးကို ခင်ပွန်းဖြစ်သူက ချစ်စနိုးလေးနဲ့ စနောက်လိုက်တဲ့ ပုံရိပ်လေးကို မျှဝေလိုက်ပါတယ်နော်။Source:Nandar Hlaing

Loading...
Show More

Related Articles

Back to top button
Close