မဟာမုနိဘုရားႀကီး ေရႊမိုက္ထုတ္ မီးလင္းေရႊ ၇ပိႆာ ၁၂က်ပ္သားေက်ာ္ရရွိ

မႏၲေလးၿမိဳ႕၊ မဟာမုနိဘုရားႀကီး၏ ၂၀၁၈-၂၀၁၉ခုႏွစ္အတြက္ ေရႊမိုက္ထုတ္ျခင္းလုပ္ငန္းေဆာင္ရြက္ခဲ႔ရာ မီးလင္းေရႊ အေလးခ်ိန္ ၇ပိႆ ာ ၁၂က်ပ္ ၄ပဲ ၄ေရြး တိတိ ကာလတန္ဖိုး က်ပ္သိန္းေပါင္း ၇၃၀၀ ေက်ာ္ခန္ ့ထုတ္ယူ ရရွိခဲ႔ေၾကာင္း သိရသည္။

ထိုသို႔ ေရႊမိုက္ထုတ္ျခင္းကို အစဥ္အဆက္ကုသိုလ္ျပဳ ခဲ႔ေသာ မိုက္သူႀကီး ဦးေမာင္ႀကီး၏ မ်ိဳးဆက္မ်ားျဖစ္သည့္ ဦးေအာင္မိုးႏွင့္ ညီအစ္ကိုမ်ားက လက္ဆင့္ကမ္းကာ မဟာမုနိဘုရား ဘ႑ာေတာ္အတြက္ ကုသိုလ္ျပဳေဆာင္ရြက္ျခင္းျဖစ္သည္။ ေရႊမိုက္လုပ္ငန္းမ်ားကို အခ်ိန္တစ္လေက်ာ္ၾကာ ေဆာင္ရြက္ခဲ႔ျခင္းျဖစ္သည္။

ေရႊမိုက္ထုတ္ရာတြင္ ေန႔စဥ္ ေရႊသကၤန္းကပ္လွဴၿပီးသည့္ ေရႊေလွာင္စကၠဴမ်ား၊ သစ္ေစးလံုး ဖိဂြမ္းမ်ား၊ အထက္ပလႅင္ ေရႊမွဳန္႔၊ ေအာက္ေျခ ေျမမွဳန္႔၊ လက္သုတ္ပဝါမ်ား၊ ပလႅင္အေပၚေအာက္ ေကာ္ေဇာမ်ား၊ ေကာက္ကရ ေရႊအေၾကမ်ား စသည့္ အတြင္းပစၥည္းမ်ားကို တစ္ႏွစ္ပတ္လံုး ေသခ်ာသိမ္းဆည္းထားၿပီး ထုတ္ယူျခင္းျဖစ္သည့္အျပင္

ေရႊမိုက္ထုတ္လုပ္ငန္းၿပီးဆံုးခါနီး၌ ေရႊမိုက္ထုတ္သည့္ အလုပ္႐ံု ေခါင္မိုး၊ နံရံမ်ားေပၚတြင္ မီးခိုးမွိဳင္းႏွင့္အတူ ကပ္ပါသြားသည့္ ၾကပ္ခိုးမ်ားမွလည္း ခက္ခက္ခဲခဲ အေသးစိတ္ မိုက္ထုတ္ခဲ႔ျခင္းျဖစ္ေၾကာင္း သိရသည္။

YaNaung( Ah Lin Nge ) Credit. TheMandalayNewsJournal

Unicode

မန္တလေးမြို့၊ မဟာမုနိဘုရားကြီး၏ ၂၀၁၈-၂၀၁၉ခုနှစ်အတွက် ရွှေမိုက်ထုတ်ခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ရာ မီးလင်းရွှေ အလေးချိန် ၇ပိဿ ာ ၁၂ကျပ် ၄ပဲ ၄ရွေး တိတိ ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၇၃၀ဝ ကျော်ခန် ့ထုတ်ယူ ရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ရွှေမိုက်ထုတ်ခြင်းကို အစဉ်အဆက်ကုသိုလ်ပြု ခဲ့သော မိုက်သူကြီး ဦးမောင်ကြီး၏ မျိုးဆက်များဖြစ်သည့် ဦးအောင်မိုးနှင့် ညီအစ်ကိုများက လက်ဆင့်ကမ်းကာ မဟာမုနိဘုရား ဘဏ္ဍာတော်အတွက် ကုသိုလ်ပြုဆောင်ရွက်ခြင်းဖြစ်သည်။ ရွှေမိုက်လုပ်ငန်းများကို အချိန်တစ်လကျော်ကြာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ရွှေမိုက်ထုတ်ရာတွင် နေ့စဉ် ရွှေသင်္ကန်းကပ်လှူပြီးသည့် ရွှေလှောင်စက္ကူများ၊ သစ်စေးလုံး ဖိဂွမ်းများ၊ အထက်ပလ္လင် ရွှေမှုန့်၊ အောက်ခြေ မြေမှုန့်၊ လက်သုတ်ပဝါများ၊ ပလ္လင်အပေါ်အောက် ကော်ဇောများ၊ ကောက်ကရ ရွှေအကြေများ စသည့် အတွင်းပစ္စည်းများကို တစ်နှစ်ပတ်လုံး သေချာသိမ်းဆည်းထားပြီး ထုတ်ယူခြင်းဖြစ်သည့်အပြင်

ရွှေမိုက်ထုတ်လုပ်ငန်းပြီးဆုံးခါနီး၌ ရွှေမိုက်ထုတ်သည့် အလုပ်ရုံ ခေါင်မိုး၊ နံရံများပေါ်တွင် မီးခိုးမှိုင်းနှင့်အတူ ကပ်ပါသွားသည့် ကြပ်ခိုးများမှလည်း ခက်ခက်ခဲခဲ အသေးစိတ် မိုက်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

YaNaung( Ah Lin Nge ) Credit. TheMandalayNewsJournal