ေလးေလာင္းျပိဳင္လူသတ္မႈတရားခံ ရုတ္တရက္ ေသဆံုးရျခင္းအေၾကာင္း

ေတာင္ႀကီးျမိဳ႕တြင္ျဖစ္ပြားခဲ႕ေသာ ေလးေလာင္းျပိဳင္လူသတ္မႈ၏ အဓိက တရားခံအျဖစ္စစ္ေဆးဖမ္းဆီးခံထားရေသာ ဦးတင္အုန္းသည္ ေမလ၄ရက္ေန႕လည္ ၁၂နာရီခန္႕က က်န္းမာေရးအေျခအေနေၾကာင့္ စဝ္စံထြန္းေဆးရံုသို႕ ပို႕ေဆာင္စဥ္ ေသဆံုးသြားေၾကာင္း လံုျခံဳေရးတပ္ဖြဲ႕ဝင္တစ္ဦးထံမွသိရသည္။

” က်န္းမာေရးက သူ႔မွာ ဆီးခ်ိဳ ရွိတယ္။ ေဂါက္ရွိတယ္လို႕သိရတယ္။ အခ်ဳပ္မွာ က်န္းမာေရးေဖာက္လာလို႕ ေဆးရံုပို႕တာ ေဆးရံုေရာက္ခ်ိန္မွာ ေသဆံုးတယ္လို႕ပဲသိရေသးတယ္။ အေသးစိတ္ကို ညေနေလာက္မွထုတ္ျပန္ပါလိမ့္မယ္” ဟု ၎ကေျပာသည္။

လက္ရွိအခ်ိန္တြင္ ဦးတင္အုန္းႏွင့္အတူ ပူးေပါင္း၍ျပစ္မႈက်ဴးလြန္သူ တစ္ဦး လြတ္ေျမာက္ေနစဲျဖစ္ေၾကာင္း သိရသည္။သံလြင္ေသြးခ်င္း

ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမဳိ႕၊ ကံသာရပ္ကြက္၌ ဧၿပီလ ၂၈ ရက္က ျဖစ္ပြားခဲ့သည့္ ေလးေလာင္းၿပဳိင္ လူသတ္မႈအား က်ဴးလြန္သူ တင္အုန္းသည္ ယေန႔ ေမလ ၄ ရက္၊ ေန႔လယ္ပိုင္းတြင္ ေသဆံုးသြားခဲ့ေၾကာင္း သိရသည္။
.
” စစ္ေဆးေမးျမန္းရင္းနဲ႔ ေသဆံုးသြားတာ မဟုတ္ပါဘူး။ က်န္းမာေရး မေကာင္းလို႔ ေဆးရံုတင္ထားရင္းနဲ႔ ေသဆံုးသြားတာပါ။ အရင္ကတည္းကလည္း ေဆးရံု ၂ ခါ တင္ထားၿပီးသားပါ” ဟု ရွမ္းျပည္နယ္ ရဲတပ္ဖြဲ႕မွဴး႐ံုးမွ ေျပာေရးဆိုခြင့္ရွိသူ ဒုရဲမွဴးႀကီး စန္းဝင္းက ကေမ႓ာဇတိုင္းသို႔ ေျေျေျပာၾကားခဲ့သည္။


.
အဆိုပါ ေလးေလာင္းၿပဳိင္ လူသတ္မႈႏွင့္ ပတ္သက္၍ ေတာင္ႀကီးၿမိဳ႕မရဲစခန္းတြင္ (ပ)၇၉၃/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၂၀/၃၉၄ အမႈျဖင့္ ဖမ္းဆီးထားသည့္ တင္အုန္း (ခ) အိုက္အုန္း၊ ၆၂ ႏွစ္၊ ဗုဒၶျမင္ကြင္းေက်းရြာ၊ ေက်ာက္မဲၿမဳိ႕နယ္ ေနသူသည္ ေမလ ၄ ရက္၊ ၁၁ နာရီေက်ာ္ခန္႔တြင္ ရုတ္တရက္ အသက္ရႈၾကပ္ကာ အေၾကာတက္၍

သတိလစ္ေမ့ေျမာသြားျခင္းေၾကာင့္ ေတာင္ႀကီးၿမဳိ႕၊ စဝ္စံထြန္းေဆးရံုသို႔ ပို႔ေဆာင္၍ ေဆးကုသံမႈခံယူရန္ စမ္းသပ္ စစ္ေဆးမႈမ်ား ျပဳလုပ္ေနစဥ္ ေသဆံုးသြားခဲ့ျခင္း ျဖစ္ေၾကာင္း ရဲမွတ္တမ္းမ်ားအရ သိရသည္။
.
ေသဆံုးသူ တင္အုန္း(ခ) အိုက္အုံးသည္ စိုင္းေဆမြန္း (၂၇)ႏွစ္၊ နန္းခမ္းလိႈင္ (၂၃)ႏွစ္၊ ေမာင္ဖဖ (၇)လ၊ မေအးမိုး (၁၇) ႏွစ္တို႔အား အျခားသူမ်ား(ဖမ္းဆီးရမိျခင္း မရွိေသး)ႏွင့္အတူ ပူးေပါင္း၍ သတ္ျဖတ္ကာ ေရႊထည္ႏွင့္ ေငြသားမ်ားအား ယူေဆာင္ခဲ့ျခင္း ျဖစ္ၿပီး ဧၿပီလ ၂၉ ရက္တြင္ ေက်ာက္မဲၿမိဳ႕နယ္ရွိ ၄င္း၏ ေနအိမ္၌ ရဲတပ္ဖဲြ႕က ဖမ္းဆီးႏိုင္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။ကေမၻာဇတိုင္း

Unicode

လေးလောင်းပြိုင်လူသတ်မှုတရားခံ ရုတ်တရက် သေဆုံးရခြင်းအကြောင်း

တောင်ကြီးမြို့တွင်ဖြစ်ပွားခဲ့သော လေးလောင်းပြိုင်လူသတ်မှု၏ အဓိက တရားခံအဖြစ်စစ်ဆေးဖမ်းဆီးခံထားရသော ဦးတင်အုန်းသည် မေလ၄ရက်နေ့လည် ၁၂နာရီခန့်က ကျန်းမာရေးအခြေအနေကြောင့် စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးသွားကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးထံမှသိရသည်။

” ကျန်းမာရေးက သူ့မှာ ဆီးချို ရှိတယ်။ ဂေါက်ရှိတယ်လို့သိရတယ်။ အချုပ်မှာ ကျန်းမာရေးဖောက်လာလို့ ဆေးရုံပို့တာ ဆေးရုံရောက်ချိန်မှာ သေဆုံးတယ်လို့ပဲသိရသေးတယ်။ အသေးစိတ်ကို ညနေလောက်မှထုတ်ပြန်ပါလိမ့်မယ်” ဟု ၎င်းကပြောသည်။

လက်ရှိအချိန်တွင် ဦးတင်အုန်းနှင့်အတူ ပူးပေါင်း၍ပြစ်မှုကျူးလွန်သူ တစ်ဦး လွတ်မြောက်နေစဲဖြစ်ကြောင်း သိရသည်။သံလွင်သွေးချင်း

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကံသာရပ်ကွက်၌ ဧပြီလ ၂၈ ရက်က ဖြစ်ပွားခဲ့သည့် လေးလောင်းပြိုင် လူသတ်မှုအား ကျူးလွန်သူ တင်အုန်းသည် ယနေ့ မေလ ၄ ရက်၊ နေ့လယ်ပိုင်းတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
.
” စစ်ဆေးမေးမြန်းရင်းနဲ့ သေဆုံးသွားတာ မဟုတ်ပါဘူး။ ကျန်းမာရေး မကောင်းလို့ ဆေးရုံတင်ထားရင်းနဲ့ သေဆုံးသွားတာပါ။ အရင်ကတည်းကလည်း ဆေးရုံ ၂ ခါ တင်ထားပြီးသားပါ” ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး စန်းဝင်းက ကမ္ဘောဇတိုင်းသို့ ပြောကြားခဲ့သည်။
.
အဆိုပါ လေးလောင်းပြိုင် လူသတ်မှုနှင့် ပတ်သက်၍ တောင်ကြီးမြို့မရဲစခန်းတွင် (ပ)၇၉၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၂၀/၃၉၄ အမှုဖြင့် ဖမ်းဆီးထားသည့် တင်အုန်း (ခ) အိုက်အုန်း၊ ၆၂ နှစ်၊ ဗုဒ္ဓမြင်ကွင်းကျေးရွာ၊ ကျောက်မဲမြို့နယ် နေသူသည် မေလ ၄ ရက်၊ ၁၁ နာရီကျော်ခန့်တွင် ရုတ်တရက် အသက်ရှုကြပ်ကာ အကြောတက်၍

သတိလစ်မေ့မြောသွားခြင်းကြောင့် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသံမှုခံယူရန် စမ်းသပ် စစ်ဆေးမှုများ ပြုလုပ်နေစဉ် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
.
သေဆုံးသူ တင်အုန်း(ခ) အိုက်အုံးသည် စိုင်းဆေမွန်း (၂၇)နှစ်၊ နန်းခမ်းလှိုင် (၂၃)နှစ်၊ မောင်ဖဖ (၇)လ၊ မအေးမိုး (၁၇) နှစ်တို့အား အခြားသူများ(ဖမ်းဆီးရမိခြင်း မရှိသေး)နှင့်အတူ ပူးပေါင်း၍ သတ်ဖြတ်ကာ ရွှေထည်နှင့် ငွေသားများအား ယူဆောင်ခဲ့ခြင်း ဖြစ်ပြီး ဧပြီလ ၂၉ ရက်တွင် ကျောက်မဲမြို့နယ်ရှိ ၎င်း၏ နေအိမ်၌ ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ကမ္ဘောဇတိုင်း

Leave a Reply

Your email address will not be published. Required fields are marked *