အနုပညာရပ္၀န္း

ပရိသတ္အားေပးမႈအျမင့္ဆံုး ရရွိထားတဲ့ ထိပ္တန္း အမ်ိဳးသား၊ အမ်ိဳးသမီး အႏုပညာရွင္ (၆) ဦး

ျပည္တြင္းအႏုပညာရွင္ေပါင္းမ်ားစြာထဲက က်ရာဇာတ္ရုပ္ကို အပီျပင္ဆံုးသရုပ္ေဆာင္ႏိုင္တဲ့ ပရိသတ္အားေပးမႈအျမင့္ဆံုး အမ်ိဳးသမီးအႏုပညာရွင္သံုးဦးနဲ႔ အမ်ိဳးသားအႏုပညာရွင္ သံုးဦးအေၾကာင္း ေရးသားေဖာ္ျပလိုက္ပါတယ္။

၁။ အိႁႏၵာေက်ာ္ဇင္

ျမန္မာ့ရုပ္ရွင္ေလာကမွာ ထိပ္တန္းမင္းသမီးေနရာကို ဆယ္စုႏွစ္ႏွစ္ခုနီးပါးထိန္းသိမ္းႏုိင္ရုံမက အိမ္ေထာင္သည္ဘဝ မိခင္ဘဝတိုင္ေအာင္ ေနာင္တက္မင္းသမီးငယ္မ်ားနဲ႔အၿပိဳင္ ရုပ္ရွင္ပိတ္ကားထက္မွာ ေနရာယူႏုိင္သူတဲ့ ဝါရင့္မင္းသမီးတစ္ဦးျဖစ္ပါတယ္။၂၀၀၄ ခုႏွစ္ပထမဆံုးအကယ္ဒမီဆြတ္ခူးၿပီးခ်ိန္မွစတင္၍ ေခတ္တစ္ေခတ္ထူေထာင္ႏုိင္ခဲ့တဲ့ အိႁႏၵာေက်ာ္ဇင္ဟာ ေျပတီဦးနဲ႔လက္ထပ္ပီး ၂၀၁၁ ခုႏွစ္ေနာက္ပိုင္းမွာ အႏုပညာလုပ္ငန္းမ်ားသိသိသာသာေလၽွာ့ခ်လိုက္ပါတယ္။ ၂၀၁၁ ခုႏွစ္မွ ၂၀၁၆ ခုႏွစ္အတြင္း သူမရဲ႕အထင္ရွားဆံုးဇာတ္ကားကေတာ့ ေျပတီဦး၊ ေနတိုးတို႔နဲ႔ သရုပ္ေဆာင္ခဲ့တဲ့ ‘အျဖဴေရာင္ရဲတိုက္’ ဇာတ္ကားျဖစ္ပါတယ္။

အဆိုပါဇာတ္ကားမွာ အကယ္ဒမီဆုခန္႔မွန္းခံခဲ့ရၿပီး ဝင္ေငြနဲ႔ေအာင္ျမင္မႈပါ အေတာ္အသင့္ရရွိခဲ့ပါတယ္။ ၂၀၁၆ ခုႏွစ္ေနာက္ပိုင္းမွာေတာ့ အိႁႏၵာေက်ာ္ဇင္ရဲ႕ေအာင္ျမင္မႈဟာ တစ္ေက်ာ့ျပန္ျမင့္တက္လာၿပီး ၂၀၁၇ ခုႏွစ္မွာရုံတင္ျပသတဲ့ ‘ရင္ဘတ္ထဲကဓား’ ရုပ္ရွင္ဟာလည္း ေရွ႕ကဇာတ္ကားမ်ားရဲ႕ ဝင္ေငြစံခ်ိန္အားလံုးကိုေက်ာ္ျဖတ္ၿပီး ျမန္မာ့ရုပ္ရွင္ရဲ႕ဝင္ေငြအေကာင္းဆံုးဇာတ္ကားျဖစ္လာခဲ့ပါတယ္။ ထိုဇာတ္ကားနဲ႔ဘဲ ဒုတိယအႀကိမ္အကယ္ဒမီရရွိခဲ့ၿပီး ေအာင္ျမင္မႈအထြဋ္အထိပ္ေရာက္ရွိခဲ့တဲ့ သူမဟာ မၾကာေသးမီွက သူမကိုယ္တိုင္ထုတ္လုပ္ရုိက္ကူးၿပီး မင္းသမီးအျဖစ္သရုပ္ေဆာင္တဲ့ ‘Reflection’ ဇာတ္ကားဟာလည္း လက္ရွိမွာအႀကီးအက်ယ္ေအာင္ပြဲခံေနတဲ့ ဇာတ္ကားတစ္ကားျဖစ္ပါတယ္။

၂။ မိုးေဟကို

မိုးေဟကိုဟာ ျမန္မာ့ရုပ္ရွင္ပရိသတ္ေရွ႕ကို တခါတခါမွသာ ထြက္ေပၚလာတတ္သူတစ္ေယာက္ျဖစ္ေပမယ့္ ၂၀၁၀ ခုႏွစ္မွ ၂၀၁၄ ခုႏွစ္တုန္းက သူမဟာ ျမန္မာ့အႏုပညာေလာကရဲ႕လႊမ္းမိုးမႈအရွိဆံုးမင္းသမီးမ်ားအနက္ တစ္ဦးအပါအဝင္ျဖစ္ခဲ့ပါတယ္။သူမရဲ႕ အေစာပိုင္းဇာတ္ကားတစ္ကားျဖစ္တဲ့ ‘သူငယ္ခ်င္းေယာကၡမ’ ဇာတ္ကားဟာ ၂၀၁၀ ခုႏွစ္ရဲ႕ဝင္ေငြအေကာင္းဆံုးဇာတ္ကားတစ္ကားျဖစ္သလို ၂၀၁၄ ခုႏွစ္မွာ ဒါရုိက္တာေမာင္မ်ိဳးမင္းရိုက္ကူးတဲ့ ‘တိုက္ဆိုင္မႈရွိလၽွင္’ အိမ္ေထာင္ေရးဇာတ္ကားဟာ ထိုႏွစ္ရဲ႕ဝင္ေငြအေကာင္းဆံုးဇာတ္ကားျဖစ္တဲ့အျပင္ သူမရဲ႕အႏုပညာသက္တမ္းတစ္ေလၽွာက္မွာ အေအာင္ျမင္ဆံုးဇာတ္ကားလည္းျဖစ္ပါတယ္။

အျခားေအာင္ျမင္တဲ့ဇာတ္ကားမ်ားကေတာ့ ‘ႏွလံုးသားျဖင့္ျပဳလုပ္သည္’ (၂၀၁၄) နဲ႔ ‘မဂၤလာလွည္း’ (၂၀၁၅) တို႔ျဖစ္ပါတယ္။၂၀၁၆ ခုႏွစ္မွစတင္၍ မိုးေဟကိုဟာ အေၾကာင္းကိစၥအမ်ိဳးမ်ိဳးေၾကာင့္ ရုပ္ရွင္ကားအမ်ားစုကိုျငင္းပယ္ခဲ့ၿပီး အႏုပညာလုပ္ငန္းမ်ား သိသိသာသာေလၽွာ့ခ်လိုက္တဲ့အတြက္ ပိတ္ကားထက္မွာေတြ႕ရနည္းလာေသာ္လည္း သူမထုတ္လုပ္ေရးမွဇာတ္ကားအမ်ားစုကေတာ့ ဝင္ေငြေအာင္ျမင္တဲ့ဇာတ္ကားမ်ားျဖစ္လာပါတယ္။ လက္ရွိမွာ သူမပါဝင္သရုပ္ေဆာင္ထားတဲ့ ‘သူငယ္ခ်င္းေယာကၡမ ၂’ ဇာတ္ကားကေတာ့ အရႈံးေပၚခဲ့ျပီး သူမကိုယ္တိုင္ထုတ္လုပ္ရုိက္ကူးတဲ့ ေတာက်ီးကန္းဇာတ္ကားကေတာ့ ဝင္ေငြအေတာ္အသင့္ေအာင္ျမင္မႈရခဲ့ပါတယ္။

၃။ ေဖြးေဖြး

ျမန္မာျပည္မင္းသမီးေတြထဲမွာ ဇာတ္ကားေပါက္ႏႈန္းအမ်ားဆံုးမင္းသမီးကေတာ့ ေဖြးေဖြးျဖစ္ပါတယ္။ ဒါရုိက္တာဝိုင္း
ရဲ႕ ပင္တိုင္မင္းသမီးျဖစ္သလို သူတို႔ႏွစ္ဦးတြဲဖက္ရုိက္ကူးတဲ့ဇာတ္ကားအားလံုးနီးပါးဟာ ရုံျပည့္ရုံလၽွံလက္မွတ္ေရာင္းခ်ႏႈန္းစံခ်ိန္တင္ခဲ့တာခ်ည္းဘဲျဖစ္ပါတယ္ ။ ၂၀၁၂ ခုႏွစ္မွာထြက္ရွိခဲ့တဲ့ ‘လက္ပံ’ ရုပ္ရွင္မွစတင္၍ ထိပ္တန္းအကယ္ဒမီမင္းသမီးတစ္လက္ျဖစ္လာခဲ့တဲ့ေဖြးေဖြးဟာ ၂၀၁၄ ခုႏွစ္မွ ၂၀၁၅ ခုႏွစ္တစ္ဝိုက္မွာ သူမရဲ႕ဇာတ္ကားမ်ားတရစပ္ရုံတင္ခဲ့ၿပီး ျမန္မာျပည္ရဲ႕အထင္ရွားဆံုးမင္းသမီးတစ္လက္ျဖစ္လာခဲ့ပါတယ္။

၂၀၁၄ ခုႏွစ္မွာ ရုံတင္ခဲ့တဲ့ ‘သက္တံသစ္’ ဇာတ္ကားနဲ႔ ၂၀၁၅ ခုႏွစ္မွာရုံတင္ခဲ့တဲ့ ‘ကြ်န္မကႏွင္းဆီပါေမာင္’ နဲ႔ ‘က်ဳးပစ္ရဲ႕ေက်းကၽြန္မ်ား’ ဇာတ္ကားမ်ားဟာ ျမန္မာ့ရုပ္ရွင္ရဲ႕ box office မွာဝင္ေငြစံခ်ိန္တင္ခဲ့သလို ေဖြးေဖြးကို ထိုႏွစ္မ်ားရဲ႕ နံပါတ္တစ္မင္းသမီးျဖစ္လာခဲ့ပါတယ္။ ၂၀၁၆ ခုႏွစ္မွစတင္ၿပီး ေဖြးေဖြးဇာတ္ကားမ်ားဟာ ေအာင္ျမင္မႈက်ဆင္းခဲ့ၿပီး ၂၀၁၇ ခုႏွစ္အလယ္ေလာက္မွာ ျမင့္ျမတ္နဲ႔သရုပ္ေဆာင္ခဲ့တဲ့ ‘ဘုန္းကညာႏွစ္ပါး’ ဇာတ္ကားဟာ ႏွစ္ႏွစ္အတြင္း ပထမဆံုးေအာင္ျမင္မႈျပန္လည္ရရွိခဲ့ပါတယ္။ ၂၀၁၈ ခုႏွစ္အတြင္း မၾကာေသးမီက ရုံတင္ခဲ့တဲ့ ဒါရုိက္တာဝိုင္းရဲ႕ ‘ေရႊၾကာ’ ဇာတ္ကားဟာလည္း ရုပ္ရွင္ပိတ္ကားထက္မွာ သတင္းပတ္ေပါင္းမ်ားစြာေနရာယူႏုိင္ခဲ့တဲ့အတြက္ ေဖြးေဖြးရဲ႕ tickets sale power ကလည္း ျမင့္တက္ခဲ့ပါတယ္။

၁။ ေျပတီဦး

ဒါရုိက္တာဝိုင္းရုိက္ကူးတဲ့ ‘အာဒမ္ရယ္ ဧဝရယ္ ဒသရယ္’ ဇာတ္ကားမွစတင္ၿပီး တစ္ဟုန္ထိုးနာမည္ရလာတဲ့ ေလးထပ္ကြမ္းအကယ္ဒမီဆုရွင္ျဖစ္ပါတယ္။ ေျပတီဦးရဲ႕အိမ္ေထာင္ေရးဒရာမာဇာတ္ကားအမ်ားစုဟာ ယေန႔ေခတ္ရဲ႕ လူႀကိဳက္အမ်ားဆံုးဇာတ္ကားမ်ားျဖစ္လာပါတယ္။ ေျပတီဦးရဲ႕ျပင္းထန္ေပါက္ကြဲၿပီးတစ္ဖက္ကမ္းခက္ ဒရာမာသရုပ္ေဆာင္စြမ္းရည္ဟာ သူကိုယ္တိုင္အကယ္ဒမီဆုေတြတစ္ဆုပီးတစ္ဆုဆြတ္ခူးႏုိင္ရုံမက ပရိသတ္မ်ားကိုရုံျပည့္ရုံလၽွဲ ဝင္ေငြစံခ်ိန္ခ်ိဳးေအာင္ဆြဲေဆာင္ႏုိင္တဲ့အခ်က္တစ္ခ်က္ျဖစ္ပါတယ္။

အမ်ားအားျဖင့္ ဒါရုိက္တာဝိုင္းရဲ႕ဇာတ္ကားေတြမွာ အမ်ားဆံုးသရုပ္ေဆာင္ေလ့ရွိသလို တြဲဖက္သရုပ္ေဆာင္တဲ့မင္းသမီးတိုင္းနဲ႔လည္း အခ်စ္အလြမ္းဇာတ္ဝင္ခန္းမ်ားကို လြန္စြာအေပးအယူမၽွေအာင္သရုပ္ေဆာင္ႏုိင္သူျဖစ္ပါတယ္။ Drama Film Category မွာ ေျပတီဦးကၿပိဳင္စံရွားျဖစ္ရျခင္းဟာ သူ႔ရဲ႕အေအာင္ျမင္ဆံုးဝင္ေငြစံခ်ိန္ခ်ိဳးအိမ္ေထာင္ေရးဇာတ္ကားျဖစ္တဲ့ ‘တိုက္ဆိုင္မႈရွိလၽွင္’ ဇာတ္ကားကသက္ေသဘဲျဖစ္ပါတယ္။ အျခားေအာင္ျမင္တဲ့ဇာတ္ကားမ်ားကေတာ့ ‘အာဒံရယ္ ဧဝရယ္ ဒသရယ္’ (၂၀၁၁) ၊ ‘လက္ပံ’ (၂၀၁၂) ၊ ‘နင္ေစရင္’ (၂၀၁၃) ၊ ‘ရင္ဘတ္ထဲကဓား’ (၂၀၁၇) တို႔ျဖစ္ပါတယ္။

၂။ ေနတိုး

၂၀၀၆ ခုႏွစ္ေနာက္ပိုင္းမွစတင္ၿပီး ယေန႔အခ်ိန္အထိ ေနတိုးဟာ ျမန္မာျပည္ရဲ႕အေအာင္ျမင္ဆံုးမင္းသားတစ္လက္အျဖစ္ ေခတ္တေခတ္ကို ဆယ္စုႏွစ္တစ္ခုေက်ာ္ေအာင္ထူေထာင္ထားႏုိင္သူျဖစ္ပါတယ္။ေနတိုးရဲ႕ဇာတ္ကားအမ်ားစုဟာ လက္မွတ္ေရာင္းခ်မႈမွာ ဝင္ေငြစံခ်ိန္ခ်ိဳးေလာက္ေအာင္ျဖစ္တာရွားပါးသလို အရႈံးေပၚတဲ့ကားလည္းအင္မတန္ရွားပါတယ္။ ေနတိုးရဲ႕ရုပ္ရွင္ကားမ်ားဟာ လူႀကိဳက္မ်ားၿပီး ရုံျပည့္ပါတယ္။ သို႔ေပမယ့္ ဝင္ေငြစံခ်ိန္ခ်ိဳးသည့္အဆင့္ေတာ့မေရာက္ခဲ့ပါဘူး။ ဒါဟာလည္း သူရဲ႕ဇာတ္ကားေရြးခ်ယ္မႈပံုစံေၾကာင့္ကတစ္ေၾကာင္း၊ သူအမ်ားဆံုးသရုပ္ေဆာင္ေလ့ရွိတဲ့ psychoဆန္ဆန္ဇာတ္ကားမ်ားနဲ႔ Romantic Melodramas ပံုစံမ်ားကို ျမန္မာ့ရုပ္ရွင္ပရိသတ္အမ်ားစုက သိပ္မႏွစ္ၿခိဳက္ၾကတာေၾကာင့္ျဖစ္ပါတယ္။

သူဟာ ရုပ္ရွင္ကားေျမာက္ျမားစြာကိုသရုပ္ေဆာင္ၿပီးျဖစ္သလို လက္ရွိမွာလဲဇာတ္ကားမ်ားလက္မလည္ေအာင္ရုိက္ကူးေနရပါတယ္။ ဒါေၾကာင့္လည္း သရုပ္ေဆာင္ေၾကးအျမင့္ဆံုးမင္းသားတစ္လက္အေနနဲ႔ ရုပ္ရွင္ပရုိဂ်ဴဆာမ်ားက အၿပိဳင္အဆိုင္ဌားရမ္းေနၾကျခင္းျဖစ္ပါတယ္။ ၂၀၁၀ ခုႏွစ္ေနာက္ပိုင္းမွစၿပီး ေအာင္ျမင္တဲ့ေနတိုးဇာတ္ကားမ်ားကို ေရြးထုတ္ျပရမယ္ဆိုရင္ေတာ့ ‘လာထားအာဘြား ၁’ (၂၀၁၁) ၊ ‘ေစတန္ရဲ႕ကေခ်သည္’ (၂၀၁၃) ၊ ‘ကြ်န္မကႏွင္းဆီပါေမာင္’ (၂၀၁၅) ၊ ‘က်ဴးပစ္ရဲ႕ေက်းကြ်န္မ်ား’ (၂၀၁၅)၊ ‘အုတ္ၾကားျမက္ေပါက္’ (၂၀၁၆) နဲ႔ ‘တာေတၾကီး’ (၂၀၁၇) တို႔ျဖစ္ပါတယ္။

၃။ ျမင့္ျမတ္

လက္ရွိ ျမန္မာျပည္ရဲ႕ကားေပါက္အမ်ားဆံုးမင္းသားကိုျပပါဆိုရင္ ျမင့္ျမတ္ကိုဘဲလက္ညႇဳိးထိုးျပရမွာျဖစ္ပါတယ္။ ၂၀၁၆ ခုႏွစ္အကုန္ေလာက္မွစတင္၍ ျမင့္ျမတ္ရဲ႕ ဇာတ္ကားမ်ားတရစပ္ရုံတင္လာခဲ့ၿပီး ကားတိုင္းဟာလည္း ရုံျပည့္ရုံလၽွံျဖစ္ခဲ့သလို အရႈံးေပၚတဲ့ကားဆိုလို႔ မရွိသေလာက္ဘဲျဖစ္ပါတယ္။ ေနာက္ပိုင္းဆိုရင္ producer အမ်ားစုဟာ budgetနဲနဲနဲ႔ ဟာသရုပ္ရွင္ဇာတ္ကားမ်ားကို မင္းသားျမင့္ျမတ္နာမည္ခံၿပီး ရုိက္ကူးထုတ္လုပ္လာၾကသလို ပရိသတ္အမ်ားစုကလည္း ဇာတ္ကားထက္ ျမင့္ျမတ္ပါဝင္မႈေၾကာင့္သာ အသားေပးၾကည့္ရႈၾကတာမ်ားလာပါတယ္။

ဟာသနဲ႔အက္ရွင္ဇာတ္ကားမ်ားမွာသာ အမ်ားဆံုးပါဝင္သရုပ္ေဆာင္လၽွက္ရွိျပီး ၂၀၁၇ခုႏွစ္မွ ၂၀၁၈ ခုႏွစ္အတြင္းရုံတင္ခဲ့တဲ့ ‘ဘုန္းကညာႏွစ္ပါး’ နဲ႔ ‘ဇြတ္က်ား’ ရုပ္ရွင္ဇာတ္ကားမ်ားဟာ ဝင္ေငြစံခ်ိန္ခ်ိဳးသည္အထိ ၾကည့္ရႈႏႈန္းမ်ားျပားခဲ့သလို ပရိသတ္ေတြရဲ႕ အျပင္းအထန္ေဝဖန္ခံခဲ့ရတဲ့ ‘ေကာလိပ္ဂ်ပိုး’ ဇာတ္ကားဟာလည္း ရုံျပည့္ရုံလၽွံအားေပးျခင္းခံခဲ့ရပါတယ္။

ပရိသတ္ႀကီးကလဲ ထိပ္တန္းမင္းသား မင္းသမီးေတြထဲက ဘယ္သူ႔ကို အႀကိဳက္ဆံုးလဲဆိုတာေျပာခဲ့ ဦးေနာ္

မွတ္ခ်က္-World of Films Star ေပ့ခ်္မွကူးယူေဖာ္ျပထားျခင္းျဖစ္ပါသည္။

Unicode

ပြည်တွင်းအနုပညာရှင်ပေါင်းများစွာထဲက ကျရာဇာတ်ရုပ်ကို အပီပြင်ဆုံးသရုပ်ဆောင်နိုင်တဲ့ ပရိသတ်အားပေးမှုအမြင့်ဆုံး အမျိုးသမီးအနုပညာရှင်သုံးဦးနဲ့ အမျိုးသားအနုပညာရှင် သုံးဦးအကြောင်း ရေးသားဖော်ပြလိုက်ပါတယ်။

၁။ အိန္ဒြာကျော်ဇင်

မြန်မာ့ရုပ်ရှင်လောကမှာ ထိပ်တန်းမင်းသမီးနေရာကို ဆယ်စုနှစ်နှစ်ခုနီးပါးထိန်းသိမ်းနိုင်ရုံမက အိမ်ထောင်သည်ဘဝ မိခင်ဘဝတိုင်အောင် နောင်တက်မင်းသမီးငယ်များနဲ့အပြိုင် ရုပ်ရှင်ပိတ်ကားထက်မှာ နေရာယူနိုင်သူတဲ့ ဝါရင့်မင်းသမီးတစ်ဦးဖြစ်ပါတယ်။၂၀၀၄ ခုနှစ်ပထမဆုံးအကယ်ဒမီဆွတ်ခူးပြီးချိန်မှစတင်၍ ခေတ်တစ်ခေတ်ထူထောင်နိုင်ခဲ့တဲ့ အိန္ဒြာကျော်ဇင်ဟာ ပြေတီဦးနဲ့လက်ထပ်ပီး ၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ အနုပညာလုပ်ငန်းများသိသိသာသာလျှော့ချလိုက်ပါတယ်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း သူမရဲ့အထင်ရှားဆုံးဇာတ်ကားကတော့ ပြေတီဦး၊ နေတိုးတို့နဲ့ သရုပ်ဆောင်ခဲ့တဲ့ ‘အဖြူရောင်ရဲတိုက်’ ဇာတ်ကားဖြစ်ပါတယ်။

အဆိုပါဇာတ်ကားမှာ အကယ်ဒမီဆုခန့်မှန်းခံခဲ့ရပြီး ဝင်ငွေနဲ့အောင်မြင်မှုပါ အတော်အသင့်ရရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်နောက်ပိုင်းမှာတော့ အိန္ဒြာကျော်ဇင်ရဲ့အောင်မြင်မှုဟာ တစ်ကျော့ပြန်မြင့်တက်လာပြီး ၂၀၁၇ ခုနှစ်မှာရုံတင်ပြသတဲ့ ‘ရင်ဘတ်ထဲကဓား’ ရုပ်ရှင်ဟာလည်း ရှေ့ကဇာတ်ကားများရဲ့ ဝင်ငွေစံချိန်အားလုံးကိုကျော်ဖြတ်ပြီး မြန်မာ့ရုပ်ရှင်ရဲ့ဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်လာခဲ့ပါတယ်။ ထိုဇာတ်ကားနဲ့ဘဲ ဒုတိယအကြိမ်အကယ်ဒမီရရှိခဲ့ပြီး အောင်မြင်မှုအထွဋ်အထိပ်ရောက်ရှိခဲ့တဲ့ သူမဟာ မကြာသေးမှီက သူမကိုယ်တိုင်ထုတ်လုပ်ရိုက်ကူးပြီး မင်းသမီးအဖြစ်သရုပ်ဆောင်တဲ့ ‘Reflection’ ဇာတ်ကားဟာလည်း လက်ရှိမှာအကြီးအကျယ်အောင်ပွဲခံနေတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

၂။ မိုးဟေကို

မိုးဟေကိုဟာ မြန်မာ့ရုပ်ရှင်ပရိသတ်ရှေ့ကို တခါတခါမှသာ ထွက်ပေါ်လာတတ်သူတစ်ယောက်ဖြစ်ပေမယ့် ၂၀၁၀ ခုနှစ်မှ ၂၀၁၄ ခုနှစ်တုန်းက သူမဟာ မြန်မာ့အနုပညာလောကရဲ့လွှမ်းမိုးမှုအရှိဆုံးမင်းသမီးများအနက် တစ်ဦးအပါအဝင်ဖြစ်ခဲ့ပါတယ်။သူမရဲ့ အစောပိုင်းဇာတ်ကားတစ်ကားဖြစ်တဲ့ ‘သူငယ်ချင်းယောက္ခမ’ ဇာတ်ကားဟာ ၂၀၁၀ ခုနှစ်ရဲ့ဝင်ငွေအကောင်းဆုံးဇာတ်ကားတစ်ကားဖြစ်သလို ၂၀၁၄ ခုနှစ်မှာ ဒါရိုက်တာမောင်မျိုးမင်းရိုက်ကူးတဲ့ ‘တိုက်ဆိုင်မှုရှိလျှင်’ အိမ်ထောင်ရေးဇာတ်ကားဟာ ထိုနှစ်ရဲ့ဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်တဲ့အပြင် သူမရဲ့အနုပညာသက်တမ်းတစ်လျှောက်မှာ အအောင်မြင်ဆုံးဇာတ်ကားလည်းဖြစ်ပါတယ်။

အခြားအောင်မြင်တဲ့ဇာတ်ကားများကတော့ ‘နှလုံးသားဖြင့်ပြုလုပ်သည်’ (၂၀၁၄) နဲ့ ‘မင်္ဂလာလှည်း’ (၂၀၁၅) တို့ဖြစ်ပါတယ်။၂၀၁၆ ခုနှစ်မှစတင်၍ မိုးဟေကိုဟာ အကြောင်းကိစ္စအမျိုးမျိုးကြောင့် ရုပ်ရှင်ကားအများစုကိုငြင်းပယ်ခဲ့ပြီး အနုပညာလုပ်ငန်းများ သိသိသာသာလျှော့ချလိုက်တဲ့အတွက် ပိတ်ကားထက်မှာတွေ့ရနည်းလာသော်လည်း သူမထုတ်လုပ်ရေးမှဇာတ်ကားအများစုကတော့ ဝင်ငွေအောင်မြင်တဲ့ဇာတ်ကားများဖြစ်လာပါတယ်။ လက်ရှိမှာ သူမပါဝင်သရုပ်ဆောင်ထားတဲ့ ‘သူငယ်ချင်းယောက္ခမ ၂’ ဇာတ်ကားကတော့ အရှုံးပေါ်ခဲ့ပြီး သူမကိုယ်တိုင်ထုတ်လုပ်ရိုက်ကူးတဲ့ တောကျီးကန်းဇာတ်ကားကတော့ ဝင်ငွေအတော်အသင့်အောင်မြင်မှုရခဲ့ပါတယ်။

၃။ ဖွေးဖွေး

မြန်မာပြည်မင်းသမီးတွေထဲမှာ ဇာတ်ကားပေါက်နှုန်းအများဆုံးမင်းသမီးကတော့ ဖွေးဖွေးဖြစ်ပါတယ်။ ဒါရိုက်တာဝိုင်း
ရဲ့ ပင်တိုင်မင်းသမီးဖြစ်သလို သူတို့နှစ်ဦးတွဲဖက်ရိုက်ကူးတဲ့ဇာတ်ကားအားလုံးနီးပါးဟာ ရုံပြည့်ရုံလျှံလက်မှတ်ရောင်းချနှုန်းစံချိန်တင်ခဲ့တာချည်းဘဲဖြစ်ပါတယ် ။ ၂၀၁၂ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ‘လက်ပံ’ ရုပ်ရှင်မှစတင်၍ ထိပ်တန်းအကယ်ဒမီမင်းသမီးတစ်လက်ဖြစ်လာခဲ့တဲ့ဖွေးဖွေးဟာ ၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်တစ်ဝိုက်မှာ သူမရဲ့ဇာတ်ကားများတရစပ်ရုံတင်ခဲ့ပြီး မြန်မာပြည်ရဲ့အထင်ရှားဆုံးမင်းသမီးတစ်လက်ဖြစ်လာခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာ ရုံတင်ခဲ့တဲ့ ‘သက်တံသစ်’ ဇာတ်ကားနဲ့ ၂၀၁၅ ခုနှစ်မှာရုံတင်ခဲ့တဲ့ ‘ကျွန်မကနှင်းဆီပါမောင်’ နဲ့ ‘ကျုးပစ်ရဲ့ကျေးကျွန်များ’ ဇာတ်ကားများဟာ မြန်မာ့ရုပ်ရှင်ရဲ့ box office မှာဝင်ငွေစံချိန်တင်ခဲ့သလို ဖွေးဖွေးကို ထိုနှစ်များရဲ့ နံပါတ်တစ်မင်းသမီးဖြစ်လာခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှစတင်ပြီး ဖွေးဖွေးဇာတ်ကားများဟာ အောင်မြင်မှုကျဆင်းခဲ့ပြီး ၂၀၁၇ ခုနှစ်အလယ်လောက်မှာ မြင့်မြတ်နဲ့သရုပ်ဆောင်ခဲ့တဲ့ ‘ဘုန်းကညာနှစ်ပါး’ ဇာတ်ကားဟာ နှစ်နှစ်အတွင်း ပထမဆုံးအောင်မြင်မှုပြန်လည်ရရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း မကြာသေးမီက ရုံတင်ခဲ့တဲ့ ဒါရိုက်တာဝိုင်းရဲ့ ‘ရွှေကြာ’ ဇာတ်ကားဟာလည်း ရုပ်ရှင်ပိတ်ကားထက်မှာ သတင်းပတ်ပေါင်းများစွာနေရာယူနိုင်ခဲ့တဲ့အတွက် ဖွေးဖွေးရဲ့ tickets sale power ကလည်း မြင့်တက်ခဲ့ပါတယ်။

၁။ ပြေတီဦး

ဒါရိုက်တာဝိုင်းရိုက်ကူးတဲ့ ‘အာဒမ်ရယ် ဧဝရယ် ဒသရယ်’ ဇာတ်ကားမှစတင်ပြီး တစ်ဟုန်ထိုးနာမည်ရလာတဲ့ လေးထပ်ကွမ်းအကယ်ဒမီဆုရှင်ဖြစ်ပါတယ်။ ပြေတီဦးရဲ့အိမ်ထောင်ရေးဒရာမာဇာတ်ကားအများစုဟာ ယနေ့ခေတ်ရဲ့ လူကြိုက်အများဆုံးဇာတ်ကားများဖြစ်လာပါတယ်။ ပြေတီဦးရဲ့ပြင်းထန်ပေါက်ကွဲပြီးတစ်ဖက်ကမ်းခက် ဒရာမာသရုပ်ဆောင်စွမ်းရည်ဟာ သူကိုယ်တိုင်အကယ်ဒမီဆုတွေတစ်ဆုပီးတစ်ဆုဆွတ်ခူးနိုင်ရုံမက ပရိသတ်များကိုရုံပြည့်ရုံလျှဲ ဝင်ငွေစံချိန်ချိုးအောင်ဆွဲဆောင်နိုင်တဲ့အချက်တစ်ချက်ဖြစ်ပါတယ်။

အများအားဖြင့် ဒါရိုက်တာဝိုင်းရဲ့ဇာတ်ကားတွေမှာ အများဆုံးသရုပ်ဆောင်လေ့ရှိသလို တွဲဖက်သရုပ်ဆောင်တဲ့မင်းသမီးတိုင်းနဲ့လည်း အချစ်အလွမ်းဇာတ်ဝင်ခန်းများကို လွန်စွာအပေးအယူမျှအောင်သရုပ်ဆောင်နိုင်သူဖြစ်ပါတယ်။ Drama Film Category မှာ ပြေတီဦးကပြိုင်စံရှားဖြစ်ရခြင်းဟာ သူ့ရဲ့အအောင်မြင်ဆုံးဝင်ငွေစံချိန်ချိုးအိမ်ထောင်ရေးဇာတ်ကားဖြစ်တဲ့ ‘တိုက်ဆိုင်မှုရှိလျှင်’ ဇာတ်ကားကသက်သေဘဲဖြစ်ပါတယ်။ အခြားအောင်မြင်တဲ့ဇာတ်ကားများကတော့ ‘အာဒံရယ် ဧဝရယ် ဒသရယ်’ (၂၀၁၁) ၊ ‘လက်ပံ’ (၂၀၁၂) ၊ ‘နင်စေရင်’ (၂၀၁၃) ၊ ‘ရင်ဘတ်ထဲကဓား’ (၂၀၁၇) တို့ဖြစ်ပါတယ်။

၂။ နေတိုး

၂၀၀၆ ခုနှစ်နောက်ပိုင်းမှစတင်ပြီး ယနေ့အချိန်အထိ နေတိုးဟာ မြန်မာပြည်ရဲ့အအောင်မြင်ဆုံးမင်းသားတစ်လက်အဖြစ် ခေတ်တခေတ်ကို ဆယ်စုနှစ်တစ်ခုကျော်အောင်ထူထောင်ထားနိုင်သူဖြစ်ပါတယ်။နေတိုးရဲ့ဇာတ်ကားအများစုဟာ လက်မှတ်ရောင်းချမှုမှာ ဝင်ငွေစံချိန်ချိုးလောက်အောင်ဖြစ်တာရှားပါးသလို အရှုံးပေါ်တဲ့ကားလည်းအင်မတန်ရှားပါတယ်။ နေတိုးရဲ့ရုပ်ရှင်ကားများဟာ လူကြိုက်များပြီး ရုံပြည့်ပါတယ်။ သို့ပေမယ့် ဝင်ငွေစံချိန်ချိုးသည့်အဆင့်တော့မရောက်ခဲ့ပါဘူး။ ဒါဟာလည်း သူရဲ့ဇာတ်ကားရွေးချယ်မှုပုံစံကြောင့်ကတစ်ကြောင်း၊ သူအများဆုံးသရုပ်ဆောင်လေ့ရှိတဲ့ psychoဆန်ဆန်ဇာတ်ကားများနဲ့ Romantic Melodramas ပုံစံများကို မြန်မာ့ရုပ်ရှင်ပရိသတ်အများစုက သိပ်မနှစ်ခြိုက်ကြတာကြောင့်ဖြစ်ပါတယ်။

သူဟာ ရုပ်ရှင်ကားမြောက်မြားစွာကိုသရုပ်ဆောင်ပြီးဖြစ်သလို လက်ရှိမှာလဲဇာတ်ကားများလက်မလည်အောင်ရိုက်ကူးနေရပါတယ်။ ဒါကြောင့်လည်း သရုပ်ဆောင်ကြေးအမြင့်ဆုံးမင်းသားတစ်လက်အနေနဲ့ ရုပ်ရှင်ပရိုဂျူဆာများက အပြိုင်အဆိုင်ဌားရမ်းနေကြခြင်းဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်နောက်ပိုင်းမှစပြီး အောင်မြင်တဲ့နေတိုးဇာတ်ကားများကို ရွေးထုတ်ပြရမယ်ဆိုရင်တော့ ‘လာထားအာဘွား ၁’ (၂၀၁၁) ၊ ‘စေတန်ရဲ့ကချေသည်’ (၂၀၁၃) ၊ ‘ကျွန်မကနှင်းဆီပါမောင်’ (၂၀၁၅) ၊ ‘ကျူးပစ်ရဲ့ကျေးကျွန်များ’ (၂၀၁၅)၊ ‘အုတ်ကြားမြက်ပေါက်’ (၂၀၁၆) နဲ့ ‘တာတေကြီး’ (၂၀၁၇) တို့ဖြစ်ပါတယ်။

၃။ မြင့်မြတ်

လက်ရှိ မြန်မာပြည်ရဲ့ကားပေါက်အများဆုံးမင်းသားကိုပြပါဆိုရင် မြင့်မြတ်ကိုဘဲလက်ညှိုးထိုးပြရမှာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်အကုန်လောက်မှစတင်၍ မြင့်မြတ်ရဲ့ ဇာတ်ကားများတရစပ်ရုံတင်လာခဲ့ပြီး ကားတိုင်းဟာလည်း ရုံပြည့်ရုံလျှံဖြစ်ခဲ့သလို အရှုံးပေါ်တဲ့ကားဆိုလို့ မရှိသလောက်ဘဲဖြစ်ပါတယ်။ နောက်ပိုင်းဆိုရင် producer အများစုဟာ budgetနဲနဲနဲ့ ဟာသရုပ်ရှင်ဇာတ်ကားများကို မင်းသားမြင့်မြတ်နာမည်ခံပြီး ရိုက်ကူးထုတ်လုပ်လာကြသလို ပရိသတ်အများစုကလည်း ဇာတ်ကားထက် မြင့်မြတ်ပါဝင်မှုကြောင့်သာ အသားပေးကြည့်ရှုကြတာများလာပါတယ်။

ဟာသနဲ့အက်ရှင်ဇာတ်ကားများမှာသာ အများဆုံးပါဝင်သရုပ်ဆောင်လျှက်ရှိပြီး ၂၀၁၇ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်းရုံတင်ခဲ့တဲ့ ‘ဘုန်းကညာနှစ်ပါး’ နဲ့ ‘ဇွတ်ကျား’ ရုပ်ရှင်ဇာတ်ကားများဟာ ဝင်ငွေစံချိန်ချိုးသည်အထိ ကြည့်ရှုနှုန်းများပြားခဲ့သလို ပရိသတ်တွေရဲ့ အပြင်းအထန်ဝေဖန်ခံခဲ့ရတဲ့ ‘ကောလိပ်ဂျပိုး’ ဇာတ်ကားဟာလည်း ရုံပြည့်ရုံလျှံအားပေးခြင်းခံခဲ့ရပါတယ်။

ပရိသတ်ကြီးကလဲ ထိပ်တန်းမင်းသား မင်းသမီးတွေထဲက ဘယ်သူ့ကို အကြိုက်ဆုံးလဲဆိုတာပြောခဲ့ ဦးနော်

Loading...
Show More

Related Articles

Back to top button
Close