နာမည်ကြီးပုဂ္ဂိုလ်များအနုပညာရပ်ဝန်း
အိမ်ရာမဲ့ ၅၀ အတွက် ညလုံးပေါက် လိုက်လံလှူဒါန်းခဲ့တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ မွန်မြတ်လှတဲ့ အလှူဗီဒီယိုလေး
Video Source- Myanmar Celebrity
UNICODE
ပြည်သူပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေနဲ့အသက်ငယ်ငယ်နဲ့အနုပညာလောကမှာထိပ်တန်းကနေအောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့သရုပ်ဆောင်မင်းသမီးချောလေးကတော့ရွှေမှုံရတီပါပဲ..။အချေမင်းသမီးလို့ပရိသတ်တွေကြားရေပန်းစားနေတဲ့ရွှေမှုံလေးကတော့ပီပြင်တဲ့သရုပ်ဆောင်မှုတွေအပြင်ပွင့်လင်းပြီးချစ်စရာကောင်းတဲ့ဟန်ပန်နဲ့သွက်လက်ချက်ချာမှုတွေကြောင့်လည်း ပရိသတ်တွေက အမြဲအချစ်ပိုအားပေးနေကြရတာ ဖြစ်ပါတယ်။
တစ်ယောက်လက်ကိုတစ်ယောက်ခိုင်ခိုင်မာမာဆုပ်ကိုင်ထားပြီးရွှေလက်တွဲလက်ထပ်ထားကြတဲ့ရွှေထူးနဲ့ရွှေမှုံတို့စုံတွဲကတော့ပရိသတ်တွေအားကျခဲ့ရတဲ့စုံတွဲပဲဖြစ်ပါတယ်။ရွှေနှစ်ရွှေတို့စုံတွဲကတော့ရိုဆန်မှုလေးတွေနဲ့ပရိသတ်တွေအားကျရလောက်အောင်တစ်ယောက်ကိုတစ်ယောက်အချစ်တွေပိုနေကြတဲ့စုံတွဲလေးလည်းဖြစ်ပါတယ်။အတိုက်ခိုက်တွေအခက်ခဲတွေကြားက သူတို့နှစ်ယောက်ရဲ့ အချစ်စစ်ကို သက်သေပြခဲ့ကြတာလည်းဖြစ်ပါတယ်။
မနေ့ညကတော့ရွှေထူးတို့ဇနီးမောင်နှံဟာအိမ်ရာမဲ့တွေကိုအလှူအတန်းတွေပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ကိုယ်တိုင်ချက်ထားတဲ့ ထမင်း ၊ ကြက်သား အာလူး၊ ချဉ်ပေါင်ကြော် တို့နဲ့ အတူ အိပ်ယာခင်း၊ ခေါင်းအုံး၊ ငွေသား တို့ကို အိမ်ရာမဲ့များ အတွက်ညလုံးပေါက်လိုက်လံလှူဒါန်းပေးကြတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးအတွက်အလှူဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလဲ ရွှေနှစ်ရွှေကိူချစ်ရင် Share ပေးကြပါဦးနော်။
Loading...
Show More
Related Articles
Back to top button
Close