နာမည္ႀကီးပုဂၢိဳလ္မ်ား

ၾကက္ဖေရးတဲ့ ဇာတ္ဝင္ေတးသီခ်င္းကို ဇာဂနာနဲ႔အတူသီဆိုခဲ့တဲ့ ေနတိုး

ေနတုိးဟာ ျပႆနာရုပ္ရွင္ဇာတ္ကားထဲမွာ ဇာတ္ဝင္ေတးကုိ ကုိယ္တုိင္ပါဝင္သီဆုိျဖစ္တဲ့အေၾကာင္းေျပာျပလာပါတယ္။ သူဟာ သီခ်င္းဆုိရာမွာ သာမကအသံတုလုပ္တဲ့ေနရာမွာလည္းတကယ့္ကုိ ပါရမီရွင္တစ္ေယာက္ျဖစ္ပါတယ္။

ပရိသတ္အခ်စ္ေတာ္ ေနတုိးဟာ သရုပ္ေ ဆာင္အပုိင္းမွာသာမက သီခ်င္းဆုိတဲ့အပုိင္းမွာလည္း ကၽြမ္းက်င္တဲ့သူတစ္ေယာက္ပါ။ ေမလ ၉ ရက္ေန႔မွာ ရုံတင္ျပသမယ့္ ျပႆနာရုပ္ရွင္ဇာတ္ကားႀကီးထဲမွာလည္း ဇာတ္ဝင္ေတးကုိ ေနတုိးကုိယ္တုိင္ သီဆုိထားတယ္လုိ႔ မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆုိခဲ့ပါတယ္။

‘’ လုိအပ္ရင္ေတာ့ ကၽြန္ေတာ္တုိ႔ အေနနဲ႕ ႀကိဳးစားခြင့္လည္းရွိမယ္၊ ကုိယ္နဲ႔လည္း အံဝင္ဂြင္က်ျဖစ္မယ့္ ဟာမ်ဳိးကုိေတာ့ သီဆိုျဖစ္တယ္။ ကုိယ္ မဆုိျဖစ္တဲ့ ဇာတ္ကားေတြလည္း ရွိပါတယ္။ အဓိက ကေတာ့ ပရိသတ္အတြက္၊ ကာရုိက္တာအတြက္ လုိအပ္မယ္ ဆုိရင္ေတာ့ ဆုိျဖစ္တာ မ်ားပါတယ္’’ လုိ႔ သူကဆုိပါတယ္။

ေနတုိးဟာ သီခ်င္းသီဆုိတက္ရုံသာမကပဲ အသံတု ေျပာတဲ့ေနရာမွာလည္း ကၽြမ္းက်င္ပုိင္ႏိုင္သူ တစ္ဦးပါ။ ဒီလုိ အသံတု ေျပာတတ္ဖုုိ႔ကလည္း သူကုိယ္တုိင္ ႀကိဳးစားျဖစ္ခဲ့တဲ့ အေၾကာင္းေတြ ေျပာျပခဲ့ပါတယ္။

‘’ အလုပ္ကပဲ ျပန္သင္ေပးသြားတာေပါ့ေနာ္။ အျမဲတမ္းကေတာ့ ႀကိဳးစားေနရတာေပါ့။ ဘာေၾကာင့္လဲ ဆုိေတာ့ ကုိယ့္ဆီကုိ ေရာက္လာမယ့္ အခြင့္အေရးက ဘယ္လုိ ပံုစံမ်ဳိးနဲ႔ေရာက္လာမယ္၊ ဘယ္လုိ အႏုပညာစိန္ေခၚမႈမ်ဳိး ကုိယ့္ဆီေရာက္လာမယ္ဆုိတာကုိ မသိႏုိင္ဘူး။ ဘဝမွာ ျဖတ္သန္းေနတဲ့ အခ်ိန္တုိင္း ကုိယ္က ေလ့လာေနရတာေပါ့။ အဓိက ကေတာ့ ဘဝျဖတ္သန္းမႈကေန သင္ၾကားတာေပါ့ေနာ္။ ဝါသနာေပၚမွာ အေျခခံတဲ့ ပါရမီေၾကာင့့္လည္း ပါမယ္လုိ႔ ထင္ပါတယ္ခင္ဗ်’’ ဆုိၿပီးေတာ့ ျပႆနာရုပ္ရွင္ကားႀကီး အထူးျပပြဲမွာ ေျဖဆုိခ့ဲတာပါ။

ျပႆနာရုပ္ရွင္ဇာတ္ကားႀကီးထဲမွာလည္း ဦးဇာဂနာနဲ႔ အတူ ရုပ္ရွင္ဇာတ္ဝင္ေတးသီခ်င္း သီဆုိျဖစ္ခဲ့တဲ့ အေၾကာင္းကုိလည္း ေနတုိးက ေျပာျပလာပါတယ္။

‘’ ဒါက ကုိယ္ႀကိဳက္တဲ့ ေကာင္မေလးကုိ လာၿပီးေတာ့ ပုိးတဲ့ အခ်ိန္မွာ သီခ်င္းဆုိတဲ့ ဇာတ္ဝင္ခန္းေလးတစ္ခုေပါ့ေနာ္။ ဒါေလးက အေဖရယ္၊ သမီးရယ္၊ ကုိယ့္ခ်စ္သူရယ္ သုံးေယာက္ Playback ပုံစံမ်ဳိးနဲ႔ ဒါရုိက္တာကလည္း လုပ္ခ်င္တယ္ဆုိတာနဲ႔ ဒီသီခ်င္းကုိ ၾကက္ဖက သီခ်င္းေရးေပးျဖစ္တာေပါ့။ ကုိယ္ကုိယ္တုိင္ ဆုိျဖစ္တာကလည္း ဇာတ္ကားထဲမွာ ကုိယ္တုိင္ဆုိရမယ့္ ကာရုိက္တာျဖစ္လုိ႔ ဆုိျဖစ္တာပါ’’ လုိ႔ ဆက္လက္ေျပာျပခဲ့ပါတယ္။

ေနတုိးဟာ ၂၀၀၁ ခုႏွစ္မွစၿပီး ေခါင္းေဆာင္မင္းသားေနရာကေန ဇာတ္ကားေတြရုိက္ကူးခဲ့တဲ့ တာျဖစ္ပါတယ္။ သူ႔ကုိေတာ့ ၁၉၈၁ ခုႏွစ္ စက္တင္ဘာ(၉)ရက္ေန႕က ရခုိင္ျပည္နယ္ မာန္ေအာင္ၿမိဳ႕မွာ ေမြးဖြားခဲ့တဲ့ ရခိုင္တုိုင္းရင္းသားတစ္ေယာက္လည္း ျဖစ္ပါတယ္။ ၁၉၉၉ခုႏွစ္မွာ YIIK Modeling Agency မွာ သင္တန္းတက္ေရာက္ခဲ့ကာ အဆိုပိုင္းနဲ႕ပတ္သက္ၿပီး ဦးေစာႏုဆီမွာ သင္ယူခဲ့ပါတယ္။

အခုဆုိရင္ေတာ့ ေနတုိးရဲ႕ အႏုပညာသက္တမ္းဟာ ႏွစ္ေပါင္း ၂၀ရွိလုိ႔ေနပါၿပီ။ ဒီအေတာအတြင္းမွာလည္း သူဟာ သရုပ္ေဆာင္ အလုပ္ကုိလည္း တစ္စုိက္မတ္မတ္ေဆာင္ရြက္သူျဖစ္သလုိ ဂီတနဲ႔ ပတ္သက္ၿပီးေတာ့လည္း သီခ်င္းေတြ သီဆုိေရးဖြဲ႕ ခဲ့သူပါ။သူ သီဆုိထားတဲ့ သီခ်င္းေလးေတြကလည္း ပရိသတ္ေတြ အႀကိဳက္နဲ႔ ထပ္တူက်ခဲ့တာေၾကာင့္ေအာင္ျမင္မႈတစ္ခုကုိ ထပ္မံရရွိခ့ဲျပန္ပါေသးတယ္။

ေနတိုး(Nay Toe)က အကယ္ဒမီဆုမ်ားစြာ ပိုင္ဆိုင္ထားၿပီး ဂုဏ္သတင္းေကာင္းမ်ားနဲ႔ ရပ္တည္ေနတဲ့ ထိပ္တန္း မင္းသားတစ္လက္ ျဖစ္ပါတယ္။ မိုးညအိမ္မက္ျမဴ (၂၀၀၉)၊ နကၡတ္မွားတဲ့တိုက္ပြဲ (၂၀၁၅)၊ တာေတႀကီး (၂၀၁၇) စတဲ့ ရုပ္ရွင္ဇာတ္ကား(၃) ကားမွာ အေကာင္းဆံုး အမ်ဳိးသားဇာတ္ေဆာင္ဆုေတြကို ရ႐ွိထားပါတယ္။ ၂၀၁၉ ခုႏွစ္မွာေတာ့ Cult Critic Movie Award ႏိုင္ငံတကာ ရုပ္ရွင္ပြဲေတာ္ က ခ်ီးျမငိ့တဲ့ The Best Actor ဆုကုိ မဟူရာ ရုပ္ရွင္ရုံ ရုပ္ရွင္ကားနဲ႔ ရရွိခဲ့တာျဖစ္ပါတယ္။
Credit-Cele YatKwat

Unicode

နေတိုးဟာ ပြဿနာရုပ်ရှင်ဇာတ်ကားထဲမှာ ဇာတ်ဝင်တေးကို ကိုယ်တိုင်ပါဝင်သီဆိုဖြစ်တဲ့အကြောင်းပြောပြလာပါတယ်။ သူဟာ သီချင်းဆိုရာမှာ သာမကအသံတုလုပ်တဲ့နေရာမှာလည်းတကယ့်ကို ပါရမီရှင်တစ်ယောက်ဖြစ်ပါတယ်။

ပရိသတ်အချစ်တော် နေတိုးဟာ သရုပ်ေ ဆာင်အပိုင်းမှာသာမက သီချင်းဆိုတဲ့အပိုင်းမှာလည်း ကျွမ်းကျင်တဲ့သူတစ်ယောက်ပါ။ မေလ ၉ ရက်နေ့မှာ ရုံတင်ပြသမယ့် ပြဿနာရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း ဇာတ်ဝင်တေးကို နေတိုးကိုယ်တိုင် သီဆိုထားတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ လိုအပ်ရင်တော့ ကျွန်တော်တို့ အနေနဲ့ ကြိုးစားခွင့်လည်းရှိမယ်၊ ကိုယ်နဲ့လည်း အံဝင်ဂွင်ကျဖြစ်မယ့် ဟာမျိုးကိုတော့ သီဆိုဖြစ်တယ်။ ကိုယ် မဆိုဖြစ်တဲ့ ဇာတ်ကားတွေလည်း ရှိပါတယ်။ အဓိက ကတော့ ပရိသတ်အတွက်၊ ကာရိုက်တာအတွက် လိုအပ်မယ် ဆိုရင်တော့ ဆိုဖြစ်တာ များပါတယ်’’ လို့ သူကဆိုပါတယ်။

နေတိုးဟာ သီချင်းသီဆိုတက်ရုံသာမကပဲ အသံတု ပြောတဲ့နေရာမှာလည်း ကျွမ်းကျင်ပိုင်နိုင်သူ တစ်ဦးပါ။ ဒီလို အသံတု ပြောတတ်ဖို့ကလည်း သူကိုယ်တိုင် ကြိုးစားဖြစ်ခဲ့တဲ့ အကြောင်းတွေ ပြောပြခဲ့ပါတယ်။

‘’ အလုပ်ကပဲ ပြန်သင်ပေးသွားတာပေါ့နော်။ အမြဲတမ်းကတော့ ကြိုးစားနေရတာပေါ့။ ဘာကြောင့်လဲ ဆိုတော့ ကိုယ့်ဆီကို ရောက်လာမယ့် အခွင့်အရေးက ဘယ်လို ပုံစံမျိုးနဲ့ရောက်လာမယ်၊ ဘယ်လို အနုပညာစိန်ခေါ်မှုမျိုး ကိုယ့်ဆီရောက်လာမယ်ဆိုတာကို မသိနိုင်ဘူး။ ဘဝမှာ ဖြတ်သန်းနေတဲ့ အချိန်တိုင်း ကိုယ်က လေ့လာနေရတာပေါ့။ အဓိက ကတော့ ဘဝဖြတ်သန်းမှုကနေ သင်ကြားတာပေါ့နော်။ ဝါသနာပေါ်မှာ အခြေခံတဲ့ ပါရမီကြောင့်လည်း ပါမယ်လို့ ထင်ပါတယ်ခင်ဗျ’’ ဆိုပြီးတော့ ပြဿနာရုပ်ရှင်ကားကြီး အထူးပြပွဲမှာ ဖြေဆိုခဲ့တာပါ။

ပြဿနာရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း ဦးဇာဂနာနဲ့ အတူ ရုပ်ရှင်ဇာတ်ဝင်တေးသီချင်း သီဆိုဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း နေတိုးက ပြောပြလာပါတယ်။

‘’ ဒါက ကိုယ်ကြိုက်တဲ့ ကောင်မလေးကို လာပြီးတော့ ပိုးတဲ့ အချိန်မှာ သီချင်းဆိုတဲ့ ဇာတ်ဝင်ခန်းလေးတစ်ခုပေါ့နော်။ ဒါလေးက အဖေရယ်၊ သမီးရယ်၊ ကိုယ့်ချစ်သူရယ် သုံးယောက် Playback ပုံစံမျိုးနဲ့ ဒါရိုက်တာကလည်း လုပ်ချင်တယ်ဆိုတာနဲ့ ဒီသီချင်းကို ကြက်ဖက သီချင်းရေးပေးဖြစ်တာပေါ့။ ကိုယ်ကိုယ်တိုင် ဆိုဖြစ်တာကလည်း ဇာတ်ကားထဲမှာ ကိုယ်တိုင်ဆိုရမယ့် ကာရိုက်တာဖြစ်လို့ ဆိုဖြစ်တာပါ’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

နေတိုးဟာ ၂၀၀၁ ခုနှစ်မှစပြီး ခေါင်းဆောင်မင်းသားနေရာကနေ ဇာတ်ကားတွေရိုက်ကူးခဲ့တဲ့ တာဖြစ်ပါတယ်။ သူ့ကိုတော့ ၁၉၈၁ ခုနှစ် စက်တင်ဘာ(၉)ရက်နေ့က ရခိုင်ပြည်နယ် မာန်အောင်မြို့မှာ မွေးဖွားခဲ့တဲ့ ရခိုင်တိုင်းရင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။ ၁၉၉၉ခုနှစ်မှာ YIIK Modeling Agency မှာ သင်တန်းတက်ရောက်ခဲ့ကာ အဆိုပိုင်းနဲ့ပတ်သက်ပြီး ဦးစောနုဆီမှာ သင်ယူခဲ့ပါတယ်။

အခုဆိုရင်တော့ နေတိုးရဲ့ အနုပညာသက်တမ်းဟာ နှစ်ပေါင်း ၂၀ရှိလို့နေပါပြီ။ ဒီအတောအတွင်းမှာလည်း သူဟာ သရုပ်ဆောင် အလုပ်ကိုလည်း တစ်စိုက်မတ်မတ်ဆောင်ရွက်သူဖြစ်သလို ဂီတနဲ့ ပတ်သက်ပြီးတော့လည်း သီချင်းတွေ သီဆိုရေးဖွဲ့ ခဲ့သူပါ။သူ သီဆိုထားတဲ့ သီချင်းလေးတွေကလည်း ပရိသတ်တွေ အကြိုက်နဲ့ ထပ်တူကျခဲ့တာကြောင့်အောင်မြင်မှုတစ်ခုကို ထပ်မံရရှိခဲ့ပြန်ပါသေးတယ်။

နေတိုး(Nay Toe)က အကယ်ဒမီဆုများစွာ ပိုင်ဆိုင်ထားပြီး ဂုဏ်သတင်းကောင်းများနဲ့ ရပ်တည်နေတဲ့ ထိပ်တန်း မင်းသားတစ်လက် ဖြစ်ပါတယ်။ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊ တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာ ရုပ်ရှင်ပွဲတော် က ချီးမြငိ့တဲ့ The Best Actor ဆုကို မဟူရာ ရုပ်ရှင်ရုံ ရုပ်ရှင်ကားနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။
Credit-Cele YatKwat

Loading...
Show More

Related Articles

Back to top button
Close