နာမည်ကြီးပုဂ္ဂိုလ်များ

ချစ်သူသက်တမ်း (၃) နှစ်ပြည့်ခါနီးမှာ ချစ်သူဆရာဝန်မလေးနဲ့ လမ်းခွဲလိုက်ရတဲ့ အကြောင်းရင်းကိုပြောပြလာတဲ့ အောင်ရေချမ်း




Video Source-Myanmar Celebrity

Unicode

“ပျားရည်အိုင်”၊ “ကျွန်မက မဟေသီ” စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝ ရရှိထားတဲ့မင်းသားချောလေးအောင်ရေချမ်းကသရုပ်ဆောင်တဲ့နေရာမှာတကယ့်လက်တွေ့နဲ့မခြားသရုပ်ဆောင်နိုင်တာကြောင့် သဘာဝမင်းသားလို့တောင် တင်စားလို့ရပါတယ်။ အောင်ရေချမ်းကတစ်နေ့ထက်တစ်နေ့အောင်မြင်မှုတွေ ရရှိလာတာနဲ့အမျှ သူ့ရဲ့ အချစ်ရေးကိုလည်းပရိသတ်တွေကစိတ်ဝင်တစားနဲ့စောင့်ကြည့်ကြပါတယ်။အောင်ရေချမ်းက သုံးနှစ်တာမျှသက်တမ်းရှိတဲ့ ချစ်သူဘဝလေးကို ပိုင်ဆိုင်ထားသူမို့ ပရိသတ်တွေက အားကျနေကြတာဖြစ်ပါတယ်။

ဒါပေမယ့် စိတ်မကောင်းစွာနဲ့ပဲ အောင်ရေချမ်းနဲ့ သူ့ရဲ့ချစ်သူ ဆရာဝန်မလေးတို့က လမ်းခွဲလိုက်ပြီလို့ သိရပါတယ်။ အောင်ရေချမ်းနဲ့ သူ့ရဲ့ချစ်သူဆရာဝန်မလေးတို့ စုံတွဲလေးကို ပရိသတ်တွေက နှမြောတသဖြစ်ကြသလို တစ်ချို့ကတော့ ဆဲဆိုပြီး ဝေဖန်မှုတွေ ရှိခဲ့ကြပါတယ်။

အောင်ရေချမ်းကတော့သုံးနှစ်တာချစ်ခဲ့ကြတဲ့ချစ်သူဆရာဝန်မလေးနဲ့လမ်းခွဲခဲ့ကြတဲ့အကြောင်းရင်းကိုပရိသတ်ကိုပြောပြလာခဲ့ပါတယ်။ အောင်ရေချမ်းက “အနုပညာ အတွက် အချစ်ကို စွန့်လွှတ်ခဲ့တယ်။ ချစ်သူသက်တမ်း (၃) နှစ်ပြည့်ခါနီးမှာ အေးအေးလူလူ လမ်းခွဲလိုက်တယ်။ မဖြစ်နိုင်တဲ့ အခြေအနေမို့ပါ” လို့ ပြောလာခဲ့ပါတယ်။ ပရိသတ်ကြီးအတွက် အောင်ရေချမ်းရဲ့ interview ဗီဒီယိုဖိုင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

Loading...
Show More

Related Articles

Back to top button
Close