နာမည်ကြီးပုဂ္ဂိုလ်များ

မွေးနေ့မရောက်ခင်ကတည်းက ညီမနဲ့သူငယ်ချင်းဆီက တန်ဖိုးကြီးလက်ဆောင်တွေ ရရှိခဲ့တဲ့ ရွှေမှုံရတီ






credit – momolay

Unicode

နိုင်ငံကျော်မင်းသမီးချောလေး ရွှေမှုံရတီက ဆယ်ကျော်သက်အရွယ်တည်းက အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီးနောက် အခုချိန်ထိ အောင်မြင်မှုများစွာ ဆွတ်ခူုးထားတဲ့ ထိပ်တန်းမင်းသမီး တစ်ဦးအဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ရွှေမှုံရတီက လက်ရှိမှာတော့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်ရင်း ခင်ပွန်းဖြစ်သူ ရွှေထူးနဲ့ ချစ်ခင်သာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။

လာမယ့်မေလ (၁၆) ရက်နေ့ကတော့ ရွှေမှုံရတီရဲ့ မွေးနေ့လေး ဖြစ်ပြီး အသက် (၂၁) နှစ်ပြည့်တော့မှာပဲ ဖြစ်ပါတယ်။ ရွှေမှုံရတီက မွေးနေ့မရောက်ခင်ကတည်းက ညီမနဲ့ အချစ်ဆုံး သူငယ်ချင်းတွေဆီက မွေးနေ့လက်ဆောင်တွေ အသီးသီး ရရှိခဲ့ပြီပဲ ဖြစ်ပါတယ်။

ရွှေမှုံရတီရဲ့ ညီမအငယ်ဆုံးလေး ငွေမှုံရတီကတော့ အစ်မဖြစ်သူအတွက် နောက်ဆုံးပေါ် တန်ဖိုးကြီးပစ္စည်းဖြစ်တဲ့ (၆)သိန်းကျော်တန် i watch ကို လက်ဆောင်ဝယ်ပေးခဲ့တာ ဖြစ်ပါတယ်။

ရွှေမှုံရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်သူ Nan San Moil ကတော့ ရွှေမှုံ့ကို ကမ္ဘာကျော် Brand တစ်ခုဖြစ်တဲ့ Dior မှ လက်ဆောင်လေး ပေးခဲ့တာပဲ ဖြစ်ပါတယ်။

ရွှေမှုံရတီကတော့ သူမကိုချစ်ကြတဲ့ အသိုင်းအဝိုင်း ပတ်ဝန်းကျင်မှာ ပျော်ရွှင်နေတာ အားကျစရာပါပဲနော်။ ပရိသတ်ကြီးလဲ ရွှေမှုံရတီနဲ့ ငွေမှုံရတီတို့ရဲ့ ညီအစ်မဆက်ဆံရေးနဲ့ ရွှေမှုံရတီ ပိုင်ဆိုင်ထားတဲ့ သူငယ်ချင်းကောင်းလေးကို အားကျနေကြမယ်လို့ မျှော်လင့်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Source: Shwe Hmone Yati’s fb
credit – momolay

Loading...
Show More

Related Articles

Back to top button
Close