အလုပ္ပိခဲ့တဲ့ ဒဏ္ေတြေၾကာင့္ ေျမးေတြကိုေတာင္ ခ်ီပိုးဖို႔ အားမရွိဘူးဆိုတဲ့ ဆမ္မိုဟန္းဂ္

ေဟာင္ေကာင္ရုပ္ရွင္ခ်စ္သူေတြကေတာ့ ကြန္ဖူးဆရာၾကီးတစ္ေယာက္ျဖစ္တဲ့ဆမ္မိုဟန္းဂ္ကိုမွတ္မိၾကမွာပါ။အခုဆိုရင္ေတာ့ အသက္(၆၇) ႏွစ္ရွိၿပီျဖစ္တဲ့ ဆမ္မိုဟာေျမးေတြကိုခ်ီပိုးဖို႔ေတာင္လံုေလာက္တဲ့အင္အားမရွိေတာ့ပါဘူးလို႔အစီအစဥ္တစ္ခုမွာ ဆမ္မိုရဲ႕ ေခြ်းမျဖစ္သူက ေျပာျပခဲ့တာျဖစ္ပါတယ္။

၄င္းစကားေျပာအေမးအေျဖ အစီအစဥ္မွာပဲ ဆမ္မိုက သူဟာ (၁၉၈၆) ခုႏွစ္တုန္းက Lucky Stars Go Places အမည္ရတဲ့ ရုပ္ရွင္ရိုက္ကူးရင္းလက္က်ိဳးခဲ့ရေၾကာင္းလည္းေျပာျပပါတယ္။က်ိဳးသြားတဲ့လက္ကိုေဆးရံုမွာသြားျပေဆးစည္းၿပီး ခ်က္ျခင္းရိုက္ကြင္းကို ျပန္လာကာ ရိုက္ကူးေရးဆက္ခဲ့ရတာကိုလည္း ဆမ္မိုက ေျပာျပခဲ့ပါတယ္။သူဟာသူ႔အလုပ္အေပၚမွာ အရမ္းတန္ဖိုးထား ၾကိဳးစားလြန္းသူတစ္ေယာက္ ျဖစ္ပါတယ္။

ဆမ္မိုကသူ႔ဘ၀သက္တမ္းရဲ႕ထက္၀က္ကုိအလုပ္ထဲမွာပဲစိတ္ႏွစ္ထားခဲ့သူပါ။သူဟာသူေလွ်ာက္လွမ္းခဲ့တဲ့အႏုပညာခရီးလမ္းမွာ ဇာတ္ကားေပါင္း (၂၀၀) ေက်ာ္ကို ရိုက္ကူးၿပီးထုတ္လုပ္သူ၊ဇာတ္ညႊန္းေရးသူနဲ႔ဒါရိုက္တာအလုပ္ေတြကိုပါလုပ္ကိုင္ခဲ့တာ ျဖစ္ပါတယ္။သူငယ္စဥ္ထြားၾကိဳင္းသန္မာစဥ္တုန္းကေတာ့ဆမ္မိုဟာေပါ့ပါးဖ်တ္လတ္တဲ့ကြန္ဖူးပညာရွင္တစ္ေယာက္အျဖစ္လူသိမ်ားခဲ့ပါတယ္။

ဒါေပမယ့္ ဆယ္စုႏွစ္ေပါင္းမ်ားစြာ အက္ရွင္ဇာတ္ကားေတြကို ကိုယ္တိုင္ၾကိဳးစားပမ္းစားရိုက္ကူးခဲ့တဲ့ ဆမ္မိုရဲ႕ခႏၶာကိုယ္ဟာ အခုဆို အလုပ္ေလာဘၾကီးခဲ့မိျခင္းရဲ႕ ဒဏ္ေတြကို ျပန္ခံစားေနရပါၿပီ။ လြန္ခဲ့တဲ့ (၂) ႏွစ္ဒူးေခါင္းခြဲစိတ္မႈလုပ္ၿပီးကတည္းက မၾကာခဏဆိုသလိုဆမ္မိုကုိအျပင္မွာ၀ွီးခ်ဲလ္နဲ႔ေတြ႔ေနရပါၿပီ။“အေဖကလမ္းေတာ့ေလွ်ာက္ႏိုင္ပါတယ္။ဒါေပမယ့္ေရွာ့ပင္းေမာလ္လိုေနရာမ်ိဳးေတြကိုသြားရင္ေတာ့၀ီွးခ်ဲလ္ေပၚမွာထိုင္လိုက္တာကအေဖ့အတြက္ပုိသက္ေတာင့္သက္သာျဖစ္ေစပါတယ္…” လို႔ ေခြ်းမျဖစ္သူက ေျပာျပခဲ့ပါတယ္။

 

အခုဆိုရင္ေတာ့အလုပ္ကအနားယူၿပီျဖစ္တာေၾကာင့္အသက္(၇၀)နားကပ္ေနၿပီျဖစ္တဲ့ဆမ္မိုဟာအိမ္မွာဟင္းခ်က္ေနတယ္လို႔သိရပါတယ္။ဆမ္မိုကသူဟာဟင္းခ်က္၀ါသနာပါေၾကာင္းနဲ႔သူငယ္ငယ္တုန္းကေတာ့တကယ္လို႔သရုပ္ေဆာင္အလုပ္မွာအဆင္မေျပရင္ စားဖိုမႈးလုပ္ဖို႔ စိတ္ကူးထားခဲ့ေၾကာင္းလည္း ေျပာျပခဲ့ပါေသးတယ္။

CRD-လင္းလင္း (ShweMom)

Unicode

ဟောင်ကောင်ရုပ်ရှင်ချစ်သူတွေကတော့ ကွန်ဖူးဆရာကြီးတစ်ယောက်ဖြစ်တဲ့ဆမ်မိုဟန်းဂ်ကိုမှတ်မိကြမှာပါ။အခုဆိုရင်တော့ အသက်(၆၇) နှစ်ရှိပြီဖြစ်တဲ့ ဆမ်မိုဟာမြေးတွေကိုချီပိုးဖို့တောင်လုံလောက်တဲ့အင်အားမရှိတော့ပါဘူးလို့အစီအစဉ်တစ်ခုမှာ ဆမ်မိုရဲ့ ချွေးမဖြစ်သူက ပြောပြခဲ့တာဖြစ်ပါတယ်။

၎င်းစကားပြောအမေးအဖြေ အစီအစဉ်မှာပဲ ဆမ်မိုက သူဟာ (၁၉၈၆) ခုနှစ်တုန်းက Lucky Stars Go Places အမည်ရတဲ့ ရုပ်ရှင်ရိုက်ကူးရင်းလက်ကျိုးခဲ့ရကြောင်းလည်းပြောပြပါတယ်။ကျိုးသွားတဲ့လက်ကိုဆေးရုံမှာသွားပြဆေးစည်းပြီး ချက်ခြင်းရိုက်ကွင်းကို ပြန်လာကာ ရိုက်ကူးရေးဆက်ခဲ့ရတာကိုလည်း ဆမ်မိုက ပြောပြခဲ့ပါတယ်။သူဟာသူ့အလုပ်အပေါ်မှာ အရမ်းတန်ဖိုးထား ကြိုးစားလွန်းသူတစ်ယောက် ဖြစ်ပါတယ်။

ဆမ်မိုကသူ့ဘဝသက်တမ်းရဲ့ထက်ဝက်ကိုအလုပ်ထဲမှာပဲစိတ်နှစ်ထားခဲ့သူပါ။သူဟာသူလျှောက်လှမ်းခဲ့တဲ့အနုပညာခရီးလမ်းမှာ ဇာတ်ကားပေါင်း (၂၀၀) ကျော်ကို ရိုက်ကူးပြီးထုတ်လုပ်သူ၊ဇာတ်ညွှန်းရေးသူနဲ့ဒါရိုက်တာအလုပ်တွေကိုပါလုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။သူငယ်စဉ်ထွားကြိုင်းသန်မာစဉ်တုန်းကတော့ဆမ်မိုဟာပေါ့ပါးဖျတ်လတ်တဲ့ကွန်ဖူးပညာရှင်တစ်ယောက်အဖြစ်လူသိများခဲ့ပါတယ်။

ဒါပေမယ့် ဆယ်စုနှစ်ပေါင်းများစွာ အက်ရှင်ဇာတ်ကားတွေကို ကိုယ်တိုင်ကြိုးစားပမ်းစားရိုက်ကူးခဲ့တဲ့ ဆမ်မိုရဲ့ခန္ဓာကိုယ်ဟာ အခုဆို အလုပ်လောဘကြီးခဲ့မိခြင်းရဲ့ ဒဏ်တွေကို ပြန်ခံစားနေရပါပြီ။ လွန်ခဲ့တဲ့ (၂) နှစ်ဒူးခေါင်းခွဲစိတ်မှုလုပ်ပြီးကတည်းက မကြာခဏဆိုသလိုဆမ်မိုကိုအပြင်မှာဝှီးချဲလ်နဲ့တွေ့နေရပါပြီ။“အဖေကလမ်းတော့လျှောက်နိုင်ပါတယ်။ဒါပေမယ့်ရှော့ပင်းမောလ်လိုနေရာမျိုးတွေကိုသွားရင်တော့ဝှီးချဲလ်ပေါ်မှာထိုင်လိုက်တာကအဖေ့အတွက်ပိုသက်တောင့်သက်သာဖြစ်စေပါတယ်…” လို့ ချွေးမဖြစ်သူက ပြောပြခဲ့ပါတယ်။

အခုဆိုရင်တော့အလုပ်ကအနားယူပြီဖြစ်တာကြောင့်အသက်(၇၀)နားကပ်နေပြီဖြစ်တဲ့ဆမ်မိုဟာအိမ်မှာဟင်းချက်နေတယ်လို့သိရပါတယ်။ဆမ်မိုကသူဟာဟင်းချက်ဝါသနာပါကြောင်းနဲ့သူငယ်ငယ်တုန်းကတော့တကယ်လို့သရုပ်ဆောင်အလုပ်မှာအဆင်မပြေရင် စားဖိုမှုးလုပ်ဖို့ စိတ်ကူးထားခဲ့ကြောင်းလည်း ပြောပြခဲ့ပါသေးတယ်။

CRD-လင်းလင်း (ShweMom)

Leave a Reply

Your email address will not be published. Required fields are marked *