ခရီးသည္ ၃၅ ဦးရဲ႕ အသက္ကို ကယ္တင္ခဲ့တဲ့ အေမ့ေလ်ာ့ခံ သူရဲေကာင္း အင္ဂ်င္နီယာ ၅ ဦး

လြန္ခဲ့တဲ့၆ရက္က အမ်ိဳးမ်ိဳးအဖံုအဖံု ဂယက္ထခဲ့ ထဆဲ ဘဂၤလားေဒ့ခ်္ႏိုင္ငံ Biman ေလေၾကာင္းလိုင္း၏ ေလယာဥ္ခရီးစဥ္အမွတ္ BG 060 ရန္ကုန္ေလဆိပ္မွာ ေျပးလမ္းေခ်ာ္ခဲ့စဥ္က ကိုယ္တိုင္ၾကံဳေတြ႕ကယ္တင္ခဲ့သူတစ္ဦးနဲ႔ ကၽြန္ေတာ္တို႔ ပုဂံသားအဖြဲ႕ ေတြ႕ဆံုေမးျမန္းကာ ဒီစာစုကို ေရးပါတယ္။

အဲ့ဒီ့ေန႔က က်ေနာ္တို႔ အင္ဂ်င္နီယာအဖြဲ႕ ရန္ကုန္ေလဆိပ္ႀကီးရဲ႕ ထပ္တိုး ေလယာဥ္ရပ္နားရာ ပါကင္ဘီမွာ က်ေနာ္တို႔ေလယာဥ္အတြက္ ျပဳျပင္စရာ လုပ္ငန္းေဆာင္တာေလးေတြရွိလို႔ အင္ဂ်င္အပူခ်ိန္က်ေအာင္ ကြင္းထဲမွာေစာင့္ေနတုန္း မိုးေတြသည္းလာလို႔ ထံုစံအတိုင္း ခိုနားရာ ေလဆိ္ပ္ရဲနားေနေဆာင္ေလးရဲ႕ တံစပ္ၿမိတ္ေအာက္ မိုးခိုေနတုန္း ျဗံဳး ဆို ေလယာဥ္တစ္စီး ေလဆိပ္တာမင္နယ္ ၃ နားေလာက္မွာ က်လာတယ္။ ပံုမွန္ဆို ဒီေနရာဟာ အရွိန္ေလ်ာ့ၿပီး ေျပးလမ္းကဖယ္ရေတာ့မဲ့ေနရာမ်ိဳးျဖစ္ေပမဲ့ ဒီေလယာဥ္ကေတာ့ ေျမျပင္ေပၚအထိေနာက္က်ခဲ့ပါၿပီ။ ဟာ သြားၿပီလို႔ က်ေနာ္တို႔တြက္ဆလိုက္မိၿပီး တဖြဲ႕လံုး က်ေနာ္တို႔ကားေလးေပၚေျပးတက္ၿပီး အဲ့ေလယာဥ္ေနာက္ တဟုန္ထိုး လိုက္ခဲ့ပါတယ္။ ထင္တဲ့အတိုင္း ဖုန္း ဒိုင္းနဲ႔ ေလယာဥ္က ေျပးလမ္းအေက်ာ္ ျမက္ဖုတ္ထဲမွာ ရပ္ပါတယ္။

ဒါကေတာ့ အားလံုးသိၾကတဲ့ ေမလ၈ရက္ေန႔ည ၆နာရီ၅၁မိနစ္က ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဒါကာၿမိဳ႕ကေန ရန္ကုန္ကိုအဆင္းမွာ ေျပးလမ္းေက်ာ္ခဲ့တဲ့ Biman ေလယာဥ္ပ်ံ သံုးပိုင္းက်ိဳးၿပီး ခရီးသည္ေတြဒဏ္ရာရခဲ့တဲ့ ညေနက အျဖစ္အပ်က္ပါ။ ဒီျဖစ္စဥ္မွာ ေလယာဥ္မီးမေလာင္ပဲ ခရီးသည္ ေလယာဥ္အမႈထမ္းေတြအပါအဝင္ လူ၃၅ဦးရဲ႕အသက္ကို မည္သည့္ကယ္ဆယ္ေရးအဖြဲ႕မွမေရာက္ခင္ အခ်ိန္မီကယ္တင္ေပးခဲ့တဲ့ အညတရ သူရဲေကာင္း ၅ဦးရွိခဲ့ပါတယ္။

သူတို႔၅ဦးက အထက္မွာ ေဖာ္ျပခဲ့သလို ပ်က္က်ၿပီလို႔သိလိုက္ရခ်ိန္ထဲက ေလယာဥ္ေနာက္ကိုလိုက္ခဲ့လို႔ အရင္ဆံုး ေလယာဥ္ပ်ံပ်က္နားကိုေရာက္ခဲ့ၾကသူေတြေပါ့။ ဒီ၃၅ဦး ကံေကာင္းခဲ့တာက သူတို႔ဟာ ေလယာဥ္နဲ႔ပတ္သတ္လို႔ လံုေလာက္တဲ့ အေတြ႕အၾကံဳဗဟုသုတေတြ ရွိၾကသူေတြျဖစ္တဲ့ အင္ဂ်င္နီယာဌာနမွ လုပ္သက္ရင့္ဝန္ထမ္းေတြျဖစ္ခဲ့ၾကလို႔ပါပဲ။ သူတို႔ေရာက္သြားခ်ိန္မွာ ေလယာဥ္တစ္စီးလံုးလႈပ္ရွားမႈ တစ္စံုတစ္ရာမရွိပဲ တံခါးေတြလဲ ပိတ္လွ်က္သားအေျခအေနျဖစ္ၿပီး အင္ဂ်င္နဲ႔ ေတာင္ပံအစပ္ေတြမွာ ေလယာဥ္ဆီေတြ ယိုဖိတ္ၿပီး ခရီးသည္ခန္းအတြင္းမွာလဲ မီးေတြလင္းလွ်က္သားရွိေနတုန္းပါ။ ဒါဟာ အခ်ိန္မေရြးထေပါက္ကြဲႏိုင္တယ္ဆိုတာ ေဟာလိဝုဒ္ကား ၾကည့္ဖူးသူတိုင္းသိႏိုင္ပါတယ္။

ရသမွ်တံခါးေပါက္ေတြလိုက္ဖြင့္ၾကည့္ေတာ့ ေနာက္ဆံုး ေလယာဥ္ေပၚ စားစရာေတြတင္တဲ့ တံခါးေပါက္ပြင့္ အဲ့ကေန ဝင္၊ ေလယာဥ္မယ္ေတြ ဒဏ္ရာရ မထႏိုင္ သူတို႔လက္ကို အတင္းကိုင္လို႔ ကယ္ပါယူပါ တဆာဆာနဲ႔။ ဝင္ရတဲ့အေပါက္ကေန တျခားအေရးေပၚထြက္ေပါက္ေတြဖြင့္၊ဖြင့္လို႔ရတာအကုန္လိုက္ဖြင့္ၾက။ မီးသတ္ေတြေရာက္လာ။ ေလယာဥ္ဆီယိုတဲ့ေနရာေတြကို ျဖန္းခိုင္းထား ။ ေနာက္ ခဏရပ္ခိုင္း။ ခရီးသည္ေတြ ေလယာဥ္မယ္ေတြ ေပြ႕သယ္ထုတ္။ ပိုင္းေလာ့မွာလဲ မထႏိုင္၊ ေလယာဥ္ အင္ဂ်င္နီယာလဲ မလႈပ္ႏိုင္ မွင္သက္ေန။ လွ်ပ္စစ္စနစ္ေတြကို အရင္ ပိတ္ပစ္မွ မီးေဘး အႏၲရာယ္က ကင္းမယ္ ။ ဒီေလယာဥ္ရဲ႕ ဘတၳရီေတြ ဘယ္မွာထားလဲေမး။ ေလယာဥ္တစ္စီးနဲ႔တစ္စီး ေနရာ အထားအသိုမတူဘူးေလ။ အဲ့ေတာ့မွ အင္ဂ်င္နီယာ အသိ ဝင္လာၿပီးသူတို႔ကို ေျပာ။ အဆိုပါေလယာဥ္က ဘတၳရီ ၃လံုး လံုးက ပလပ္ေခါင္းေတြ အျမန္ေျပးျဖဳတ္ၾက။

ပိုင္းေလာ့ေတြကို ထုတ္ဖို႔ ေလယာဥ္ေခါင္မိုးေပၚက အေပါက္တက္ဖြင့္ အျပင္ကယ္ထုတ္ ။ မိနစ္ပိုင္းေလးအတြင္းမွာ လုပ္စရာရွိတာေတြ လူခြဲၿပီးအျမန္လႈပ္ရွားႏိုင္ခဲ့။ ရန္ကုန္အဲယားေဝးက အသံၾကားလိုက္တဲ့ သူတို႔လိုပဲ အင္ဂ်င္နီယာအဖြဲ႕ေတြေရာက္လာ။ အို အေသးစိတ္ေရးရင္ ကုန္ႏိုင္ဖြယ္ရာမရွိေတာ့။ မီးသတ္တပ္ဖြဲ႕ကလဲ သူတို႔ေျပာသလို ပူးေပါင္းလုပ္ေဆာင္ေပးၾက။ ေနာက္ပိုင္း တာဝန္ရွိသူေတြ ေရာက္လာ ၾကန္႔ၾကာမႈေတြေၾကာင့္ ေဘးကေန အားမလိုအားမရျဖစ္မိေပမဲ့ ခရီးသည္ေတြ အားလံုး အသက္ေဘးကေတာ့ လြတ္ခဲ့ၿပီးၿပီေလ။

တာဝန္ရွိသူေတြက ခရီးသည္နဲ႔ေလယာဥ္ဝန္ထမ္းအဖြဲ႕ေတြ အားလံုးကို ေလဆိပ္ခန္းမေဆာင္ထဲ ေရႊ႕ေျပာင္းသည္ပို႔။ မိုးထဲေရထဲမွာ အားလံုး ပီတိအျပံဳးေတြနဲ႔ က်န္ခဲ့ၾက ။ တကယ္လို႔ သူတို႔သာ အခ်ိန္မီ မေရာက္သြားၾကဖူးဆိုရင္ ။ သူတို႔မွာသာ လံုေလာက္တဲ့ တုန္႔ျပန္မႈ အသိပညာ အေတြ႕အၾကံဳ မရွိခဲ့ဖူးဆိုရင္ ။

Biman ေလေၾကာင္းလိုင္း၏ ေလယာဥ္ခရီးစဥ္အမွတ္ BG 060 ရန္ကုန္ေလဆိပ္မွာ ေျပးလမ္းေခ်ာ္ခဲ့စဥ္က မိမိအသက္ကို ပဓာနမထားပဲ စြန္႔စြန္႔စားစား လ်င္လ်င္ျမန္ျမန္ မွန္မွန္ကန္ကန္ ကယ္တင္ေပးလိုက္ႏိုင္ေသာ unsung heroes အေမ့ေလ်ာ့ခံ မန္းရတနာပံုေလေၾကာင္းလိုင္း အင္ဂ်င္နီယာဌာနမွ ဝန္ထမ္း၅ဦးကို ေလးစားစြာ ဂုဏ္ျပဳလိုက္ရပါတယ္။

Written by Baganthar Team #Baganthar #Biman #crash #unsung #heroes #savelifes #rescue

Unicode

လွန်ခဲ့တဲ့၆ရက်က အမျိုးမျိုးအဖုံအဖုံ ဂယက်ထခဲ့ ထဆဲ ဘင်္ဂလားဒေ့ချ်နိုင်ငံ Biman လေကြောင်းလိုင်း၏ လေယာဉ်ခရီးစဉ်အမှတ် BG 060 ရန်ကုန်လေဆိပ်မှာ ပြေးလမ်းချော်ခဲ့စဉ်က ကိုယ်တိုင်ကြုံတွေ့ကယ်တင်ခဲ့သူတစ်ဦးနဲ့ ကျွန်တော်တို့ ပုဂံသားအဖွဲ့ တွေ့ဆုံမေးမြန်းကာ ဒီစာစုကို ရေးပါတယ်။

အဲ့ဒီ့နေ့က ကျနော်တို့ အင်ဂျင်နီယာအဖွဲ့ ရန်ကုန်လေဆိပ်ကြီးရဲ့ ထပ်တိုး လေယာဉ်ရပ်နားရာ ပါကင်ဘီမှာ ကျနော်တို့လေယာဉ်အတွက် ပြုပြင်စရာ လုပ်ငန်းဆောင်တာလေးတွေရှိလို့ အင်ဂျင်အပူချိန်ကျအောင် ကွင်းထဲမှာစောင့်နေတုန်း မိုးတွေသည်းလာလို့ ထုံစံအတိုင်း ခိုနားရာ လေဆိပ်ရဲနားနေဆောင်လေးရဲ့ တံစပ်မြိတ်အောက် မိုးခိုနေတုန်း ဗြုံး ဆို လေယာဉ်တစ်စီး လေဆိပ်တာမင်နယ် ၃ နားလောက်မှာ ကျလာတယ်။ ပုံမှန်ဆို ဒီနေရာဟာ အရှိန်လျော့ပြီး ပြေးလမ်းကဖယ်ရတော့မဲ့နေရာမျိုးဖြစ်ပေမဲ့ ဒီလေယာဉ်ကတော့ မြေပြင်ပေါ်အထိနောက်ကျခဲ့ပါပြီ။ ဟာ သွားပြီလို့ ကျနော်တို့တွက်ဆလိုက်မိပြီး တဖွဲ့လုံး ကျနော်တို့ကားလေးပေါ်ပြေးတက်ပြီး အဲ့လေယာဉ်နောက် တဟုန်ထိုး လိုက်ခဲ့ပါတယ်။ ထင်တဲ့အတိုင်း ဖုန်း ဒိုင်းနဲ့ လေယာဉ်က ပြေးလမ်းအကျော် မြက်ဖုတ်ထဲမှာ ရပ်ပါတယ်။

ဒါကတော့ အားလုံးသိကြတဲ့ မေလ၈ရက်နေ့ည ၆နာရီ၅၁မိနစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ကနေ ရန်ကုန်ကိုအဆင်းမှာ ပြေးလမ်းကျော်ခဲ့တဲ့ Biman လေယာဉ်ပျံ သုံးပိုင်းကျိုးပြီး ခရီးသည်တွေဒဏ်ရာရခဲ့တဲ့ ညနေက အဖြစ်အပျက်ပါ။ ဒီဖြစ်စဉ်မှာ လေယာဉ်မီးမလောင်ပဲ ခရီးသည် လေယာဉ်အမှုထမ်းတွေအပါအဝင် လူ၃၅ဦးရဲ့အသက်ကို မည်သည့်ကယ်ဆယ်ရေးအဖွဲ့မှမရောက်ခင် အချိန်မီကယ်တင်ပေးခဲ့တဲ့ အညတရ သူရဲကောင်း ၅ဦးရှိခဲ့ပါတယ်။

သူတို့၅ဦးက အထက်မှာ ဖော်ပြခဲ့သလို ပျက်ကျပြီလို့သိလိုက်ရချိန်ထဲက လေယာဉ်နောက်ကိုလိုက်ခဲ့လို့ အရင်ဆုံး လေယာဉ်ပျံပျက်နားကိုရောက်ခဲ့ကြသူတွေပေါ့။ ဒီ၃၅ဦး ကံကောင်းခဲ့တာက သူတို့ဟာ လေယာဉ်နဲ့ပတ်သတ်လို့ လုံလောက်တဲ့ အတွေ့အကြုံဗဟုသုတတွေ ရှိကြသူတွေဖြစ်တဲ့ အင်ဂျင်နီယာဌာနမှ လုပ်သက်ရင့်ဝန်ထမ်းတွေဖြစ်ခဲ့ကြလို့ပါပဲ။ သူတို့ရောက်သွားချိန်မှာ လေယာဉ်တစ်စီးလုံးလှုပ်ရှားမှု တစ်စုံတစ်ရာမရှိပဲ တံခါးတွေလဲ ပိတ်လျှက်သားအခြေအနေဖြစ်ပြီး အင်ဂျင်နဲ့ တောင်ပံအစပ်တွေမှာ လေယာဉ်ဆီတွေ ယိုဖိတ်ပြီး ခရီးသည်ခန်းအတွင်းမှာလဲ မီးတွေလင်းလျှက်သားရှိနေတုန်းပါ။ ဒါဟာ အချိန်မရွေးထပေါက်ကွဲနိုင်တယ်ဆိုတာ ဟောလိဝုဒ်ကား ကြည့်ဖူးသူတိုင်းသိနိုင်ပါတယ်။

ရသမျှတံခါးပေါက်တွေလိုက်ဖွင့်ကြည့်တော့ နောက်ဆုံး လေယာဉ်ပေါ် စားစရာတွေတင်တဲ့ တံခါးပေါက်ပွင့် အဲ့ကနေ ဝင်၊ လေယာဉ်မယ်တွေ ဒဏ်ရာရ မထနိုင် သူတို့လက်ကို အတင်းကိုင်လို့ ကယ်ပါယူပါ တဆာဆာနဲ့။ ဝင်ရတဲ့အပေါက်ကနေ တခြားအရေးပေါ်ထွက်ပေါက်တွေဖွင့်၊ဖွင့်လို့ရတာအကုန်လိုက်ဖွင့်ကြ။ မီးသတ်တွေရောက်လာ။ လေယာဉ်ဆီယိုတဲ့နေရာတွေကို ဖြန်းခိုင်းထား ။ နောက် ခဏရပ်ခိုင်း။ ခရီးသည်တွေ လေယာဉ်မယ်တွေ ပွေ့သယ်ထုတ်။ ပိုင်းလော့မှာလဲ မထနိုင်၊ လေယာဉ် အင်ဂျင်နီယာလဲ မလှုပ်နိုင် မှင်သက်နေ။ လျှပ်စစ်စနစ်တွေကို အရင် ပိတ်ပစ်မှ မီးဘေး အန္တရာယ်က ကင်းမယ် ။ ဒီလေယာဉ်ရဲ့ ဘတ္ထရီတွေ ဘယ်မှာထားလဲမေး။ လေယာဉ်တစ်စီးနဲ့တစ်စီး နေရာ အထားအသိုမတူဘူးလေ။ အဲ့တော့မှ အင်ဂျင်နီယာ အသိ ဝင်လာပြီးသူတို့ကို ပြော။ အဆိုပါလေယာဉ်က ဘတ္ထရီ ၃လုံး လုံးက ပလပ်ခေါင်းတွေ အမြန်ပြေးဖြုတ်ကြ။

ပိုင်းလော့တွေကို ထုတ်ဖို့ လေယာဉ်ခေါင်မိုးပေါ်က အပေါက်တက်ဖွင့် အပြင်ကယ်ထုတ် ။ မိနစ်ပိုင်းလေးအတွင်းမှာ လုပ်စရာရှိတာတွေ လူခွဲပြီးအမြန်လှုပ်ရှားနိုင်ခဲ့။ ရန်ကုန်အဲယားဝေးက အသံကြားလိုက်တဲ့ သူတို့လိုပဲ အင်ဂျင်နီယာအဖွဲ့တွေရောက်လာ။ အို အသေးစိတ်ရေးရင် ကုန်နိုင်ဖွယ်ရာမရှိတော့။ မီးသတ်တပ်ဖွဲ့ကလဲ သူတို့ပြောသလို ပူးပေါင်းလုပ်ဆောင်ပေးကြ။ နောက်ပိုင်း တာဝန်ရှိသူတွေ ရောက်လာ ကြန့်ကြာမှုတွေကြောင့် ဘေးကနေ အားမလိုအားမရဖြစ်မိပေမဲ့ ခရီးသည်တွေ အားလုံး အသက်ဘေးကတော့ လွတ်ခဲ့ပြီးပြီလေ။

တာဝန်ရှိသူတွေက ခရီးသည်နဲ့လေယာဉ်ဝန်ထမ်းအဖွဲ့တွေ အားလုံးကို လေဆိပ်ခန်းမဆောင်ထဲ ရွှေ့ပြောင်းသည်ပို့။ မိုးထဲရေထဲမှာ အားလုံး ပီတိအပြုံးတွေနဲ့ ကျန်ခဲ့ကြ ။ တကယ်လို့ သူတို့သာ အချိန်မီ မရောက်သွားကြဖူးဆိုရင် ။ သူတို့မှာသာ လုံလောက်တဲ့ တုန့်ပြန်မှု အသိပညာ အတွေ့အကြုံ မရှိခဲ့ဖူးဆိုရင် ။

Biman လေကြောင်းလိုင်း၏ လေယာဉ်ခရီးစဉ်အမှတ် BG 060 ရန်ကုန်လေဆိပ်မှာ ပြေးလမ်းချော်ခဲ့စဉ်က မိမိအသက်ကို ပဓာနမထားပဲ စွန့်စွန့်စားစား လျင်လျင်မြန်မြန် မှန်မှန်ကန်ကန် ကယ်တင်ပေးလိုက်နိုင်သော unsung heroes အမေ့လျော့ခံ မန်းရတနာပုံလေကြောင်းလိုင်း အင်ဂျင်နီယာဌာနမှ ဝန်ထမ်း၅ဦးကို လေးစားစွာ ဂုဏ်ပြုလိုက်ရပါတယ်။

Written by Baganthar Team #Baganthar #Biman #crash #unsung #heroes #savelifes #rescue

Leave a Reply

Your email address will not be published. Required fields are marked *