ေနျပန္ေကာင္းလာျပီး အခ်စ္သီခ်င္းအသစ္ေတြ အမ်ားၾကီး ဆိုျပေတာ႔မယ္႔ ဆိုေတး

လြန္ခဲ့တဲ့ ႏွစ္ေတြတုန္းက သီခ်င္းေအးေအးေလးေတြနဲ႔ ပရိသတ္ေတြ ရင္ထဲကို ေရာက္ေအာင္ သီဆိုႏိုင္တဲ့ အဆိုေတာ္ဆိုေတး တေယာက္ကေတာ့ ကားမေတာ္တဆမႈ ျဖစ္ခဲ့ျပီး ႏွစ္အေတာ္ၾကာ ေဆးကုသမႈ ခံယူခဲ့ရတာေၾကာင့္ အႏုပညာေလာကနဲ႔ အဆက္အသြယ္ျပတ္သြားတာ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ဆိုေတးအေနနဲ႔ က်န္းမာေရးကေတာ့ လံုးဝလူေကာင္းတေယာက္လို ျပန္ျဖစ္လာျပီး သူ႔ပရိသတ္ၾကီးအတြက္လည္း အခ်စ္သီခ်င္းေတြ အမ်ားၾကီး ထြက္လာမယ္လို႔ ေျပာၾကားသြား ခဲ့ပါတယ္။

အဆိုေတာ္ ဆိုေတးကေတာ့ MC နဲ႔ အင္တာဗ်ဴးတြင္ “က်ေနာ္က်န္းမာေရးေကာင္းေနျပီ။ ေဆးေတာ့ နည္းနည္းေသာက္ေနရေသးတယ္။ အားလံုးလည္း အဆင္ေျပေနပါျပီ။ ဆရာဝန္ေတြရဲ့ ေက်းဇူးမိဘေတြေက်းဇူးေၾကာင့္ အဆင္ေျပေနပါျပီ”

ဝိတ္ခ်ဖို႔ အစီအစဥ္ရွိေသးလားဆိုတဲ့ အေပၚမွာ “ဝတုတ္ၾကီး မျဖစ္ေသးဘူးေလ။ ျပည့္ေနတဲ့ အဆင့္ပဲ ရွိေသးတယ္။ ဆရာဝန္ေတြ ေပးတဲ့ေဆးေတြေသာက္တယ္။ အဲ့ေဆးေတြေသာက္ျပီးရင္ အရမ္းစားေကာင္းတယ္။ အရမ္းလည္းအိပ္တယ္။ အရမ္းမိုက္တယ္။ ဆရာဝန္ေတြ က်ေနာ့္မိဘေတြနဲ႔ ပရိသတ္ေတြကိုလည္း က်ေနာ္ ေက်းဇူးတင္ပါတယ္”

သီခ်င္းသစ္ေတြ လာဖို႔ရွိလားဆိုတဲ့ အေပၚမွာ “က်ေနာ္ ပရိသတ္အတြက္ အခ်စ္သီခ်င္းအသစ္ေတြ အမ်ားၾကီး ေရးေပးထားတယ္။ ဒါေၾကာင့္ထြက္လာရင္ တခါတည္းလည္း VCD ျဖစ္ရင္ျဖစ္မယ္။ အတြဲေခြျဖစ္ရင္လည္း ျဖစ္မယ္။ ထံုးစံအတိုင္း က်ေနာ္ပံုစံလို အခ်စ္သီခ်င္းေတြပါပဲ။ ပရိသတ္ကို ခ်ျပမွာပါ။ ေစာင့္ေမွ်ာ္ေပးၾကပါဦးဗ်ာ။ ပရိသတ္ေတြကိုလည္း က်ေနာ္အရမ္းခ်စ္ပါတယ္။ သီခ်င္းေတြကေတာ့ ေသခ်ာေပါက္ထြက္လာမွာပါ”

သီခ်င္းေတြ ဖန္တီးတဲ့ေနရာမွာ အရင္လိုပဲလား လိုအပ္ခ်က္ေတြ ရွိလာျပီလားဆိုတဲ့ အေပၚမွာေတာ့ “လိုအပ္ခ်က္ကေတာ့ ရွိလာျပီဗ်ာ။ က်ေနာ္တေနရာရာကို သြားရင္ မ်က္လံုးဝါးေနတယ္။ မေတာ္တဆျဖစ္ျပီး မ်က္လံုးထိထားေတာ့ အျမင္ေတြက သိပ္ျပီးမရွင္းမရွင္းျဖစ္တယ္။ အဲ့ေတာ့ ကားေမာင္းေပးမယ့္သူ မရွိရင္ က်ေနာ္အဆင္မေျပဘူး။ စိတ္ပဲရွိတယ္။ လူကမေရာက္ဘူး ျဖစ္ေနတာ။ အဲ့ေၾကာင့္ ေႏွးတာျမန္တာေတြ ျဖစ္လာပါတယ္။ ေနမေကာင္းျပီးေတာ့ က်ေနာ္ အသံမလိုက္ႏိုင္ေတာ့ဘူးေလ။ အသံက ဆြဲသလိုမ်ိဳး ျဖစ္ေနတယ္။ လည္ေခ်ာင္းထဲက ပိုက္ထည့္ထားေတာ့ အသံနာလာတယ္” ဟု ေျပာၾကားသြား ခဲ့ပါတယ္။

crdit- nanmalgyi

Unicode

လွန်ခဲ့တဲ့ နှစ်တွေတုန်းက သီချင်းအေးအေးလေးတွေနဲ့ ပရိသတ်တွေ ရင်ထဲကို ရောက်အောင် သီဆိုနိုင်တဲ့ အဆိုတော်ဆိုတေး တယောက်ကတော့ ကားမတော်တဆမှု ဖြစ်ခဲ့ပြီး နှစ်အတော်ကြာ ဆေးကုသမှု ခံယူခဲ့ရတာကြောင့် အနုပညာလောကနဲ့ အဆက်အသွယ်ပြတ်သွားတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဆိုတေးအနေနဲ့ ကျန်းမာရေးကတော့ လုံးဝလူကောင်းတယောက်လို ပြန်ဖြစ်လာပြီး သူ့ပရိသတ်ကြီးအတွက်လည်း အချစ်သီချင်းတွေ အများကြီး ထွက်လာမယ်လို့ ပြောကြားသွား ခဲ့ပါတယ်။

အဆိုတော် ဆိုတေးကတော့ MC နဲ့ အင်တာဗျူးတွင် “ကျနော်ကျန်းမာရေးကောင်းနေပြီ။ ဆေးတော့ နည်းနည်းသောက်နေရသေးတယ်။ အားလုံးလည်း အဆင်ပြေနေပါပြီ။ ဆရာဝန်တွေရဲ့ ကျေးဇူးမိဘတွေကျေးဇူးကြောင့် အဆင်ပြေနေပါပြီ”

ဝိတ်ချဖို့ အစီအစဉ်ရှိသေးလားဆိုတဲ့ အပေါ်မှာ “ဝတုတ်ကြီး မဖြစ်သေးဘူးလေ။ ပြည့်နေတဲ့ အဆင့်ပဲ ရှိသေးတယ်။ ဆရာဝန်တွေ ပေးတဲ့ဆေးတွေသောက်တယ်။ အဲ့ဆေးတွေသောက်ပြီးရင် အရမ်းစားကောင်းတယ်။ အရမ်းလည်းအိပ်တယ်။ အရမ်းမိုက်တယ်။ ဆရာဝန်တွေ ကျနော့်မိဘတွေနဲ့ ပရိသတ်တွေကိုလည်း ကျနော် ကျေးဇူးတင်ပါတယ်”

သီချင်းသစ်တွေ လာဖို့ရှိလားဆိုတဲ့ အပေါ်မှာ “ကျနော် ပရိသတ်အတွက် အချစ်သီချင်းအသစ်တွေ အများကြီး ရေးပေးထားတယ်။ ဒါကြောင့်ထွက်လာရင် တခါတည်းလည်း VCD ဖြစ်ရင်ဖြစ်မယ်။ အတွဲခွေဖြစ်ရင်လည်း ဖြစ်မယ်။ ထုံးစံအတိုင်း ကျနော်ပုံစံလို အချစ်သီချင်းတွေပါပဲ။ ပရိသတ်ကို ချပြမှာပါ။ စောင့်မျှော်ပေးကြပါဦးဗျာ။ ပရိသတ်တွေကိုလည်း ကျနော်အရမ်းချစ်ပါတယ်။ သီချင်းတွေကတော့ သေချာပေါက်ထွက်လာမှာပါ”

သီချင်းတွေ ဖန်တီးတဲ့နေရာမှာ အရင်လိုပဲလား လိုအပ်ချက်တွေ ရှိလာပြီလားဆိုတဲ့ အပေါ်မှာတော့ “လိုအပ်ချက်ကတော့ ရှိလာပြီဗျာ။ ကျနော်တနေရာရာကို သွားရင် မျက်လုံးဝါးနေတယ်။ မတော်တဆဖြစ်ပြီး မျက်လုံးထိထားတော့ အမြင်တွေက သိပ်ပြီးမရှင်းမရှင်းဖြစ်တယ်။ အဲ့တော့ ကားမောင်းပေးမယ့်သူ မရှိရင် ကျနော်အဆင်မပြေဘူး။ စိတ်ပဲရှိတယ်။ လူကမရောက်ဘူး ဖြစ်နေတာ။ အဲ့ကြောင့် နှေးတာမြန်တာတွေ ဖြစ်လာပါတယ်။ နေမကောင်းပြီးတော့ ကျနော် အသံမလိုက်နိုင်တော့ဘူးလေ။ အသံက ဆွဲသလိုမျိုး ဖြစ်နေတယ်။ လည်ချောင်းထဲက ပိုက်ထည့်ထားတော့ အသံနာလာတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *