စောမြ တစ်ကယ်ဇာတ်သိမ်းပြီ







Credit-Myanmarlaod

Unicode

မိုမိုလေးပရိသတ်ကြီးရေ၊ 5plus ရုပ်သံလိုင်းကနေ ပြသနေတဲ့ လေဆန်တိုးမယ့် မညှိုးပန်းဇာတ်လမ်းတွဲကိုတော့ ဒီကနေ့ညမှာ ဇာတ်သိမ်းပိုင်းပြသတော့မှာပါ။ ဒါပေမယ့်လည်း ဒီဇာတ်သိမ်းက တကယ့်ဇာတ်သိမ်းတော့မဟုတ်သေးပါဘူးနော်။

စောမြဇာတ်ကောင်တစ်ခုကြောင့် ပရိသတ်အားလုံးရဲ့ စိတ်ဝင်စားမှုကို ခံထားရတဲ့ဒီဇာတ်လမ်းတွဲလေးကတော့ ဒီကနေ့ညမှာ ပထမတွဲဇာတ်သိမ်းခန်းကိုပြသမှာပါ။

ဒီဇာတ်သိမ်းလေးမှာတော့ အတိတ်ကိုယ်စီမေ့နေကြတဲ့ ဟာမန်ရ်နဲ့ စောမြတို့နှစ်ဦး တစ်ဦးကိုယ်တစ်ဦးပြန်လည်မှတ်မိနိုင်ပါ့မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။

စောမြဇာတ်လမ်းတွဲလေးဟာ နောက်ပိုင်းမှာလည်း ပိုမိုစိတ်ဝင်စားဖွယ်ရာဇာတ်အိမ်တည်ဆောက်မှုတွေ၊ ဇာတ်ဝင်ခန်းတွေရှိနေသေးတာမို့ ပရိသတ်ကြီးအားလုံးက ဒုတိယတွဲကို အမြန်ဆုံးပြသပေးဖို့ တောင်းဆိုမိကြဦးမှာ အသေအချာပါပဲ။ ဘယ်အချိန်မှာ ဒုတိယတွဲပြန်ပြဦးမယ်ဆိုတာမသိသေးတဲ့ စောမြဇာတ်လမ်းတွဲကတော့ လက်ရှိပထမပိုင်းအပြီးမှာ ပရိသတ်ရင်ထဲခံစားမှုတွေအစုံအလင်ကျန်နေခဲ့ဦးမှာပါ။

လက်ရှိမှာတော့ အိန္ဒိယမှာတောင်ပြသလို့မပြီးသေးတဲ့ ကြည့်ရှုမှုအများဆုံး တီဗွီဇာတ်လမ်းတွဲတစ်ခုကိုပြပါဆိုရင် လေဆန်တိုးမယ့်မညှိုးပန်း (Shakti – Astitva Ke Ehsaas Ki) ဇာတ်လမ်းတွဲလေးကို ပြသရမှာပါပဲ။ ပထမတွဲပြီးဆုံးတဲ့နောက်ပိုင်းမှာတော့ အတိတ်ကိုပြန်သတိရသွားတဲ့ ချစ်သူနှစ်ဦးအတွက် သူတို့လိုချင်လွန်းတဲ့ ရင်သွေးလေးကိုလည်း အခက်အခဲတွေကြားက ရရှိအောင်ကြိုးပမ်းကြပုံ၊ ကြည်နူးဖွယ်ရာအဖြစ် ဟာရက်ဆင်းနဲ့ အဆင်ပြေရမယ့် စောမြရဲ့အခြေအနေ၊ စောမြမသိစိတ်ရဲ့ဆန္ဒတစ်ခုဖြစ်တဲ့ ကျောင်းတက်ရတဲ့ပျော်စရာအချိန်တွေမှာ သူငယ်ချင်းတွေဖွဲ့ပုံတွေကို ဝမ်းသာစရာ၊ ကြည်နူးစရာ၊ ဝမ်းနည်းစရာ၊ ကြေကွဲစရာအချိုးအကွေ့ ၊ အလှည့်အပြောင်းတွေနဲ့ခံစားကြည့်ရှုရမှာပါ။

မိုမိုလေးပရိသတ်ကြီးရေ အိန္ဒိယရဲ့ပြသနေဆဲ စောမြဇာတ်လမ်းတွဲလေးရဲ့ အကောင်းဆုံး၊ဇာတ်ရှိန်အမြင့်ဆုံးအပိုင်းတွေပါဝင်ဦးမယ့် ဒုတိယတွဲလေး မြန်မာပရိသတ်တွေထံရောက်ရှိဖို့ကတော့ အချိန်ကာလမကြာညောင်းပါစေနဲ့လို့သာဆုတောင်းရင်း ပထမတွဲရဲ့ ဇာတ်သိမ်းပိုင်းလေးကို ရင်ခုန်စွာစောင့်စားကြည့်ရှုရအောင်လားနော်။

Credit-Myanmarlaod