တစ်ရက်အတွင်းကြည့်ရှုသူတစ်သန်းပြည့်သွားတဲ့ နန်းဆုရဲ့ သီချင်းmtv ရိုက်ကွင်းပေါ်ကvideo




 

Source- Nan Su Yati Soe

Unicode

အဆိုပိုင်းမှာသာမကသရုပ်ဆောင်ပိုင်းမှာပါတော်လွန်းတာကြောင့်ပရိသတ်တွေရဲ့ချစ်ခင်မှုအပြည့်ကိုရထားတာကတော့အဆိုတော်မင်းသမီးချောလေးနန်းဆုရတီစိုးပဲဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားတွေခေတ်ကနေပရိသတ်တွေရဲ့အချစ်ကိုသိမ်းပိုက်ထားနိုင်ပြီးယခုအချိန်ထိအောင်မြင်နေတာဖြစ်ပါတယ်။ သူမရဲ့မျက်နှာလေးဟာလည်း ကိုရီးယားမင်းသမီးလို့ထင်မှတ်ရလောက်အောင် လှလွန်းသူလေးပါ။

သူမကတော့ပရိသတ်တွေအတွက်အနုပညာအလုပ်တွေတက်နိုင်တက်ဘက်ကနေကြိုးစားဖျော်ဖြေနောတာဖြစ်ပါတယ်။ သူမကတော့အသက်တွေတစ်နှစ်ထက်တစ်နှစ်ကြီးလာပေမယ့်သူ့ရဲ့အလှတွေကတော့တစ်နေ့ထက်တစ်နေ့ပိုလှနေတာကိုပရိသတ်ကြီးသတိထားမိမှာပါ။ ပျော်ရွှင်စရာအချစ်ရေးလေးကြောင့်အမြဲကြည်နူးနေတဲ့သူတို့စုံတွဲပုံရိပ်လေးတွေကလည်းပရိသတ်တွေအားကျနေရတာပါ။

မကြာခင်ရက်ပိုင်းကလည်းသီချင်းသစ်mtvလေးထွက်ထားပြီးတစ်ရက်အတွင်းကြည့်ရှုသူပရိသတ်တစ်သန်းပြည့်သွားခဲ့တာဖြစ်ပါတယ်။MTVလေးကလည်းအရင်ကကြည့်နေတာနဲ့မတူပဲတမူထူးခြားမှုတွေနဲ့တင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ ဒီMTVလေးကို G Fattကိုယ်တိုင်ရေးသားပြီး ဒါရိုက်တာလုပ်ကာရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ မနေ့ကတော့ နန်းဆုရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဒီMtv လေးရဲ့ရိုက်ကွင်းနောက်ကွယ်ကဗီဒီယိုလေးကို ဝေမျှထားတာဖြစ်လို့ ပရိသတ်တွေလည်း ကြည့်ရှုနိုင်အောင်တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source- Nan Su Yati Soe