ေနာက္ဆက္တြဲသတင္း ရဲအုပ္ႏွင္​့့္ဇနီးျဖစ္သူတို႔ေသနတ္ဒဏ္ရာမ်ားႏွင့္ေသဆံုးမႈ

မိတီၱလာျမိဳ႔မရဲစခန္းဝန္းအိမ္ေထာင္သည္လိုင္းအတြင္းရဲအုပ္ႏွင္​့့္ဇနီးျဖစ္သူတို႔ေသနတ္ဒဏ္ရာမ်ားႏွင့္ေသဆံုး

မႏၲေလးတိုင္းေဒသၾကီးမိတၱီလာျမိဳ႕နယ္ျမိဳ႕မရဲစခန္းဝန္းအတြင္းရွိႏွစ္ထပ္ေဆာင္အရာရွိတိုက္ခန္းလိုင္းအေပၚထပ္ေနအိမ္တိုက္ခန္းတြင္ရဲအုပ္အဆင့္အရာရွိတစ္ဦးႏွင့္ဇနီးျဖစ္သူတို႔ႏွစ္ဦးအားေသနတ္ဒဏ္ရာမ်ားႏွင့္ေသဆံုးမွဳျဖစ္ပြားခဲ႔ေၾကာင္းသိရသည္။

ေမ(၁၆)ရက္နံက္(၉)နာရီခန္႔ျမိဳ႔မရဲစခန္းဝန္းရွိႏွစ္ေထာင္ေဆာင္အရာရွိအိမ္ေထာင္သည္တိုက္ခန္းအေပၚထပ္တိုက္ခန္းေနခရိုင္ရဲတပ္ဖြဲ႔မွဴးရံုးေရး/ေထာက္ဌာနစိပ္မွရဲအုပ္ေအာင္ႏိုင္ထြန္းႏွင့္ဇနီးေဒၚျမင့္ျမင့္သိန္းတို႔ေနအိမ္တိုက္ခန္းအတြင္းေသဆံုးေနေၾကာင္းသတင္းအရ

ခရိုင္​္ရဲတပ္ဖြဲ႔မွဴးျမိဳ႔နယ္ရဲတပ္ဖြဲ႔မွဴးႏွင့္ျမိဳ႔မရဲစခန္းမွဴးတို႔မွသက္ေသမ်ားႏွင့္အတူစစ္ေဆးၾကည့္ရွဳ႕ရာရဲအုပ္ေအာင္ႏိုင္ထြန္းတြင္ယာနားထင္မွနဖူးထိပ္ေဖာက္ထြက္ေသနတ္ဒဏ္ရာျဖင့္ေတာင္ဘက္ေခါင္းျပဳ၍လည္းေကာင္း

ဇနီးေဒၚျမင့္ျမင့္သိန္းတြင္ယာနားအတြင္းေသြးထြက္ေသနတ္ဒဏ္ရာျဖင့္အေနာက္ေျမာက္သို႕ေခါင္းျပဳလ်က္ေသဆံုးေနျပီးရဲအုပ္ေအာင္ႏိုင္ထြန္း၏လက္တြင္ပစ္ခတ္ျပီးေသနတ္ကိုင္ေဆာင္ထားလ်က္စစ္ေဆးေတြ႔ရွိရေၾကာင္းသိရသည္။

ေသဆံုးသူအေလာင္းမ်ားအားရဲစခန္းေဆးစာမ်ားႏွင့္အတူၾကက္​္ေျခနီတပ္ဖြဲ႔သူနာျပဳယာဥ္ျဖင့္ျပည္သူေဆးရံုသို႔ရင္ခြဲစစ္ေဆးႏိုင္ေရးအတြက္ပို႔အပ္ထားရွိျပီးေသဆံုးျခင္းအမွန္သိရွိႏိုင္ေရးအတြက္စံုစမ္းစစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္းသိရသည္။

ေရႊေမာင္ေမာင္(မိတီၱလာ)

Unicode

မိတ္တီလာမြို့မရဲစခန်းဝန်းအိမ်ထောင်သည်လိုင်းအတွင်းရဲအုပ်နှင်​့့်ဇနီးဖြစ်သူတို့သေနတ်ဒဏ်ရာများနှင့်သေဆုံး

မန္တလေးတိုင်းဒေသကြီးမိတ္တီလာမြို့နယ်မြို့မရဲစခန်းဝန်းအတွင်းရှိနှစ်ထပ်ဆောင်အရာရှိတိုက်ခန်းလိုင်းအပေါ်ထပ်နေအိမ်တိုက်ခန်းတွင်ရဲအုပ်အဆင့်အရာရှိတစ်ဦးနှင့်ဇနီးဖြစ်သူတို့နှစ်ဦးအားသေနတ်ဒဏ်ရာများနှင့်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

မေ(၁၆)ရက်နံက်(၉)နာရီခန့်မြို့မရဲစခန်းဝန်းရှိနှစ်ထောင်ဆောင်အရာရှိအိမ်ထောင်သည်တိုက်ခန်းအပေါ်ထပ်တိုက်ခန်းနေခရိုင်ရဲတပ်ဖွဲ့မှူးရုံးရေး/ထောက်ဌာနစိပ်မှရဲအုပ်အောင်နိုင်ထွန်းနှင့်ဇနီးဒေါ်မြင့်မြင့်သိန်းတို့နေအိမ်တိုက်ခန်းအတွင်းသေဆုံးနေကြောင်းသတင်းအရ

ခရိုင်​်ရဲတပ်ဖွဲ့မှူးမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်မြို့မရဲစခန်းမှူးတို့မှသက်သေများနှင့်အတူစစ်ဆေးကြည့်ရှု့ရာရဲအုပ်အောင်နိုင်ထွန်းတွင်ယာနားထင်မှနဖူးထိပ်ဖောက်ထွက်သေနတ်ဒဏ်ရာဖြင့်တောင်ဘက်ခေါင်းပြု၍လည်းကောင်း

ဇနီးဒေါ်မြင့်မြင့်သိန်းတွင်ယာနားအတွင်းသွေးထွက်သေနတ်ဒဏ်ရာဖြင့်အနောက်မြောက်သို့ခေါင်းပြုလျက်သေဆုံးနေပြီးရဲအုပ်အောင်နိုင်ထွန်း၏လက်တွင်ပစ်ခတ်ပြီးသေနတ်ကိုင်ဆောင်ထားလျက်စစ်ဆေးတွေ့ရှိရကြောင်းသိရသည်။

သေဆုံးသူအလောင်းများအားရဲစခန်းဆေးစာများနှင့်အတူကြက်​်ခြေနီတပ်ဖွဲ့သူနာပြုယာဉ်ဖြင့်ပြည်သူဆေးရုံသို့ရင်ခွဲစစ်ဆေးနိုင်ရေးအတွက်ပို့အပ်ထားရှိပြီးသေဆုံးခြင်းအမှန်သိရှိနိုင်ရေးအတွက်စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ရွှေမောင်မောင်(မိတ္တီလာ)