ျမန္မာ ေရႊတံဆိပ္အမ်ားဆံုရတဲ့ အေရွ႕ေတာင္အာရွ ကာယဗလႏွင့္ ကာယႀကံ႕ခိုင္မႈၿပိဳင္ပြဲ

ျမန္မာႏို္င္ငံက အိ္မ္ရွင္ အျဖစ္ က်င္းပသည့္ အေရွ႕ေတာင္ အာရွ ကာယဗလႏွင့္ ကာယႀကံ႕ ခိုင္မႈၿပိဳင္ပြဲတြင္ ျမန္မာက ေရႊကုိးခုအပါအ၀င္ ေငြ ၁၀ ခု၊ ေၾကးရွစ္ခု ဆုတံဆိပ္စုစုေပါင္း ၂၇ ခု ဆြတ္ခူးၿပီး ႏိုင္ငံအလိုက္ အဆင့္ရပ္ တည္မႈ၌ ပထမရရွိခဲ့သည္။

(၁၆) ႀကိမ္ေျမာက္ South East Asia Bodybuilding and Physique Sports Championships ၿပိဳင္ပြဲကို ေမလ ၁၈ ရက္မွ ၁၉ ရက္အထိ ရန္ကုန္ၿမိဳ႕ မင္းဓမၼ လမ္းရွိ MCC ခန္းမ၌ က်င္းပခဲ့သည္။ ၿပိဳင္ပြဲတြင္ အိမ္ရွင္ ျမန္မာ အပါအ၀င္ ထိုင္း၊ ကေမၻာဒီးယား၊ လာအို၊ ဖိလစ္ပိုင္၊ ဗီယက္နမ္၊ စင္ကာပူ၊ မေလးရွား၊ အင္ဒိုနီး ရွား၊ ဘ႐ူႏိုင္းႏိုင္ငံတို႔မွ အားက စားသမားေပါင္း ၁၀၀ ေက်ာ္ ၀င္ ေရာက္ယွဥ္ၿပိဳင္ခဲ့သည္။

အိမ္ရွင္ ျမန္မာႏိုင္ငံအတြက္ ေရႊတံဆိပ္မ်ားကို အသက္ (၂၁) ႏွစ္ေအာက္ ဂ်ဴနီယာကာယဗလ ၿပိဳင္ပြဲတြင္ မ်ိဳးစိုင္းဦး၊ အမ်ိဳးသား (၅၅) ကီလိုတန္း ကာယဗလ ၿပိဳင္ပြဲတြင္ ေက်ာ္မင္းသန္း၊ အမ်ိဳး သား (၆၀) ကီလုိတန္း ကာယဗလ ၿပိဳင္ပြဲတြင္ မိုးေဆြ၊ အမ်ိဳးသား Sports Physique Up to (170 cm) ၿပိဳင္ပြဲတြင္ ၿငိမ္းခ်မ္း၊ အမ်ိဳး သမီး Fitness Physique အလြတ္ တန္းၿပိဳင္ပြဲတြင္ သဲစု၊ အမ်ိဳးသား ၈၀ ကီလိုတန္းတြင္ ခင္ေမာင္ ေက်ာ္၊ အမ်ိဳးသား athletic physique (over 167 cm) တြင္ မ်ိဳး ဆက္ေအာင္၊ အမ်ိဳးသမီး athletic physique (up to 160 cm) တြင္ ႏွင္းႏွင္းေအး၊ အမ်ိဳးသမီး athletic physique (over 160 cm) တြင္ ဝတ္ရည္ၿဖိဳးတို႔ကဆြတ္ ခူးခဲ့သည္။ ျမန္မာအားကစားအဖြဲ႕ သည္ အျခားအမ်ိဳးအစားၿပိဳင္ပြဲ မ်ားတြင္လည္း ေငြ ၁၀ ခုႏွင့္ ေၾကးရွစ္ခုရရွိခဲ့သည္။

ၿပိဳင္ပြဲတြင္ အားကစားနည္း ၂၂ မ်ိဳး ထည့္သြင္းက်င္းပခဲ့ၿပီး အိမ္ရွင္ျမန္မာအေနျဖင့္ ကစား နည္းအားလုံး၌ ၀င္ေရာက္ယွဥ္ ၿပိဳင္ခဲ့သည္။ ၿပိဳင္ပြဲ ပြဲစဥ္အားလုံးအၿပီး ဒုတိယေနရာတြင္ ထိုင္းႏိုင္ငံႏွင့္ တတိယေနရာတြင္ ဗီယက္နမ္ ႏိုင္ငံတုိ႔က အစဥ္လုိက္ရပ္တည္ သည္။

Crd :Original

မြန်မာနိုင်ငံက အိမ်ရှင် အဖြစ် ကျင်းပသည့် အရှေ့တောင် အာရှ ကာယဗလနှင့် ကာယကြံ့ ခိုင်မှုပြိုင်ပွဲတွင် မြန်မာက ရွှေကိုးခုအပါအဝင် ငွေ ၁၀ ခု၊ ကြေးရှစ်ခု ဆုတံဆိပ်စုစုပေါင်း ၂၇ ခု ဆွတ်ခူးပြီး နိုင်ငံအလိုက် အဆင့်ရပ် တည်မှု၌ ပထမရရှိခဲ့သည်။

(၁၆) ကြိမ်မြောက် South East Asia Bodybuilding and Physique Sports Championships ပြိုင်ပွဲကို မေလ ၁၈ ရက်မှ ၁၉ ရက်အထိ ရန်ကုန်မြို့ မင်းဓမ္မ လမ်းရှိ MCC ခန်းမ၌ ကျင်းပခဲ့သည်။ ပြိုင်ပွဲတွင် အိမ်ရှင် မြန်မာ အပါအဝင် ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီး ရှား၊ ဘရူနိုင်းနိုင်ငံတို့မှ အားက စားသမားပေါင်း ၁၀၀ ကျော် ဝင် ရောက်ယှဉ်ပြိုင်ခဲ့သည်။

အိမ်ရှင် မြန်မာနိုင်ငံအတွက် ရွှေတံဆိပ်များကို အသက် (၂၁) နှစ်အောက် ဂျူနီယာကာယဗလ ပြိုင်ပွဲတွင် မျိုးစိုင်းဦး၊ အမျိုးသား (၅၅) ကီလိုတန်း ကာယဗလ ပြိုင်ပွဲတွင် ကျော်မင်းသန်း၊ အမျိုး သား (၆၀) ကီလိုတန်း ကာယဗလ ပြိုင်ပွဲတွင် မိုးဆွေ၊ အမျိုးသား Sports Physique Up to (170 cm) ပြိုင်ပွဲတွင် ငြိမ်းချမ်း၊ အမျိုး သမီး Fitness Physique အလွတ် တန်းပြိုင်ပွဲတွင် သဲစု၊ အမျိုးသား ၈၀ ကီလိုတန်းတွင် ခင်မောင် ကျော်၊ အမျိုးသား athletic physique (over 167 cm) တွင် မျိုး ဆက်အောင်၊ အမျိုးသမီး athletic physique (up to 160 cm) တွင် နှင်းနှင်းအေး၊ အမျိုးသမီး athletic physique (over 160 cm) တွင် ဝတ်ရည်ဖြိုးတို့ကဆွတ် ခူးခဲ့သည်။ မြန်မာအားကစားအဖွဲ့ သည် အခြားအမျိုးအစားပြိုင်ပွဲ များတွင်လည်း ငွေ ၁၀ ခုနှင့် ကြေးရှစ်ခုရရှိခဲ့သည်။

ပြိုင်ပွဲတွင် အားကစားနည်း ၂၂ မျိုး ထည့်သွင်းကျင်းပခဲ့ပြီး အိမ်ရှင်မြန်မာအနေဖြင့် ကစား နည်းအားလုံး၌ ဝင်ရောက်ယှဉ် ပြိုင်ခဲ့သည်။ ပြိုင်ပွဲ ပွဲစဉ်အားလုံးအပြီး ဒုတိယနေရာတွင် ထိုင်းနိုင်ငံနှင့် တတိယနေရာတွင် ဗီယက်နမ် နိုင်ငံတို့က အစဉ်လိုက်ရပ်တည် သည်။