မႏၲေလးမွာလည္း… ေအာင္ျမင္မႈေတြ ..ရရွိခဲ့ျပန္တဲ့ စိုင္းစိုင္း

[Zawgyi Version]

ေမ လ(၂၅) ရက္ေန႕က ျပဳလုပ္ခဲ့တဲ့ စိုင္းစိုင္းရဲ႕ SAISAI MANDALAY SHOW ပြဲႀကီးကေတာ့ စံခ်ိန္တင္ပရိသတ္ေတြနဲ႕ေအာင္ျမင္မႈေတြ ထပ္မံ ပိုင္ဆိုင္ႏိုင္ခဲ့ျပန္ပါတယ္။ စိုင္းစိုင္းကေတာ့ လံုးဝကို ၿပိဳင္ဆိုင္ရွား အဆိုေတာ္ တစ္ဦးပါပဲ။

Photo : Thein Than oo

မႏၱေ လး မွာ (၂)ႏွစ္ေက်ာ္ၾကာမွ ျပဳလုပ္ခဲ့တဲ့ စိုင္းစိုင္းရဲ႕ ရိႈးပြဲႀကီးကေတာ့ တကယ့္ကို အားရစရာပါပဲ။စိုင္းစိုင္းရဲ႕ SAISAI MANDALAY SHOW ပြဲႀကီးကို ေမလ(၂၅) ရက္ေန႕က မႏၱေလးၿမိဳ႕မွာ ျပဳလုပ္ခဲ့တာပါ။ ကြင္းလံုးျပည့္ လာေရာက္အားေပးခဲ့တဲပရိသတ္ေတြေၾကာင့္ စိုင္းစိုင္းတစ္ေယာက္ အရမ္းကို ေပ်ာ္လို႕ေနပါတယ္။

“စံ ခ်ိန္ တင္ပရိသတ္နဲ႔ SAISAI MANDALAY SHOWအားလံုးနဲ႔အတူ ႀကီးက်ယ္ခမ္းနားစြာ ေအးခ်မ္းေပ်ာ္ရႊင္စြာ သီဆိုေဖ်ာ္ေျဖခြင့္ရခဲ့တဲ့အတြက္

ပါ ဝင္ တဲ့ အႏုပညာရွင္ အတတ္ပညာရွင္ေတြေရာ သူငယ္ခ်င္းမိတ္ေဆြေတြေရာ စီစဥ္သူေတြ Sponsor ေတြ အဖြဲ႕သားေတြေရာ အထူးသျဖင့္ အနယ္နယ္အရပ္ရပ္က ေရႊပြဲလာ ဧည့္ပရိသတ္ႀကီးနဲ႔တကြ ဒီကြင္းထဲမွာ ရွိၾကကုန္ေသာ လူေတြအကုန္လံုး အျပင္ မႏၲေလးတစ္ၿမိဳ႕လံုး ကို ေက်းဇူးတင္ပါတယ္” ဆိုၿပီး ေမလ(၂၆) ရက္ေန႕က သူ႕ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားပါတယ္။

Photo : Thein Than oo

စိုင္း စိုင္း ရဲ႕ ရိႈးပြဲကို ၾကည့္တဲ့ ပရိသတ္ေတြကလည္း ေနာက္ႏွစ္ေတြမွာ ဒီထက္ က်ယ္တဲ့ ကြင္းျပင္မွာ လုပ္ဖို႕ အၾကံေပးထားပါေသးတယ္။ စိုင္းစိုင္းရဲ႕ ေအာင္ျမင္မႈေတြကေတာ့ အခုထက္ထိကို ေလ်ာ့မသြားခဲ့ပါဘူး။

စုိင္း စုိင္း(Sai Sai)က ၂၀၁၉ ခုႏွစ္ ဧၿပီလ ၁၀ ရက္ေန႔မွာ အသက္ ၄၀ ျပည့္ခဲ့တာျဖစ္ပါတယ္။ သူဟာ ၁၈ ႏွစ္အရြယ္ကတည္းက အႏုပညာအလုပ္ေတြ စတင္လုပ္ေဆာင္ခဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ သူဟာ အခုလုိ ထိပ္တန္းစာရင္းဝင္အႏုပညာရွင္တစ္ေယာက္ျဖစ္လာဖုိ႔ အခက္အခဲေပါင္းမ်ားစြာကုိလည္း ေက်ာ္ျဖတ္ခဲ့ရပါတယ္တဲ့။ ဒီအခက္အခဲေတြကုိ ၾကံ႕ႀကံ႕ခံ ရင္ဆုိင္ႏုိင္ခဲ့လုိ႔လည္း အခုလုိ ေအာင္ျမင္ေနရတာျဖစ္တယ္ဆုိတာကုိ မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆုိခဲ့ဖူးပါတယ္။

Photo : Thein Than oo

သူ ဟာ ၂၀၁၉ ခုႏွစ္ ဧၿပီလ ၁၀ ရက္ေန႔မွာ အသက္ ၄၀ ျပည့္ခဲ့တာျဖစ္ပါတယ္။ သူဟာ ၁၈ ႏွစ္အရြယ္ကတည္းက အႏုပညာအလုပ္ေတြ စတင္လုပ္ေဆာင္ခဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ သူဟာ အခုလုိ ထိပ္တန္းစာရင္းဝင္အႏုပညာရွင္တစ္ေယာက္ျဖစ္လာဖုိ႔ အခက္အခဲေပါင္းမ်ားစြာကုိလည္း ေက်ာ္ျဖတ္ခဲ့ရပါတယ္တဲ့။ ဒီအခက္အခဲေတြကုိ ၾကံ႕ႀကံ႕ခံ ရင္ဆုိင္ႏုိင္ခဲ့လုိ႔လည္း အခုလုိ ေအာင္ျမင္ေနရတာျဖစ္တယ္ဆုိတာကုိ မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆုိခဲ့ဖူးပါတယ္။

Credit- Duwun

[Unicode Version]

မေလ(၂၅) ရက်နေ့က ပြုလုပ်ခဲ့တဲ့ စိုင်းစိုင်းရဲ့ SAISAI MANDALAY SHOW ပွဲကြီးကတော့ စံချိန်တင်ပရိသတ်တွေနဲ့အောင်မြင်မှုတွေ ထပ်မံ ပိုင်ဆိုင်နိုင်ခဲ့ပြန်ပါတယ်။ စိုင်းစိုင်းကတော့ လုံးဝကို ပြိုင်ဆိုင်ရှား အဆိုတော် တစ်ဦးပါပဲ။

Photo : Thein Than oo

မန္တလေးမှာ (၂)နှစ်ကျော်ကြာမှ ပြုလုပ်ခဲ့တဲ့ စိုင်းစိုင်းရဲ့ ရှိုးပွဲကြီးကတော့ တကယ့်ကို အားရစရာပါပဲ။စိုင်းစိုင်းရဲ့ SAISAI MANDALAY SHOW ပွဲကြီးကို မေလ(၂၅) ရက်နေ့က မန္တလေးမြို့မှာ ပြုလုပ်ခဲ့တာပါ။ ကွင်းလုံးပြည့် လာရောက်အားပေးခဲ့တဲပရိသတ်တွေကြောင့် စိုင်းစိုင်းတစ်ယောက် အရမ်းကို ပျော်လို့နေပါတယ်။

“စံချိန်တင်ပရိသတ်နဲ့ SAISAI MANDALAY SHOWအားလုံးနဲ့အတူ ကြီးကျယ်ခမ်းနားစွာ အေးချမ်းပျော်ရွှင်စွာ သီဆိုဖျော်ဖြေခွင့်ရခဲ့တဲ့အတွက်

ပါဝင်တဲ့ အနုပညာရှင် အတတ်ပညာရှင်တွေရော သူငယ်ချင်းမိတ်ဆွေတွေရော စီစဉ်သူတွေ Sponsor တွေ အဖွဲ့သားတွေရော အထူးသဖြင့် အနယ်နယ်အရပ်ရပ်က ရွှေပွဲလာ ဧည့်ပရိသတ်ကြီးနဲ့တကွ ဒီကွင်းထဲမှာ ရှိကြကုန်သော လူတွေအကုန်လုံး အပြင် မန္တလေးတစ်မြို့လုံး ကို ကျေးဇူးတင်ပါတယ်” ဆိုပြီး မေလ(၂၆) ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo : Thein Than oo

စိုင်းစိုင်းရဲ့ ရှိုးပွဲကို ကြည့်တဲ့ ပရိသတ်တွေကလည်း နောက်နှစ်တွေမှာ ဒီထက် ကျယ်တဲ့ ကွင်းပြင်မှာ လုပ်ဖို့ အကြံပေးထားပါသေးတယ်။ စိုင်းစိုင်းရဲ့ အောင်မြင်မှုတွေကတော့ အခုထက်ထိကို လျော့မသွားခဲ့ပါဘူး။

စိုင်းစိုင်း(Sai Sai)က ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ အသက် ၄၀ ပြည့်ခဲ့တာဖြစ်ပါတယ်။ သူဟာ ၁၈ နှစ်အရွယ်ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရပါတယ်တဲ့။ ဒီအခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့လို့လည်း အခုလို အောင်မြင်နေရတာဖြစ်တယ်ဆိုတာကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Photo : Thein Than oo

သူဟာ ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှာ အသက် ၄၀ ပြည့်ခဲ့တာဖြစ်ပါတယ်။ သူဟာ ၁၈ နှစ်အရွယ်ကတည်းက အနုပညာအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ အခုလို ထိပ်တန်းစာရင်းဝင်အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့ အခက်အခဲပေါင်းများစွာကိုလည်း ကျော်ဖြတ်ခဲ့ရပါတယ်တဲ့။ ဒီအခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ခဲ့လို့လည်း အခုလို အောင်မြင်နေရတာဖြစ်တယ်ဆိုတာကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Credit- Duwun