(၃၃)နှစ်ပြည့်မွေးနေ့မှာ ကစ်ကစ်ထံသွားပြီးဆေးကုသစရိတ်လှူဒါန်းပေးခဲ့တဲ့ အေးသောင်း










Ref : Phyu Phyu Soe’s Facebook, CRD – MOMOLAY

Unicode

ယနေ့ကျရောက်တဲ့ မေလ (၂၇) ရက်နေ့ကတော့ သရုပ်ဆောင် မင်းသမီးချောလေး မအေးသောင်းရဲ့ (၃၃)နှစ်ပြည့် မွေးနေ့ဖြစ်တယ်လို့ သိရှိထားရတာပဲဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ပိုင်းမှာ ပြောစရာမလိုလောက်အောင် ပီပြင်တဲ့ အနုပညာလှုပ်ရှားမှုတွေကို ချပြနိုင်သူတစ်ဦးဖြစ်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတဲ့ သူမကတော့ မွေးနေ့မရောက်ခင်အချိန်မှာကတည်းက အလှူအတန်းတွေများစွာကို လုပ်ဆောင်ပေးခဲ့တဲ့ သူလေးတစ်ယောက်ဖြစ်တာကြောင့် အများရဲ့ လေးစားအားကျမှုကို ရရှိထားခဲ့ပြန်ရတာပါ။

မွေးနေ့မတိုင်ခင်မှာကတည်းက အလှူအတန်းတွေကို ဆက်တိုက်လုပ်ဆောင်ဖြစ်ခဲ့တဲ့ အေးသောင်းကတော့ ယနေ့ကျရောက်တဲ့ အသက်(၃၃) နှစ်ပြည့်မွေးနေ့မှာ ကျောက်ကပ်ဝေဒနာနဲ့ ရောဂါခံစားနေရတဲ့ ကစ်ကစ်အတွက် အားပေးစကားသွားရောက်ပြောကြားရင်း ဆေးကုသစရိတ် အလှူငွေများလှူဒါန်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

ကျောက်ကပ်ဝေဒနာကြောင့် ကုတင် (၅၀၀) မှာ ဆေးကုသမှုခံယူနေတဲ့ ဟာသ သရုပ်ဆောင် ကစ်ကစ်ထံသွားရင်း ဆေးကုသစရိတ် အလှူငွေများ လှူဒါန်းပေးရင်း အားပေးစကားပြောကြားပေးခဲ့တဲ့ သရုပ်ဆောင် မင်းသမီးချောလေး မအေးသောင်းရဲ့ ကြည်နူးစရာကောင်းတဲ့ လေးစားဖွယ်ရာ ပုံရိပ်လေးတွေကို မိုမိုလေး ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။

မွေးနေ့မှာ ကစ်ကစ်ထံသွားပြီး အလှူငွေများဖြင့် လှူဒါန်းပေးရင်း အားပေးစကားပြောဖြစ်ခဲ့ကြောင်းကိုတော့ မအေးသောင်းရဲ့မိခင် ဖြူဖြူစိုးက ” Aye Thaung မွေးနေ့အလှု ကုတင်၅၀၀ မှာ ဆေးကုသနေတဲ့ သရုပ်ဆောင် ကစ်ကစ်ကို အလှုငွေ သုံးသိန်းကျပ် သွားရောက်လှုဒါန်းပြီး အားပေးခဲ့ ” ဆိုပြိး သူမရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

စိုးရိမ်ရတဲ့ အခြေအနေမှ လွတ်မြောက်လာခဲ့တဲ့ သရုပ်ဆောင် ကစ်ကစ်ကတော့ ယခုဆိုရင် ထူထူထောင်ထောင်နဲ့ ပြုံးပျော်တဲ့ အနေအထားကို ရောက်ရှိနေပြီဖြစ်တာကြောင့် မြင်ရသူအပေါင်းတို့ အရမ်းကို ဝမ်းသာပီတိဖြစ်နေခဲ့ရတာပဲ ဖြစ်ပါတယ်။

ကစ်ကစ်ကို အားပေးနှစ်သိမ့်ပေးနေတဲ့ သရုပ်ဆောင် မင်းသမီးချောလေး မအေးသောင်းရဲ့ ပုံရိပ်လေးတွေကလည်း အရမ်းကို လေးစားဖွယ်ကောင်းလွန်းခဲ့တာကြောင့် အများရဲ့ ချီးကျူးမှုများစွာကို ရရှိထားခဲ့ရတဲ့ မြင်ကွင်းလေးတွေ ဖြစ်ခဲ့ရတာပါ။

မြင်သူတိုင်းကို ကြည်နူးစေနိုင်ခဲ့ရတဲ့ မအေးသောင်းနဲ့ ကစ်ကစ်တို့ရဲ့ ကြည်နူးစရာ ပုံရိပ်လေး

(၃၃) နှစ်ပြည့် မွေးနေ့မှာ တကယ်လိုအပ်နေသူ ကစ်ကစ်ထံသွားပြီး အားပေးစကားပေးကြားပေးရင်း ဆေးကုသစရိတ်အလှူငွေများ လှူဒါန်းပေးခဲ့တဲ့ မအေးသောင်းအတွက် အရမ်းကို လေးစားအားကျ ဂုဏ်ယူမိတယ်ဆိုရင် မျှဝေပြီး အားပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ ပရိသတ်တွေရဲ့ ဆုတောင်းမေတ္တာပို့သပေးမှုကြောင့် အရမ်းဆိုးဝါးတဲ့ အခြေအနေကနေ ပြန်လည်ကောင်းမွန်လာပြီဖြစ်တဲ့ ကစ်ကစ်အတွက် ထပ်မံပြီးကောင်းမွန်လာအောင် ဆုတောင်းပေးသွားကြပါဦးနော်။ ကြည့်ရှုအားပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်နော်။