နာမည်ကြီးပုဂ္ဂိုလ်များ

မေလမှာ မွေးဖွားတဲ့သုတိုင်းက ရုပ်ချောတယ်ဆိုတာကို သက်သေပြထားတဲ့ Idol (၉) ယောက်

အခု မေလဟာ သာမန်အပြင်လူတွေအတွက်တော့ သာမန်လတစ်လဖြစ်ပေမယ့်လို့ K-pop ကို ကြိုက်နှစ်သက်သူ ပရိသတ်တွေအနေနဲ့ကတော့ တကယ်ကို အမှတ်တရတွေရှိတဲ့လလေးဖြစ်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ K-pop လောကရဲ့ နာမည်ကြီး idol အချို့တွေဟာ မေလမှာ မွေးဖွားခဲ့ကြတာကြောင့် ဖြစ်ပါတယ်။ သူတို့တွေကလည်း တကယ်ကို ချောပေ့၊ လှပေ့ဆိုတဲ့ idol တွေဖြစ်တာမို့လို့ တချို့သော ပရိသတ်တွေကတော့ မေလမှာ မွေးဖွားကြတဲ့သူတိုင်းက ရုပ်ချောကြသလားလို့တောင် ထင်မှတ်ထားကြပါတယ်။ ဒီလိုဆိုရင် မေလမှာ မွေးဖွားတဲ့သုတိုင်းက ရုပ်ချောတယ်ကြတယ်ဆိုတာကို သက်သေပြထားတဲ့ Idol (၉) ယောက်က ဘယ်သူတွေလဲဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ကြပါဦး။

1. EXO’s Baekhyun – May 6th

၁၉၉၂ ခုနှစ် မွေးဖွားခဲ့တဲ့ EXO ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Baekhyun ကတော့ အခု မေလ ၆ ရက်နေ့မှာ အသက် ၂၇ နှစ်ပြည့်မြောက်ပြီးသွားခဲ့ပြီ ဖြစ်ပါတယ်။

2. EXO’s Suho – May 22nd

EXO ရဲ့ အဖွဲ့ခေါင်းဆောင် Suho ကလည်းပဲ အခုပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့တုန်းက အသက် ၂၈ နှစ်ပြည့်သွားခဲ့တာ ဖြစ်ပါတယ်။

3. Park Jihoon – May 29th

Wanna One ရဲ့ အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ Park Jihoon ရဲ့ အသက်ကတော့ လာမယ့် ၂၉ ရက်နေ့ကျရင် ၁၉ နှစ်ပြည့်မှာ ဖြစ်ပါတယ်။

4. GOT7’s Bambam – May 2nd

ထိုင်းလူမျိုးတစ်ယောက်ဖြစ်တဲ့ GOT7 အဖွဲ့ဝင် Bambam ကတော့ မေလ ၂ ရက်နေ့တုန်းက အသက် ၂၂ နှစ်ပြည့်ခဲ့တာ ဖြစ်ပါတယ်။

5. BTOB’s Sungjae – May 2nd

Idol အဖြစ်နဲ့သာမက သရုပ်ဆောင်အနေနဲ့လည်း ရပ်တည်နေတဲ့ BTOB အဖွဲ့ဝင် Sungjae ရဲ့ မွေးနေ့ကလည်း မေလ ၂ ရက်နေ့ဖြစ်ပြီး ဒီနှစ်မှာတော့ သူဟာ အသက် ၂၄ နှစ်ပြည့်ပြီးသွားပါပြီ။

6. Bae Jinyoung – May 10th

Wanna One ရဲ့ နောက်ထပ်အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ Bae Jinyoung ဟာဆိုရင်လည်း မေလ ၁၀ ရက်နေ့တုန်းက အသက် ၁၉ နှစ်ပြည့်မြောက်သွားခြဲ့ပီ ဖြစ်ပါတယ်။

7. SF9’s Hwiyoung – May 11th

၁၉၉၉ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ SF9 ရဲ့ Hwiyoung ကတော့ မေလ ၁၁ ရက်နေ့တုန်းက အသက် ၂၀ ပြည့်မြောက်သွားခဲ့တာ ဖြစ်ပါတယ်။

8. NUEST’s Aron – May 21st

NUEST ရဲ့ Aron ကိုတော့ ၁၉၉၃ ခုနှစ်မှာမွေးခဲ့တာဖြစ်တာကြောင့် သူဟာ အခု မေလ ၂၁ ရက်နေ့တုန်းက အသက် ၂၆ နှစ်ပြည့်သွားခဲ့ပြီးပြီ ဖြစ်ပါတယ်။

9. Kim Jaehwan – May 27th

Wanna One ရဲ့ နောက်ထပ် အဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်တဲ့ Kim Jaehwan ကိုတော့ ၁၉၉၆ ခုနှစ်မှာမွေးဖွားခဲ့ပြီး ဒီနေ့ မေလ ၂၇ ရက်နေ့ကတော့ သူ့ရဲ့ အသက် ၂၃ နှစ်ပြည့်မွေးနေ့ပဲ ဖြစ်ပါတယ်။

Credit: Momolay

Loading...
Show More

Related Articles

Back to top button
Close