Ryu Sang Wook နဲ႔ သ႐ုပ္ေဆာင္ရမယ့္ ခံစားခ်က္ကိုေျပာလာတဲ့ ဝတ္မႈံေ႐ႊရည္

ဝတ္မႈံေ႐ႊရည္ နဲ႔အတူ ျမန္မာႏိုင္ငံက ပရိသတ္ေတြရင္းႏွီးၿပီးသားျဖစ္တဲ့ ကိုရီးယား မင္းသားေခ်ာ Ryu Sang Wook တို႔ကိုေတာ့ ႐ုပ္ရွင္ဇာတ္ကားႀကီး တစ္ကားတည္းမွာ အတူတူသ႐ုပ္ေဆာင္တာကို ေတြ႕ရေတာ့မွာပါ။ ဇာတ္ကားနာမည္ေလးကိုေတာ့ ‘’တိမ္ေတြေပၚက ပန္း’’ လို႔ အမည္ေပးထားပါတယ္။

သ႐ုပ္ေဆာင္ ဝတ္မႈံေ႐ႊရည္က ‘’တိမ္ေတြေပၚက ပန္း’’ ဆိုတဲ့ ႐ုပ္ရွင္ဇာတ္ကားႀကီးကို ေတာင္ကိုရီးယား သ႐ုပ္ေဆာင္ Ryu Sang Wook နဲ႔ တြဲဖက္႐ိုက္ကူးသြားမယ္လို႔ ဆိုပါတယ္။ လက္ရွိမွာလည္း တစ္ေယာက္နဲ႔ တစ္ေယာက္ ဇာတ္ကားအတြက္ ေလ့က်င့္မႈေတြ လုပ္ေနၿပီလို႔ ဝတ္မႈံေ႐ႊရည္က မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။

‘’ ကစ္ တို႔ ေရွ႕ရက္ေတြတုန္းက Workshop ေတြ လုပ္ၾကတယ္။ သူနဲ႔ကစ္နဲ႔ အေပးအယူမွ်ေအာင္ ေလ့က်င့္ခဲ့ၾကတာမ်ိဳးေတြ၊ စကားေျပာၾကတာမ်ိဳးေတြရွိတယ္။ ကိုယ္နဲ႔ သူနဲ႔ကလည္း ဒါ႐ိုက္တာလိုခ်င္တဲ့ ပုံစံ ျဖစ္လား မျဖစ္လား ဆိုတာမ်ိဳးေလးေတြေပါ့။ အခုေတာ့ အဆင္ေျပပါတယ္’’ လို႔ သူကဆိုပါတယ္။အဲဒီေနာက္ Ryu Sang Wook ရဲ႕သ႐ုပ္ေဆာင္မႈေတြကလည္း အရမ္းေတာ္တဲ့အေၾကာင္း ဝတ္မႈံေ႐ႊရည္က ေျပာျပခဲ့ပါေသးတယ္။

‘’ သူကလည္း အရမ္းေတာ္တယ္။ ဦးေမာင္ ေျပာတာနဲ႔ ခ်က္ခ်င္းျဖစ္တယ္။ ခ်က္ခ်င္းပဲ Mood ေတြဝင္တယ္။ အစမ္းေလ့က်င့္တဲ့ ရက္တုန္းကဆိုရင္ ဒီဇာတ္ကားေပၚမွာ ေသေသခ်ာခ်ာကို စိတ္ဝင္စားၿပီးေတာ့ သ႐ုပ္ေဆာင္တာ။ ကစ္ကေတာ့ေလ ကိုယ္သ႐ုပ္ေဆာင္ရမယ့္ ဇာတ္ေကာင္တစ္ခုအတြက္ကိုေတာ့ ရင္ခုန္တယ္’’ ဆိုၿပီးေတာ့ ‘’တိမ္ေတြေပၚက ပန္း’’႐ုပ္ရွင္ကားႀကီး ကန္ေတာ့ပြဲမွာ ေျဖဆိုခဲ့တာပါ။

ဒီ႐ုပ္ရွင္ဇာတ္ကားႀကီးကို ျမန္မာႏိုင္ငံအတြင္းက ခ်င္းျပည္နယ္နဲ႔ ေတာင္ကိုရီးယားႏိုင္ငံက ဘူဆန္ၿမိဳ႕ တို႔မွာ အဓိက ႐ိုက္ကူးသြားမယ္လို႔ ဆိုပါတယ္။ ဒီဇာတ္ကားကိုေတာ့ ဇင္ေရာ္ေမာင္ေမာင္ ကိုယ္တိုင္ ဒါ႐ိုက္တာ လုပ္ၿပီး ႐ိုက္ကူးပုံေဖာ္သြားမွာပါ။ ဇာတ္လမ္းကေတာ့ မိုးနီလြင္ ျဖစ္ပါတယ္။ ဒီဇာတ္ကားကိုေတာ့ ဇြန္လအတြင္းမွာ ႐ိုက္ကူးမယ္လို႔ ဆိုပါတယ္။ ပါဝင္ၾကမယ့္ သ႐ုပ္ေဆာင္ေတြကေတာ့ ေက်ာ္ထက္ေအာင္၊ Ryu Sang Wook ၊ ဝတ္မႈံေ႐ႊရည္နဲ႔ ေမသန္းႏု တို႔က အဓိက ပါဝင္သ႐ုပ္ေဆာင္ၾကမွာပါ။

လက္ရွိ အႏုပညာေလာကရဲ႕ ထိပ္တန္းမင္းသမီးေတြထဲမွာ ဝတ္မႈံေ႐ႊရည္( Wutt Hmone Shwe Yi) တစ္ေယာက္အပါအဝင္ျဖစ္ပါတယ္။ သူမကို ခ်စ္တဲ့ ပရိသတ္ေတြ ကလည္း အမ်ားႀကီးရွိပါတယ္။ အခုခ်ိန္မွာလည္း ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ ဆက္တိုက္ ႐ိုက္ကူးေနရတဲ့ မင္းသမီးတစ္ေယာက္ျဖစ္ပါတယ္။ သူမကိုေတာ့ Kanebo ေၾကာ္ျငာနဲ႔ အႏုပညာေလာကထဲကို ေရာက္ရွိလာတာျဖစ္ၿပီး ၂၀၀၈ ခုႏွစ္မွာ ဇာတ္ကားမ်ား စတင္႐ိုက္ကူးခဲ့ပါတယ္။ ေၾကာ္ျငာမ်ားနဲ႔ လူႀကိဳက္မ်ားလာခဲ့တဲ့ သ႐ုပ္ေဆာင္တစ္ဦး ျဖစ္ပါတယ္။ ဝတ္မႈံေ႐ႊရည္ဟာ ၂၀၁၃ခုႏွစ္မွာ “နင္ေစရင္” ႐ုပ္ရွင္ဇာတ္ကားနဲ႔ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ေဆာင္ဆုကို ရရွိခဲ့ၿပီး အဲ့ဒီအကယ္ဒမီ ေ႐ႊၾကယ္ကိုလည္း ၂၀၁၅ခုႏွစ္၊ ေဖေဖာ္ဝါရီ (၁)ရက္ေန႔က ေမွာ္ဘီၿမိဳ႕ရွိ ေအာင္ဇဗၺဴေတာ ရေက်ာင္းတိုက္မွာ လႉဒါန္းခဲ့ပါတယ္။ သူမဟာ ၂၀၁၄ခုႏွစ္မွာေတာ့ “ႏွလုံးသားနဲ႔ျပဳလုပ္သည္” ႐ုပ္ရွင္ဇာတ္ကားႀကီး နဲ႔ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ပို႔ဆုကိုလည္း ရရွိထားပါတယ္။

CRD-Cele Yatkwat

UNICODE

Ryu Sang Wook နဲ့ သရုပ်ဆောင်ရမယ့် ခံစားချက်ကိုပြောလာတဲ့ ဝတ်မှုံရွှေရည်
ဝတ်မှုံရွှေရည် နဲ့အတူ မြန်မာနိုင်ငံက ပရိသတ်တွေရင်းနှီးပြီးသားဖြစ်တဲ့ ကိုရီးယား မင်းသားချော Ryu Sang Wook တို့ကိုတော့ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားတည်းမှာ အတူတူသရုပ်ဆောင်တာကို တွေ့ရတော့မှာပါ။ ဇာတ်ကားနာမည်လေးကိုတော့ ‘’တိမ်တွေပေါ်က ပန်း’’ လို့ အမည်ပေးထားပါတယ်။

သရုပ်ဆောင် ဝတ်မှုံရွှေရည်က ‘’တိမ်တွေပေါ်က ပန်း’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို တောင်ကိုရီးယား သရုပ်ဆောင် Ryu Sang Wook နဲ့ တွဲဖက်ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။ လက်ရှိမှာလည်း တစ်ယောက်နဲ့ တစ်ယောက် ဇာတ်ကားအတွက် လေ့ကျင့်မှုတွေ လုပ်နေပြီလို့ ဝတ်မှုံရွှေရည်က မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ကစ် တို့ ရှေ့ရက်တွေတုန်းက Workshop တွေ လုပ်ကြတယ်။ သူနဲ့ကစ်နဲ့ အပေးအယူမျှအောင် လေ့ကျင့်ခဲ့ကြတာမျိုးတွေ၊ စကားပြောကြတာမျိုးတွေရှိတယ်။ ကိုယ်နဲ့ သူနဲ့ကလည်း ဒါရိုက်တာလိုချင်တဲ့ ပုံစံ ဖြစ်လား မဖြစ်လား ဆိုတာမျိုးလေးတွေပေါ့။ အခုတော့ အဆင်ပြေပါတယ်’’ လို့ သူကဆိုပါတယ်။အဲဒီနောက် Ryu Sang Wook ရဲ့သရုပ်ဆောင်မှုတွေကလည်း အရမ်းတော်တဲ့အကြောင်း ဝတ်မှုံရွှေရည်က ပြောပြခဲ့ပါသေးတယ်။

‘’ သူကလည်း အရမ်းတော်တယ်။ ဦးမောင် ပြောတာနဲ့ ချက်ချင်းဖြစ်တယ်။ ချက်ချင်းပဲ Mood တွေဝင်တယ်။ အစမ်းလေ့ကျင့်တဲ့ ရက်တုန်းကဆိုရင် ဒီဇာတ်ကားပေါ်မှာ သေသေချာချာကို စိတ်ဝင်စားပြီးတော့ သရုပ်ဆောင်တာ။ ကစ်ကတော့လေ ကိုယ်သရုပ်ဆောင်ရမယ့် ဇာတ်ကောင်တစ်ခုအတွက်ကိုတော့ ရင်ခုန်တယ်’’ ဆိုပြီးတော့ ‘’တိမ်တွေပေါ်က ပန်း’’ရုပ်ရှင်ကားကြီး ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။

ဒီရုပ်ရှင်ဇာတ်ကားကြီးကို မြန်မာနိုင်ငံအတွင်းက ချင်းပြည်နယ်နဲ့ တောင်ကိုရီးယားနိုင်ငံက ဘူဆန်မြို့ တို့မှာ အဓိက ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကားကိုတော့ ဇင်ရော်မောင်မောင် ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ရိုက်ကူးပုံဖော်သွားမှာပါ။ ဇာတ်လမ်းကတော့ မိုးနီလွင် ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဇွန်လအတွင်းမှာ ရိုက်ကူးမယ်လို့ ဆိုပါတယ်။ ပါဝင်ကြမယ့် သရုပ်ဆောင်တွေကတော့ ကျော်ထက်အောင်၊ Ryu Sang Wook ၊ ဝတ်မှုံရွှေရည်နဲ့ မေသန်းနု တို့က အဓိက ပါဝင်သရုပ်ဆောင်ကြမှာပါ။

လက်ရှိ အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးတွေထဲမှာ ဝတ်မှုံရွှေရည်( Wutt Hmone Shwe Yi) တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ သူမကို ချစ်တဲ့ ပရိသတ်တွေ ကလည်း အများကြီးရှိပါတယ်။ အခုချိန်မှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက် ရိုက်ကူးနေရတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ သူမကိုတော့ Kanebo ကြော်ငြာနဲ့ အနုပညာလောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ ဇာတ်ကားများ စတင်ရိုက်ကူးခဲ့ပါတယ်။ ကြော်ငြာများနဲ့ လူကြိုက်များလာခဲ့တဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ဟာ ၂၀၁၃ခုနှစ်မှာ “နင်စေရင်” ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး အဲ့ဒီအကယ်ဒမီ ရွှေကြယ်ကိုလည်း ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီ (၁)ရက်နေ့က မှော်ဘီမြို့ရှိ အောင်ဇဗ္ဗူတော ရကျောင်းတိုက်မှာ လှူဒါန်းခဲ့ပါတယ်။ သူမဟာ ၂၀၁၄ခုနှစ်မှာတော့ “နှလုံးသားနဲ့ပြုလုပ်သည်” ရုပ်ရှင်ဇာတ်ကားကြီး နဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကိုလည်း ရရှိထားပါတယ်။