ဆူးပန်းခွေသွယ်ဘသက်နှင့် ပေရွက်လိပ်နားတောင်းဆင်” ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲမြင်ကွင်း
Unicode
စာရေးဆရာမ ခင်ခင်ထူးရဲ့ ဝတ္ထုတွေက တောဓလေ့အငွေ့အသက်လေးတွေနဲ့ ဇာတ်ဆောင်တွေရဲ့ ဘဝဇာတ်ကြောင်းကို လှလှပပလေး ရေးဖွဲ့တတ်သူတစ်ဦးဖြစ်ပါတယ်။ ဆရာမ ခင်ခင်ထူးရဲ့ ဝတ္ထုတွေကို ပြန်လည်အသက်သွင်း ရိုက်ကူးခဲ့တဲ့ “ပန်းကြာဝတ်မှုံ” ရုပ်ရှင်ဇာတ်ကားကြီးကလဲ အောင်မြင်လွန်းခဲ့ပါတယ်။ ဆရာမ ခင်ခင်ထူးရဲ့ ဝတ္ထုတွေ တော်တော်များများက ရုပ်ရှင်ရိုက်ကူးဖို့ ရောင်းချပြီးဖြစ်ပြီး ဆရာမရဲ့ နာမည်ကြီးဝတ္ထုဖြစ်တဲ့ “ဆူးပန်းခွေသွယ်ဘသက်နှင့် ပေရွက်လိပ်နားတောင်းဆင်” ဝတ္ထုကိုတော့ ရုပ်မြင်သံကြားဇာတ်လမ်းတွဲအဖြစ် စတင်အသက်သွင်းတော့မှာပဲ ဖြစ်ပါတယ်။
“ဆူးပန်းခွေသွယ်ဘသက်နှင့် ပေရွက်လိပ်နားတောင်းဆင်” ရုပ်လမ်းတွဲကို ဇာတ်ညွှန်းနှင့် ဒါရိုက်တာ ဇော်မြင့်ဦးမှ ရိုက်ကူးမှာဖြစ်ပြီး သရုပ်ဆောင် ခန့်စည်သူ၊ အောင်ရေချမ်း၊ ထွန်းအိန္ဒြာဗိုလ်၊ ခိုင်သင်းကြည်၊ အေးသီတာ၊ မျိုးမျိုးခိုင်နှင့် တခြားသရုပ်ဆောင်များစွာ ပါဝင်မှာဖြစ်ပါတယ်။
“ဆူးပန်းခွေ သွယ်ဘယက်နှင့် ပေရွက်လိပ် နားထောင်းဆင်”ရုပ်သံဇာတ်လမ်းတွဲရဲ့ ကန်တော့ပွဲ အခမ်းအနားကို ဒီကနေ့ မေလ(၃၀) ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ရွှေတိဂုံဘုရားမှာ ကျင်းပပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။
“ဆူးပန်းခွေ သွယ်ဘယက်နှင့် ပေရွက်လိပ် နားထောင်းဆင်” ဝတ္ထုက စာဖတ်ပရိသတ်တွေကြားမှာ အောင်မြင်ပြီးသား ဝတ္တုတစ်ပုဒ်ဖြစ်လို့ ဇာတ်လမ်းတွဲအဖြစ် ပြန်လည်သရုပ်ဖော်ရာမှာလည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို များစွာခံနေရတာ ဖြစ်ပါတယ်။
ဆရာမ ခင်ခင်ထူးရဲ့ “ဆူးပန်းခွေ သွယ်ဘယက်နှင့် ပေရွက်လိပ် နားထောင်းဆင်”ရုပ်သံဇာတ်လမ်းတွဲကို မကြာခင် တီဗီဖန်သားပြင်ပေါ်မှာ တွေ့မြင်ရတော့မှာမို့ ပရိသတ်ကြီးလည်း ရင်ခုန်နေကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။Credit-momolay