“ကိုရီးယားနိုင္ငံတြင္က်င္းပျပဳလုပ္တဲ့ ဆုေပးပြဲႀကီးမွာ Asia Special Award ဆုခ်ီးျမႇင့္ျခင္းခံခဲ့ရတဲ့ ျမန္မာႏိုင္ငံရဲ႕ထိပ္တန္းမင္းသမီးေခ်ာေလး ဝတ္မႈန္ေရႊရည္”

ျပည္သူ႔အသည္းေက်ာ္ မင္းသမီးေခ်ာေလး ဝတ္မႈန္ေ႐ႊရည္ကေတာ့ လက္ရွိမွာ ကိုရီးယားႏိုင္ငံ ၊ ဆိုးလ္ၿမိဳ႕ေလးကို ေရာက္ရွိေနတာ ျဖစ္ပါတယ္။ ကိုရီးယား မင္းသားေခ်ာေလးနဲ႔အတူ ” တိမ္ေတြေပၚကပန္း ” ႐ုပ္ရွင္ဇာတ္ကားႀကီးကို ႐ိုပ္ကူးေနတဲ့ ေ႐ႊကစ္ေလးက ဒီေန႔ June လ၊ ၉ရက္ေန႔၊Korea ႏိူင္ငံ Seoul ၿမိဳ႕ “Olympic Hall” တြင္ က်င္းပျပဳလုပ္တဲ့ “Asia Model Award “ဆုေပးပြဲ အခမ္းအနားႀကီးကိုလည္း တက္ေရာက္ခဲ့ရပါတယ္။ ေ႐ႊကစ္ေလးက ဒီဆုေပးပြဲအခမ္းအနားႀကီးမွာ ” Asia Special Award” ဆုကို ခ်ီးျမႇင့္ျခင္းခံခဲ့ရတာ ျဖစ္ပါတယ္။

ႏိုင္ငံတကာနဲ႔ ရင္ေဘာင္တန္းၿပီး အႏုပညာလႈပ္ရွားမႈေတြကို လုပ္ကိုင္ေနတဲ့ ေ႐ႊကစ္က ျပည္တြင္းမွာသာမက ျပည္ပႏိုင္ငံေတြမွာပါ ေအာင္ျမင္ေက်ာ္ၾကားေနတာ ျဖစ္ပါတယ္။ ယခုက်င္းပတဲ့ “2019 Asia Model Awards” ဆုေပးပြဲမွာ ေ႐ႊကစ္ေလးက “Special Award ” ဆုကို အျခား ျပည္ပအႏုပညာရွင္ႏွစ္ဦးနဲ႔အတူ ေ႐ြးခ်ယ္ခ်ီးျမႇင့္ျခင္းခံခဲ့ရတာပဲ ျဖစ္ပါတယ္။ ဒီဆုေပးပြဲကိုေတာ့ ေ႐ႊကစ္က ဆန္းသစ္လွပတဲ့ အျဖဴေရာင္ဝတ္စုံေလးနဲ႔ ပြဲတက္ခဲ့တာ ျဖစ္ပါတယ္။

ႏိုင္ငံတကာက နာမည္ေက်ာ္ အႏုပညာရွင္ေပါင္းစုံ တကေရာက္လာတဲ့ ဒီပြဲႀကီးမွာ ေ႐ႊကစ္ေလးက အလန္းစားဖက္ရွင္ေလးနဲ႔ ေတာက္ပတဲ့ၾကယ္ပြင့္ေလးတစ္ပြင့္အျဖစ္ ေပၚလြင္ထင္ရွားေနခဲ့တာ ျဖစ္ပါတယ္။ ပရိသတ္ေတြကေတာ့ ျမန္မာႏိုင္ငံက ေ႐ႊမင္းသမီးေခ်ာေလးအျဖစ္ ဆုတက္ယူခဲ့ရတဲ့ ေ႐ႊကစ္အတြက္ ဂုဏ္ယူဝမ္းေျမာက္ေနၾကတာ ျဖစ္ပါတယ္။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ ကိုရီးယားႏိုင္ငံက “Asia Model Awards” ဆုေပးပြဲႀကီးမွာ ဆုခ်ီးျမႇင့္ျခင္းခံခဲ့ရတဲ့ မင္းသမီးေခ်ာေလး ဝတ္မႈန္ေ႐ႊရည္ရဲ႕ ခ်စ္စရာပုံရိပ္ေလးေတြကို တင္ဆက္ေပးလိုက္ပါတယ္ေနာ္။

Source :Wutt Hmone Shwe Yi & Big Film Productions;

Photo Credit;

Unicode

ပြည်သူ့အသည်းကျော် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ကတော့ လက်ရှိမှာ ကိုရီးယားနိုင်ငံ ၊ ဆိုးလ်မြို့လေးကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ကိုရီးယား မင်းသားချောလေးနဲ့အတူ ” တိမ်တွေပေါ်ကပန်း ” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုပ်ကူးနေတဲ့ ရွှေကစ်လေးက ဒီနေ့ June လ၊ ၉ရက်နေ့၊Korea နိူင်ငံ Seoul မြို့ “Olympic Hall” တွင် ကျင်းပပြုလုပ်တဲ့ “Asia Model Award “ဆုပေးပွဲ အခမ်းအနားကြီးကိုလည်း တက်ရောက်ခဲ့ရပါတယ်။ ရွှေကစ်လေးက ဒီဆုပေးပွဲအခမ်းအနားကြီးမှာ ” Asia Special Award” ဆုကို ချီးမြှင့်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

နိုင်ငံတကာနဲ့ ရင်ဘောင်တန်းပြီး အနုပညာလှုပ်ရှားမှုတွေကို လုပ်ကိုင်နေတဲ့ ရွှေကစ်က ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံတွေမှာပါ အောင်မြင်ကျော်ကြားနေတာ ဖြစ်ပါတယ်။ ယခုကျင်းပတဲ့ “2019 Asia Model Awards” ဆုပေးပွဲမှာ ရွှေကစ်လေးက “Special Award ” ဆုကို အခြား ပြည်ပအနုပညာရှင်နှစ်ဦးနဲ့အတူ ရွေးချယ်ချီးမြှင့်ခြင်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ဒီဆုပေးပွဲကိုတော့ ရွှေကစ်က ဆန်းသစ်လှပတဲ့ အဖြူရောင်ဝတ်စုံလေးနဲ့ ပွဲတက်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာက နာမည်ကျော် အနုပညာရှင်ပေါင်းစုံ တကရောက်လာတဲ့ ဒီပွဲကြီးမှာ ရွှေကစ်လေးက အလန်းစားဖက်ရှင်လေးနဲ့ တောက်ပတဲ့ကြယ်ပွင့်လေးတစ်ပွင့်အဖြစ် ပေါ်လွင်ထင်ရှားနေခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ မြန်မာနိုင်ငံက ရွှေမင်းသမီးချောလေးအဖြစ် ဆုတက်ယူခဲ့ရတဲ့ ရွှေကစ်အတွက် ဂုဏ်ယူဝမ်းမြောက်နေကြတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကိုရီးယားနိုင်ငံက “Asia Model Awards” ဆုပေးပွဲကြီးမှာ ဆုချီးမြှင့်ခြင်းခံခဲ့ရတဲ့ မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ရဲ့ ချစ်စရာပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source :Wutt Hmone Shwe Yi & Big Film Productions;

Photo Credit;

Leave a Reply

Your email address will not be published. Required fields are marked *