ကား႐ုိက္မ႐ိွလို႔ မုန္႔ဟင္းခါးေရာင္းေနရတဲ့ ဇာတ္ပို႔သရုပ္ေဆာင္ ရဲေလးမ

ျမန္မာဇာတ္ကားေတြမွာ ဇာတ္ပို႔ေနရာကေနႏွစ္ေတြအမ်ားႀကီးသ႐ုပ္ေဆာင္ၿပီး က်ရာဇာတ္႐ုပ္မွာ အေကာင္းဆံုးသ႐ုပ္ေဆာင္ႏိုင္တဲ့ ရဲေလးမကိုေတာ့အားလံုးကို အထူးမိတ္ဆက္ေပးစရာမလိုပါဘူး။ သူကေတာ့အစပိုင္းမွာ ေယာက္်ားေလးတစ္ေယာက္လိုသ႐ုပ္ေဆာင္ခဲ့ေပမယ့္ ေနာက္ပိုင္းျမန္မာဇာတ္လမ္းေတြရ ဲ႕လမ္းေၾကာင္းအရ မိန္းမလ်ာတစ္ေယာက္လို သ႐ုပ္ေဆာင္ရင္းရဲေလးမဆိုတဲ့နာမည္ခံယူရတဲ့အထိေတာင္ သ႐ုပ္ေဆာင္အလုပ္အေပၚမွာ႐ူးသြပ္ၿပီးႀကိဳးစားသူတစ္ေယာက္ပဲျဖစ္ပါတယ္။ အခုက်ေနာ္တို႔ေျပာခ်င္လြန္းလို႔ ပရိသတ္ေတြကိုတင္ဆက္ေပးခ်င္တဲ့အေၾကာင္းအရာေလးေတြကေတာ့ Myanmar Celebrity နဲ႔အင္တာဗ်ဴးတစ္ခုမွာရဲေလးမေျပာျပသြားတဲ့အေၾကာင္းေတြကို ေျပာခ်င္လြန္းလို႔ပရိသတ္ေတြသိေအာင္ေျပာျပေပးလိုက္ပါတယ္။

Myanmar Celebrity နဲ႔အင္တာဗ်ဴးမွာ ရဲေလးမက “ ရႈတင္လည္းနားေနေတာ့ ရဲေလးမတို႔ကပိုက္ဆံလည္းအမ်ားႀကီးမတတ္ႏိုင္ဘူး ။ ကိုယ့္ရဲ႕ဝင္ေငြေလးနဲ႔ကိုယ္ရဲ႕ဖြင့္ႏိုင္တဲ့အေျခအေနေလးေပၚမူတည္ၿပီးေတာ့ ဒီေနရာေလးမွာ မုန္႔ဟင္းခါးဆိုင္ေလးဖြင့္လိုက္တာပါ ။ အရင္းနီးကေတာ့ တစ္သိန္းေက်ာ္ေလာက္ေတာ့ ရင္းရတယ္။ အေျခခံရပ္ကြက္ ဝန္ထမ္းေတြ႐ိွတဲ့ရပ္ကြက္ေလးဆိုေတာ့ အမ်ားႀကီးတင္ေရာင္းလို႔လည္းမရဘူးေလ။ အခုတပြဲ၄၀၀ေရာင္းတာေတာင္မွ ကိုယ္ကေတာ္ေတာ္အားနာလွၿပီ ။ဘာျဖစ္လို႔လဲဆိုေတာ့ အခုခ်ိန္မွာငါးေစ်းၾကက္သြန္ေစ်းဆီေစ်း အကုန္ျမင့္ေနတာေလ ။တစ္ေန႔ေတာ့အျမတ္နည္းရင္လည္းနည္းပါေစေပါ့ ။နည္းနည္းေတာ့က်န္ပါတယ္။ မိသားစုစား႐ံုေသာက္႐ံုေလာက္ေတာ့ ရပါတယ္။ ခ်မ္းေတာ့မခ်မ္းသာဘူးေပါ့ ။

ကိုယ့္ဆီကိုေထြေထြထူးထူးတကူးတကလာစားတာမ်ိဳးေတာ့မ႐ိွပါဘူး။ရပ္ကြက္ထဲကမိတ္ေဆြေတြကိုယ့္မိတ္ပဲ ကို္ယ့္မိသားစုပဲလာၾကတာပါ။ စိတ္ကေပ်ာ္ေနလားဆိုေတာ့ ေပ်ာ္တာေပါ့။ ေစ်းေရာင္းရတာဆိုေတာ့ပင္ေတာ့ပင္ပန္းတာေပါ့။ ေရာင္းရတဲ့အခါက်ေတာ့ေပ်ာ္တယ္။ အျမတ္နည္းတာနည္းတာပဲေလ ။ ေရာင္းၿပီးကုန္တဲ့ ကုန္တဲ့အတြက္ကို ကိုယ့္မိသားစုစားဝတ္ေနေရးကအဆင္ေျပတယ္။ ပင္ပန္းတယ္ဆိုေပမယ့္လည္းေပ်ာ္ေအာင္ေတာ့ေနရတာေပါ့”ဆိုၿပီးေျပာျပသြားခဲ့ပါတယ္။

Credit : NanMalGyi

Unicode

မြန်မာဇာတ်ကားတွေမှာ ဇာတ်ပို့နေရာကနေနှစ်တွေအများကြီးသရုပ်ဆောင်ပြီး ကျရာဇာတ်ရုပ်မှာ အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ ရဲလေးမကိုတော့အားလုံးကို အထူးမိတ်ဆက်ပေးစရာမလိုပါဘူး။ သူကတော့အစပိုင်းမှာ ယောက်ျားလေးတစ်ယောက်လိုသရုပ်ဆောင်ခဲ့ပေမယ့် နောက်ပိုင်းမြန်မာဇာတ်လမ်းတွေရ ဲ့လမ်းကြောင်းအရ မိန်းမလျာတစ်ယောက်လို သရုပ်ဆောင်ရင်းရဲလေးမဆိုတဲ့နာမည်ခံယူရတဲ့အထိတောင် သရုပ်ဆောင်အလုပ်အပေါ်မှာရူးသွပ်ပြီးကြိုးစားသူတစ်ယောက်ပဲဖြစ်ပါတယ်။ အခုကျနော်တို့ပြောချင်လွန်းလို့ ပရိသတ်တွေကိုတင်ဆက်ပေးချင်တဲ့အကြောင်းအရာလေးတွေကတော့ Myanmar Celebrity နဲ့အင်တာဗျူးတစ်ခုမှာရဲလေးမပြောပြသွားတဲ့အကြောင်းတွေကို ပြောချင်လွန်းလို့ပရိသတ်တွေသိအောင်ပြောပြပေးလိုက်ပါတယ်။

Myanmar Celebrity နဲ့အင်တာဗျူးမှာ ရဲလေးမက “ ရှုတင်လည်းနားနေတော့ ရဲလေးမတို့ကပိုက်ဆံလည်းအများကြီးမတတ်နိုင်ဘူး ။ ကိုယ့်ရဲ့ဝင်ငွေလေးနဲ့ကိုယ်ရဲ့ဖွင့်နိုင်တဲ့အခြေအနေလေးပေါ်မူတည်ပြီးတော့ ဒီနေရာလေးမှာ မုန့်ဟင်းခါးဆိုင်လေးဖွင့်လိုက်တာပါ ။ အရင်းနီးကတော့ တစ်သိန်းကျော်လောက်တော့ ရင်းရတယ်။ အခြေခံရပ်ကွက် ဝန်ထမ်းတွေရှိတဲ့ရပ်ကွက်လေးဆိုတော့ အများကြီးတင်ရောင်းလို့လည်းမရဘူးလေ။ အခုတပွဲ၄၀၀ရောင်းတာတောင်မှ ကိုယ်ကတော်တော်အားနာလှပြီ ။ဘာဖြစ်လို့လဲဆိုတော့ အခုချိန်မှာငါးဈေးကြက်သွန်ဈေးဆီဈေး အကုန်မြင့်နေတာလေ ။တစ်နေ့တော့အမြတ်နည်းရင်လည်းနည်းပါစေပေါ့ ။နည်းနည်းတော့ကျန်ပါတယ်။ မိသားစုစားရုံသောက်ရုံလောက်တော့ ရပါတယ်။ ချမ်းတော့မချမ်းသာဘူးပေါ့ ။

ကိုယ့်ဆီကိုထွေထွေထူးထူးတကူးတကလာစားတာမျိုးတော့မရှိပါဘူး။ရပ်ကွက်ထဲကမိတ်ဆွေတွေကိုယ့်မိတ်ပဲ ကိုယ့်မိသားစုပဲလာကြတာပါ။ စိတ်ကပျော်နေလားဆိုတော့ ပျော်တာပေါ့။ ဈေးရောင်းရတာဆိုတော့ပင်တော့ပင်ပန်းတာပေါ့။ ရောင်းရတဲ့အခါကျတော့ပျော်တယ်။ အမြတ်နည်းတာနည်းတာပဲလေ ။ ရောင်းပြီးကုန်တဲ့ ကုန်တဲ့အတွက်ကို ကိုယ့်မိသားစုစားဝတ်နေရေးကအဆင်ပြေတယ်။ ပင်ပန်းတယ်ဆိုပေမယ့်လည်းပျော်အောင်တော့နေရတာပေါ့”ဆိုပြီးပြောပြသွားခဲ့ပါတယ်။