မိုးႀကိဳးပစ္ခံရ လို႔ လူ(၂)ဦး နဲ႔ ကၽြဲ(၁၂)ေကာင္ ေသဆုံး

၂၀၁၉ ခုႏွစ္၊ ဇြန္လ ၉ ရက္ေန႔ ည ၆ နာရီအခ်ိန္ ရွမ္းျပည္နယ္၊ မိုင္းခတ္ၿမိဳ႕နယ္ ခမ္းႏြဲ႕ေက်းရြာေန ေဒၚအီနန္း(၃၃)ႏွစ္သည္ ေက်းရြာအနီးရွိ ၎၏လယ္ေတာသို႔ သြားေရာက္စဥ္ မိုးႀကိဳးပစ္ခတ္ခံရမႈေၾကာင့္ ဦးေခါင္း၊ လည္ပင္း၊ ဝဲ/ယာလက္ မီးေလာင္ဒဏ္ရာမ်ားျဖင့္ ေသဆုံးသြား ခဲ့ေၾကာင္း သိရွိရသည္။

အလားတူ ဇြန္လ ၉ ရက္ေန႔ နံနက္ ၈ နာရီ ၃၀ မိနစ္အခ်ိန္ ေပါက္ေတာၿမိဳ႕နယ္ ငွက္ေခ်ာင္းကယ္ဆယ္ေရးစခန္း(၂)ေန ေဇာ္နိုလ္အာဒိန္(၄၇)ႏွစ္သည္ အသျပာကၽြန္းရွိ ပုဇြန္တာ၌ငါးရွာေဖြေနစဥ္ မိုးႀကိဳးပစ္ခတ္ခံရမႈေၾကာင့္ ၎တြင္ ဝမ္းဗိုက္ညိဳမဲပြန္းပဲ့ဒဏ္ရာမ်ားရရွိ၍ အခင္းျဖစ္ေနရာ၌ ေသဆုံးသြားသျဖင့္ အေလာင္းအား ေပါက္ေတာျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

အလားတူ ဇြန္လ ၉ ရက္ေန႔ နံနက္ ၈ နာရီအခ်ိန္တြင္ လွိုင္းဘြဲၿမိဳ႕နယ္အတြင္း မိုးရြာသြန္းၿပီး မိုးႀကိဳးပစ္ခတ္မႈေၾကာင့္ ပိုင္က်ဳံၿမိဳ႕ ဒညင္းကုန္းေက်းရြာ၌ ကၽြဲ ၁၂ ေကာင္(ထီး ၃၊ မ ၉) မိုးႀကိဳးထိမွန္ေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။

ရဲဇာနည္

Unicode

၂၀၁၉ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့ ည ၆ နာရီအချိန် ရှမ်းပြည်နယ်၊ မိုင်းခတ်မြို့နယ် ခမ်းနွဲ့ကျေးရွာနေ ဒေါ်အီနန်း(၃၃)နှစ်သည် ကျေးရွာအနီးရှိ ၎င်း၏လယ်တောသို့ သွားရောက်စဉ် မိုးကြိုးပစ်ခတ်ခံရမှုကြောင့် ဦးခေါင်း၊ လည်ပင်း၊ ဝဲ/ယာလက် မီးလောင်ဒဏ်ရာများဖြင့် သေဆုံးသွား ခဲ့ကြောင်း သိရှိရသည်။

အလားတူ ဇွန်လ ၉ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် ပေါက်တောမြို့နယ် ငှက်ချောင်းကယ်ဆယ်ရေးစခန်း(၂)နေ ဇော်နိုလ်အာဒိန်(၄၇)နှစ်သည် အသပြာကျွန်းရှိ ပုဇွန်တာ၌ငါးရှာဖွေနေစဉ် မိုးကြိုးပစ်ခတ်ခံရမှုကြောင့် ၎င်းတွင် ဝမ်းဗိုက်ညိုမဲပွန်းပဲ့ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားသဖြင့် အလောင်းအား ပေါက်တောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။

အလားတူ ဇွန်လ ၉ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် လှိုင်းဘွဲမြို့နယ်အတွင်း မိုးရွာသွန်းပြီး မိုးကြိုးပစ်ခတ်မှုကြောင့် ပိုင်ကျုံမြို့ ဒညင်းကုန်းကျေးရွာ၌ ကျွဲ ၁၂ ကောင်(ထီး ၃၊ မ ၉) မိုးကြိုးထိမှန်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ရဲဇာနည်

Leave a Reply

Your email address will not be published. Required fields are marked *