တနိုင်ငံလုံးပထမတဲ့လား ???

တနိုင်ငံလုံးပထမတဲ့လား ???

မီးမရှိတဲ့ရွာလေးကနေ လမ်းကြမ်းကိုစက်ဘီးလေးနဲ့ဖြတ် စက်ဘီးနင်းမရတော့တဲ့နေရာရောက်ရင်ခြေလျင်လျှောက် ၁နာခွဲကြာမှကျောင်းရောက်တဲ့ သဇင်ဝင်းဆိုတဲ့ကလေးမ လေးရဲ့ ကြိုးစားသင်ယူလိုစိတ် ဇွဲ လုံ့လ ဝီရိယ ကအံ့မ ခန်းပါပဲ။

မုန့်ဘိုးတထောင်ကိုတပတ်စာသုံးသတဲ့ကွယ်
ဟိုတပတ်ကတီတီစီတက်ဖို့ ဝန်ကြီးချုပ်ဆီ အသနားခံ မဲ့သူတွေပြေးမြင်မိတယ်။ ကလေးမလေးရဲ့စိတ်ကူး ရည်မှန်းချက်တွေကလည်း အများအကျိုးထမ်းဖို့ပဲ။ ဘယ်လောက်တန်ဖိုးရှိလိုက်ပါသလဲ။ သားသမီးဘဝကောင်းစားစေချင်ရင် စိတ်ဓာတ် စိတ်

ထားကောင်းထည့်ပေးဖို့သာလိုပါတယ်။ အပြိုင်အဆိုင် မိဘတွေရဲ့သားသမီးဖြစ်ရတာ ဘယ်လောက်ပြည့်စုံပါစေ ကံဆိုးတဲ့သားသမီးတွေပါပဲ။

ဘဝဆိုတာတရားမျှတစွာလွတ်လပ်ခွင့်ရှိတဲ့ပျံသန်း
ခြင်းတော့ဖြစ်သင့်တယ်။
အရာရာအောင်မြင်ပါစေသမီးလေး

ခင်သန်းနု
Photo အောင်ကျော် တက်

Unicode






ခင်သန်းနု
Photo အောင်ကျော် တက်

Leave a Reply

Your email address will not be published. Required fields are marked *