အဖေနဲ့အမေ မရှိပေမဲ့… မောင်လေးရှိတယ် …အားမငယ်နဲ့… နေပြန်ကောင်းလာမှာပါ” ဆိုတဲ့… ကောင်လေး












Unicode
Zhao Wenhui လို့ အမည်ရတဲ့ အသက် ၁၁အရွယ် ကောင်မလေးမှာ Zhao Wenjing လို့ အမည်ရတဲ့ ၇နှစ်အရွယ် မောင်လေးတစ်ယောက်ရှိပါတယ်။ တစ်နေ့မှာတော့ မောင်နှမ နှစ်ယောက် ဆော့ကစားရင်း မတော်တဆမှုတစ်ခုနဲ့ကြုံခဲ့ရပါတယ်။

ဒါကတော့ မောင်နှမနှစ်ယောက် ဆော့ကစားရင်း မတော်တဆ ကုတင်ပေါ်ကနေ ကြမ်းပြင်ပေါ်ကို ခေါင်းနဲ့ ခြေပစ်လက်ပစ် ပြုတ်ကျသွားတာပဲဖြစ်ပါတယ်။ ပြဿနာက ကြီးကြီးမားမားမဟုတ်ပေမဲ့ အကျမကောင်းတဲ့အခါကျတော့ အစ်မတစ်ယောက် ကြမ်းပြင်ပေါ်မှာ လူးလိမ့်ပြီး တော်တော် နာကျင်ခဲ့ရတယ်လို့ မောင်ဖြစ်သူ Wenjing က ဆိုပါတယ်။

အဲ့ဒီနောက် အစ်မဖြစ်သူကို Wenhui ကို ဆေးရုံကို ပို့ဆောင်းပေးခဲ့ရပါတယ်။ အစ်မဖြစ်သူရဲ့ ခံစားနေရတာမြင်တော့ အစ်မနားကို သွားပြီး ကျနေတဲ့ မျက်ရည်တွေကို သုတ်ပေးကာ အားပေးစကားဆိုခဲ့ပါတယ်။

“ဖေဖေနဲ့မေမေ မရှိပေမဲ့ အားမနည်နဲ့ မောင်လေးရှိတယ် နေပြန်ကောင်းလာရင်မုန့်တွေဝယ်ကျွေးမယ်” ဆိုပြီး အစ်မဖြစ်သူရဲ့ ပါးလေးကို နမ်းကာ နှစ်သိမ့်ပေးခဲ့ပါတယ်။

Zhao Wenhui တို့ မောင်နှမနှစ်ယောက်ရဲ့ မိဘတွေမရှိကျတော့ပါဘူး။ ဖခင်ဖြစ်သူက အလုပ်သွားလုပ်မယ်ဆိုပြီး အိမ်ကထွက်သွားတာ နှစ်တော်တော်ကြာနေပါပြီ။ မိခင်ဖြစ်သူကလည်း သူမတို့မောင်နှမနှစ်ယောက်ကို ထားခဲ့ပြီး အဆက်အသွယ်ဖြတ်ထားတာ တော်တော်ကြာနေပါပြီ။ လက်ရှိမှာဆွေမျိုးသားချင်းတွေကြားမှာ နေထိုင်ပြီး ကြုံရာအလုပ်နဲ့ အသက်မွေးကျောင်းရပါတယ်။

ကစားစရာတွေ အဝတ်အစားအသစ်တွေ ဝတ်နိုင် စားနိုင်ဖို့ဆိုတာတော့ သူတွေအတွက် ဝေးကွာတဲ့ အိမ်မက်တွေလိုပါပဲ။ အသက်၇နှစ်သာရှိသေးတဲ့ Wenjing ဟာ ရင့်ကျက်ပြီး နားလည်မှုရှိတဲ့ ကလေးငယ်တစ်ဦးပါ။ အစ်မဖြစ်သူက မိဘတွေကို သတိရလို့ ငိုတဲ့အချိန်တွေမှာ သူက အမြဲလိုလို နှစ်သိမ့်ပေးတတ်ပါတယ်။

ကံဆိုးတာက Wenhui မှာ ယခင်ကတည်းက ကျောက်ကပ်ရောဂါရှိနေပါတယ်။ မတော်တဆပြုတ်ကျရာကနေ ဆေးရုံရောက်ပြီး စစ်ဆေးရာမှ အရေးပေါ် ခွဲစိတ်ကုသဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

တစ်နေ့စာ တစ်နေ့ စားဖို့အတွက်တောင် အတော်လေး ရုန်းကန်နေရတာ အခုလို ခွဲစိတ်ကုသရမယ်ဆိုတော့ ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။ ဒါပေမဲ့ Wenjing တို့ မောင်နှမ နှစ်ယောက် ကံကောင်းခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိုဆေးရုံက လူတစ်ယောက်ဟာ ကလေးတွေရဲ့ဓာတ်ပုံနဲ့အတူ အခက်အခဲဖြစ်နေတဲ့အကြောင်းကို ရေးပြီး အွန်းလိုင်းမှာ ပို့စ်တင်ပေးခဲ့ပါတယ်။

အချိန်ခဏအတွင်း ကလေးတွေရဲ့ ဓာတ်ပုံတွေဟာ အွန်လိုင်းမှာ ပြန့်နှံ့ခဲ့ပြီး ကူညီပေးမဲ့လူတွေလည်း ဆက်သွယ်လာကြပါတယ်။ အဲ့ဒီနောက် ကလေးတွေရှိတဲ့ ဆေးရုံဆီ အလှူရှင်တွေရောက်လာခဲ့ပြီး ခွဲစိတ်ကုသဖို့ လိုအပ်တဲ့ ဆေးဖိုးဝါးခတွေအားလုံးကို တာဝန်ယူဖြေရှင်းပေးခဲ့ပါတယ်။

ဒါ့အပြင် အချို့သော အွန်လိုင်းသုံးစွဲသူတွေကလည်း Wenjing တို့ မောင်နှမနှစ်ယောက်အတွက် အလှူငွေအချို့ ကို ထောက်ပံ့ပေးခဲ့တယ်လို့ဆိုပါတယ်။

source-lifestyle myanmar