႐ိုက္ကူးေရးလုပ္ရင္း… ခါး႐ိုးက်ိဳးသြားခဲ့တဲ့ …လူၾကမ္းသ႐ုပ္ေဆာင္ ဂ်စ္သား

လူၾကမ္းသရုပ္ေဆာင္ ဂ်စ္သားက ရုပ္ရွင္ရိုက္ကူးေရးလုပ္ရင္း ခါးရိုးက်ိဴးသြားခဲ့တာျဖစ္ပါတယ္။ ပရိသတ္ေတြလည္း စိတ္မေကာင္းျဖစ္လို႕ေနပါတယ္။

လူၾကမ္းသရုပ္ေဆာင္ ဂ်စ္သားဟာ ရိုက္ကြင္းမွာ ဇာတ္ကားရိုက္ကူးရင္း ျမင္းေပၚက ျပဳတ္က်ၿပီး ခါးရိုးက်ိဳးသြားခဲ့တယ္လို႕ သိရပါတယ္။ ရိုက္ကြင္းမွ ဒဏ္ရာရသြားခဲ့တဲ့ လူၾကမ္းသရုပ္ေဆာင္ဆီသို႕ ကိုယ္လူေခ်ာအဖြဲ႕ေခါင္းေဆာင္ျဖစ္တဲ့ ဦးေအာင္ခိုင္က CB ကေန အာမခံေၾကးေငြ ထုတ္ေပးကာ ကိုယ္တိုင္ကိုယ္က် သြားေပးေပးခဲ့တယ္လို႕ သိရပါတယ္။

“ရုပ္ရွင္ရုိက္ကြင္းမွာမေတာ္တဆျဖစ္ျပီးခါးရိုးက်ိဳးသြားတဲ႔သရုပ္ ေဆာင္ဂ်စ္သားအားCBထိခိုက္မွုအာမခံဌာနမွေငြက်ပ္ငါးသိန္း(500000/)ေထာက္ပံ့မွဳအား တာဝန္ခံထုတ္ယူျပီးအိမ္ တိုင္ယာေရာက္ပို႔ေပးခဲ႔ပါသည္။ ကိုဂ်စ္သားအားကူညီေထာက္ ပံ႔ေပးပါေသာ ဦးထြန္းထြန္းCB အာမခံလုပ္ငန္းနွင့္စာနာစိတ္ ျဖင့္ကိုတိုင္လာေရာက္ လွဴဒါန္းႀကပါေသာ ပရိသတ္မ်ားအားကို ဂ်စ္သားကိုယ္စား ကိုလူေခ်ာအဖြဲ႔မွ အထူးေက်းဇူးတင္ပါေႀကာင္း မွတ္တမ္းတင္အပ္ပါသည္” ဆုိၿပီး ဇြန္လ(၁၃) ရက္ေန႕က ဦးေအာင္ခိုင္ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားထားတာေတြ႕ရပါတယ္။

လူၾကမ္းသရုပ္ေဆာင္ ဂ်စ္သားအတြက္လည္း ပရိသတ္ေတြ စိတ္မေကာင္းျဖစ္လို႕ေနပါတယ္။ ပရိသတ္ေတြက က်န္းမာေရး အျမန္ဆံုး ျပန္ေကာင္းၿပီး ဖိုက္တင္ခန္းေတြပါ အျမန္ဆံုး ပါဝင္သရုပ္ေဆာင္ႏိုင္ဖို႕ ဆုေတာင္းေပးထားၾကပါေသးတယ္။ သူပါဝင္ထားတဲ့ ရုပ္ရွင္ဇာတ္ကားေတြ အမ်ားႀကီးရွိသလို ဗီဒီယိုိဇာတ္ကားေပါင္းမ်ားစြာ ရွိခဲ့ပါတယ္။

ဦးေအာင္ခုိင္ကေတာ့ အခုလက္ရွိမွာ ရုပ္ရွင္ဇာတ္ကားေတြ ဆက္တုိက္ ရုိက္ကူးေနတာကုိ ေတြ႔ရပါတယ္။ အဲ့ဒီေနာက္ ျမန္မာႏုိင္ငံရုပ္ရွင္ အစည္းအရုံးမွာလည္း အမႈေဆာင္ တစ္ဦးအေနနဲ႔ ပါဝင္ေဆာင္ရြက္ေနတာျဖစ္ပါတယ္။ အဲ့ဒီေနာက္ ရုပ္ရွင္နဲ႔ ဗီဒီယုိ လူၾကမ္းသရုပ္ေဆာင္ ေတြဖြဲ႕စည္းထားတဲ့ ကုိလူေခ်ာ အဖြဲ႔မွာလည္း ဥကၠဌတစ္ဦးအေနနဲ႔ တာဝန္ယူေဆာင္ရြက္ေနတယ္လုိ႔ သိရပါတယ္။Credit- Duwun

Unicode
လူကြမ်းသရုပ်ဆောင် ဂျစ်သားက ရုပ်ရှင်ရိုက်ကူးရေးလုပ်ရင်း ခါးရိုးကျိူးသွားခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေလည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။

လူကြမ်းသရုပ်ဆောင် ဂျစ်သားဟာ ရိုက်ကွင်းမှာ ဇာတ်ကားရိုက်ကူးရင်း မြင်းပေါ်က ပြုတ်ကျပြီး ခါးရိုးကျိုးသွားခဲ့တယ်လို့ သိရပါတယ်။ ရိုက်ကွင်းမှ ဒဏ်ရာရသွားခဲ့တဲ့ လူကြမ်းသရုပ်ဆောင်ဆီသို့ ကိုယ်လူချောအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဦးအောင်ခိုင်က CB ကနေ အာမခံကြေးငွေ ထုတ်ပေးကာ ကိုယ်တိုင်ကိုယ်ကျ သွားပေးပေးခဲ့တယ်လို့ သိရပါတယ်။

“ရုပ်ရှင်ရိုက်ကွင်းမှာမတော်တဆဖြစ်ပြီးခါးရိုးကျိုးသွားတဲ့သရုပ် ဆောင်ဂျစ်သားအားCBထိခိုက်မှုအာမခံဌာနမှငွေကျပ်ငါးသိန်း(500000/)ထောက်ပံ့မှုအား တာဝန်ခံထုတ်ယူပြီးအိမ် တိုင်ယာရောက်ပို့ပေးခဲ့ပါသည်။ ကိုဂျစ်သားအားကူညီထောက် ပံ့ပေးပါသော ဦးထွန်းထွန်းCB အာမခံလုပ်ငန်းနှင့်စာနာစိတ် ဖြင့်ကိုတိုင်လာရောက် လှူဒါန်းကြပါသော ပရိသတ်များအားကို ဂျစ်သားကိုယ်စား ကိုလူချောအဖွဲ့မှ အထူးကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်အပ်ပါသည်” ဆိုပြီး ဇွန်လ(၁၃) ရက်နေ့က ဦးအောင်ခိုင်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

လူကြမ်းသရုပ်ဆောင် ဂျစ်သားအတွက်လည်း ပရိသတ်တွေ စိတ်မကောင်းဖြစ်လို့နေပါတယ်။ ပရိသတ်တွေက ကျန်းမာရေး အမြန်ဆုံး ပြန်ကောင်းပြီး ဖိုက်တင်ခန်းတွေပါ အမြန်ဆုံး ပါဝင်သရုပ်ဆောင်နိုင်ဖို့ ဆုတောင်းပေးထားကြပါသေးတယ်။ သူပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ အများကြီးရှိသလို ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရှိခဲ့ပါတယ်။

ဦးအောင်ခိုင်ကတော့ အခုလက်ရှိမှာ ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးနေတာကို တွေ့ရပါတယ်။ အဲ့ဒီနောက် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှာလည်း အမှုဆောင် တစ်ဦးအနေနဲ့ ပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ အဲ့ဒီနောက် ရုပ်ရှင်နဲ့ ဗီဒီယို လူကြမ်းသရုပ်ဆောင် တွေဖွဲ့စည်းထားတဲ့ ကိုလူချော အဖွဲ့မှာလည်း ဥက္ကဌတစ်ဦးအနေနဲ့ တာဝန်ယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။