ကချင်ဆရာဝန်မလေးရဲ့ လွမ်းစရာချစ်ပုံပြင် ဖျာပုံ ဖြစ်ရပ်ဆိုးကြီးမှာ ပါဝင်ခဲ့တဲ့သူလေးတ‌ယောက်……

ကချင်ဆရာဝန်မလေးရဲ့ လွမ်းစရာချစ်ပုံပြင် ဖျာပုံ ဖြစ်ရပ်ဆိုးကြီးမှာ ပါဝင်ခဲ့တဲ့သူလေးတ‌ယောက်……

2011ခုနှစ် Final part1 ကြို့ပင်ကောက်ကို Field Training ထွက်ရတယ်.. မှတ်မှတ်ရရ February လကပေါ့.. ကျွန်နော်လဲ ဘယ် group နဲ့ join ရမလဲ မသိတော့, ၉တန်း ၁၀တန်းထဲက ခင်ခဲ့ တွဲခဲ့တဲ့ သူငယ်ချင်း ရဲလင်း ကသူ့ group ကိုခေါ်တယ်..မိန်းခလေး ၅ယောက်ပါတယ်တဲ့..ယောင်္ကျားလေး ၉ယောက်, ပဲရှိသေးတယ် လိုက်ခဲ့လို့ရတယ်ဆိုတော့, ကျွန်နော် လိုက်ဖစ်ခဲ့တယ်..

တစ်ခါမှလဲ မတွေ့ဖူးတဲ့ မိန်ခလေး အဖွဲ့နဲ့ဆိုတော့ စကားလဲ သိပ်မပြောဖြစ်ကြဘူး.. ကျွန်နော်ကိုဆိုနောက်ဆုံးမှ လာ join လို့ ကောင်မလေးတွေက နှစ်ကျ အကိုကြီးလားမသိဘူး လို့တောင်မေးသေးတယ်(ပန်ဂျာလဲပါတယ်).ပြန်တွေးတွေးပီးပြုံးမိတယ်..

အဲ့လိုနဲ့ ကြို့ပင်ကောက်ရောက်သွားကြတယ်, Field trip ပီးရင် စာမေးပွဲက Mayလမှာရှိတော့ စာတွေလဲ စုကျက်. အားတဲ့အချိန်ဆို ဖဲကစား, မှတ်မှတ်ရရ တနေ့မှာ အရက်စုသောက်ကြမယ်ဆိုပီး Beer ၂ပုလင်း နဲ့ Spy တွေဝယ်လာတယ်..အဲ့တုန်းကကျွန်နော် မသောက်တတ်သေးဘူး.. ဝိုင်းစကြနောက်ကြနဲ့, ပန်ဂျာက ကျွန်နော်ကို စတိုက်တယ်, နည်းနည်းသောက်ကြည့် ဘာမှ မဖြစ်ဘူး, မမူးဘူးဆိုပီး..ကျွန်နော် အဲ့ကစပီး အရက်စသောက်တတ်သွားတာ, အခုချိန်ထိပဲ.. ထားပါတော့..

အဲ့ချိန်လောက်ထဲကစပီး သူ့ကိုကျွန်နော် သတိထားမိဖြစ်တယ်, တခုခုဆို သူကိုဂရုတစိုက်လိုက်ကြည့်ဖြစ်တယ်.. Post Trip တပတ်ကို ကလောမြို့ကို သွားဖြစ်ကြတယ်.. ပျော်ပျော်ရွှင်ရွှင်ပါပဲ.. ညဘက် အပြင်ထွက်တော့ ဆိုက်ကယ်စီးကြမယ်ဆိုပီးပြောမယ်, သူမောင်းတတ်တယ်တဲ့.. သူနဲ့လိုက်စီးတဲ့ ခေါ်တယ်.. မစီးဖြစ်ခဲ့ဘူး, ယောင်္ကျားလေး ဖြစ်ဖူး ဆိုက်ကယ်တောင် မစီးတတ်ဘူးဆိုပီး ကျွန်နော်ကို နောက်သေးတယ်..

အဲ့လိုနဲ့ ရန်ကုန်ပြန်ရောက်တော့ သူနဲ့ ကျွန်နော် ဖုန်းတွေပြောဖြစ်ကြတယ်.. April ပထမ ပတ်လောက်မှာ သူ့ မြို့ ဗန်မော် ကိုပြန်တယ်, ဖုန်းထဲမှာ ဘာရယ်မဟုတ်ဘူး ဂရုစိုက်ဖို့တွေ အတန်တန် အပြန်အလန် မှာတယ်.. မှတ်မှတ်ရရပဲ မှာပီး သိပ်မကြာဘူး ဆိုက်ကယ်မှောက်တယ်ဆိုပီး ဖုန်းဝင်လာတယ်. ကျွန်နော် တော်တော် စိတ်ပူသွားတယ်.. ဘာမှ မဖြစ်ဘူး မျက်နှာလောက်ပဲ ပွန်းသွားတယ်ဆိုပီး ရယ်မောသံလေးနဲ့ စိတ်မပူနဲ့ ဆိုပီးပြန်ပြောတယ်..

2011 April 10 ရက်နေ့ မှတ်မှတ်ရရပဲ စမ်းချောင်း လမ်းထိပ်က tea shop (အခုတော့ strategy first) ချိန်းပီး သူကိုဖွင့်ပြောပီး အဖြေတောင်းဖြစ်တယ်..မျက်နှာမှာ အမာရွတ်လေးတွေကို သနပ်ခါးလေး ထူထူလိမ်းပီး ကျွန်နော် ချိန်းတဲ့နေရာကို လာတွေ့ရှာတယ်..ချစ်တယ်ဖွင့်ပြောပီး အဖြေတောင်းတော့ ချက်ချင်း မပေးဘူး, ရယ်နေတယ်.. အဲ့လိုနဲ့ စာတွေကျက်, ဖုန်းတွေ အပြန်အလှန်ပြောကြရင်းနဲ့ စာမေးပွဲဖြေပီး. 2011 May 10ရက်နေ့မှာ တရားဝင် ချစ်သူဖြစ်ကြောင်း, သူ ကျွန်နော်ကို ခေါင်းငြိမ့်ပီး လက်ခံခဲ့တယ်.. ပြောဖို့တစ်ခု ကျန်သွားတယ်, သူ က ခရစ်ယန်, ကျွန်နော်က ဗုဒ္ဓဘာသာ, သူ ကျွန်နော်ကို လက်ခံဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာသိတယ်, ဒါပေမယ့် သူ့အချစ်တွေ အကုန် ကျွန်နော့်ကို ပေးခဲ့တယ်. ကျွန်နော် အရမ်းပျော်တယ်..

ရည်းစားစဖြစ်တော့ ကျွန်နော့်ကို တစ်နှစ်ပြည့်တဲ့ နေ့မှာ မောင်က လွဲပီး ဘယ်သူ့ကိုမှ မချစ်တော့ဘူးတဲ့, မောင်နဲ့ မယူဖြစ်ရင်တောင် သဲ တယောက်ထဲ နေသွားမယ်ဆိုပီး ကတိတွေ အထပ်ထပ်ပေးသွားတယ်..ကျောင်း သွား ဆေးရုံပြန်, စားအတူ သွားအတူ, မိုးရေထဲလဲ ၃၈ bus ကား ကြပ်ကြပ်ညပ်ညပ်တိုးစီး, ၂ယောက်ပေါင်းလို့ လက်ထဲ ပိုက်ဆံ ၁၀၀၀ ကျန်, သုံးစရာမရှိတော့တောင် အတူတူ ရယ်ပီး ပျော်ခဲ့ကြဖူးတယ်..ညတိုင်း ဖုန်းတွေ ဆက်, ကျွန်နော်ကြီးပဲ ဆက်ရတာမဟုတ်ပါဘူး, သူဘက်ကလဲ ဆက်တယ်, အဲ့တုန်းက MPT ဖဲရှိတယ်ဆိုတော့ ၁လ ဖုန်းဘေလ် ဖိုးက ၄၀၀၀၀-၅၀၀၀၀ ကြားထဲမှာရှိတယ်. သူဆို ၂၅၀၀၀ လောက်လတိုင်းကုန်တယ်.. အိမ်ကတောက် ဖုန်းပြန်သိမ်းမယ်လုပ်လို့, ဖုန်းမဆက်တော့ပဲ. စမ်းချောင်းကို အိမ်ဦးနဲ့ ကြမ်းပြင်ဆိုသလို ည၇နာရီ သူ့ကိုသွားတွေ့ ၈နာရီဆို အိမ်ပြန်စာကျက်, အားရင် အားသလို သွားတွေ့ဖြစ်တယ်.

စကားမစပ် သူက သူ့အဒေါ်နဲ့နေတာ, ကျွန်နော်နဲ့ရည်းစားဖြစ်နေတာ သူ့အဒေါ်မသိဘူး, ခိုးခိုးတွေ့ရတာ..ဘာလို့ ပေးမသိတာလဲလို့ မေးတော့, ဘာမှ ပြန်မပြောခဲ့ဘူး.. ဘာသာမတူတော့သိသွားရင် သဘောမတူမှာစိုးလို့တဲ့.သိသွားလို့ ပေးမတွဲတော့ရင် ဘယ်လိုလုပ်မလဲတဲ့.. သူ ကျွန်နော်ကို ချစ်လို့ အိမ်ကလူတွေ အဒေါ်တွေ ကို ပေးမသိတာတဲ့.. အဲ့လို့နော် ကျောင်းပီးတော့ House ဆင်းတယ်, မှတ်မှတ်ရရ ကျွန်နော်က medicine , သူက surgery မှာ, တစ်နေ့ သူ့ night duty မှာ သူ့နဲ့ဆင်းတဲ့ တယောက်က နေမကောင်းလို့ ခွင့်ယူတော့ နောက်တယောက်က ယောင်္ကျားလေး အကိုကြီး တယောက်နဲ့ သူနဲ့ပဲရှိတယ်တဲ့, ညဘက် ၂ယောက်ထဲ မဆင်းရဲဘူး, တခန်းထဲ အတူ မနေချင်ဘူးဆိုပီး ဖုန်းဆက်လာတော့ ကျွန်နော် သူနဲ့ အတူတူ ၁၃,၁၄ ward မှာ တစ်ညအတူတူသွားဆင်းပေးရတယ်.. ကျွန်နော် ညဘက် ဝင်အိပ်တော့ ခြင်ကိုက်မယ်တဲ့ စောင်ခြုံတဲ့ဆိုပီး ခဏခဏအခန်းထဲကိုလာဝင်ကြည့်ပေးတယ်.

သူကျွန်နော့်ကို အရမ်းဂရုစိုက်တယ်.ကျွန်နော် မကြိုက်တာဆိုလဲ နားထောင်တယ်, ဘယ်တော့မှ မလုပ်ဘူး.. House ပီးတော့ အလုပ်ဝင်မယ်ပြောတယ်, သူက မိသားစုထဲမှာ သမီး အလတ်, အထက်မှာ အမ တယောက်ရှိတယ်, ညီမ တယောက်ရှိတယ်, သူကြိုးစားရမယ်တဲ့ မိသားစုထဲမှာ ဆရာဝန်ဆိုလို့ သူတယောက်ထဲရှိတာတဲ့.. posting inservice ဝင်မယ်တဲ့, Surgery နဲ့ OG စိတ်ဝင်စားတယ်တဲ့.. နင်ဝင်ရင် ငါinservice မဝင်တော့ဘူး, ၂ယောက်အတူတူ ဝင်ရင် ပိုက်ဆံ ဘယ်လို ရှာမလဲလို့, နင်က တလမှ ၂၅၀၀၀၀ ပဲရမှာလို့, ငါအပြင်မှာပဲရှာတော့မယ်လို့, နင်သာ စာကြိုးစားဖတ်လို့ နင့်ရည်မှန်းချက် ရအောင်ကြိုးစားလို့. ၂ယောက်သား တိုင်တိုင်ပင်ပင်နဲ့ ဘဝရဲ့ plan ကိုချခဲ့တယ်.. Posting မခေါ်ခင် ၂နှစ်လောက်ကြားထဲ မှာ သူ့မြို့သူ ပြန်သွားတယ်,

သူ့မြို့က ဆေးရုံမှာ သူ MO ဝင်လုပ်တယ်, မိဘကို ရတဲ့ ပိုက်ဆံ ပြန်အပ်တယ်ပြောတယ်, သူပျော်တယ်, ကျွန်နော့်ဆီလဲ ၆လ တစ်ခါလာလာတွေ့တယ် သူပိုက်ဆံစုပီး.. ဘဝက rich kids တွေလို မချောမွေ့ခဲ့ဘူး.. posting စခေါ်တော့ သူဝင်ဖြေတယ်, အယောက် ၆၀၀ မှာ ၈၉ ယောက်ခေါ်သွားတယ်, သူပါသွားတယ်, but clinical ဘက် မဟုတ်ဘူး, teaching ဘက်ဖြစ်နေလို့ဆိုပီး, စိတ်မဝင်စားဘူး မဝင်ဘူး ဆိုပီး စာပြန်တင်လိုက်တယ်.နောက် တစ်ခေါက်ထပ်ဖြေတယ်, သူပါတယ်, CWH ကို တာဝန်ကျတယ်, OG ပဲဖြေတော့မယ်ဆိုပီး အလုပ်ကို ကြိုးကြိုးစားစားလုပ်တယ်.. ၄နာရီ ဂျူတီ ပီးမယ့်အချိန်တောင် သွားကြိုရင် သူချက်ချင်းမပြန်နိုင်ဘူး, တစ်ခါတလေ ၆နာရီ ထိုင်စောင့်ပီး ကြိုရတာတွေရှိတယ်..

ကျွန်နော်တောင်သူ့ကို အော်မိသေးတယ်, နင် အဲ့လုပ်မကြိုးစားနဲ့ ရတဲ့ လခနဲ့ မတန်ဘူးဆိုပီး..သူကတော့ ပြုံးပြုံးလေးပဲ ကျွန်နော် လာကြိုရင် အရမ်းပျော်တယ်, ရယ်ပီး လက်ပြေးချိတ်တယ်.. ကျွန်နော်လဲ သူ့အပြုံးတွေ ရယ်သံတွေအောက်မှာ ဘာမှ ပြန်မပြောဖြစ်ခဲ့ဘူး, သူပျော်ရင် ပီးတာပဲဆိုပီး.. တစ်နှစ်ပြည့်တော့ သူ စာမေးပွဲဖြေတယ်, OG written အောင်ခဲ့တယ်, written ဆိုတာ ဘယ်လောက်ခက်လဲ ဖြေတဲ့သူတိုင်းသိပါတယ်, ၇၅ယောက်ဖြေတာ ၃၂ ယောက်ပဲအောင်တယ် ပြောတယ်.၂ယောက်ပြန်ဖြုတ်မယ်လို့သူပြောတယ်, သူအရမ်းကြောက်နေခဲ့တယ်.

သူပြုတ်မလား မသိဘူးလို့တောင် သူပြောသေးတယ်.. ထင်တဲ့ အတိုင်းပါပဲ သူ ပြုတ်ကျန်ခဲ့တယ်. ကျွန်နော် သူ့ကို စိတ်တိုပီး ပြောမိသေးတယ်, နင်အောင်တော့ professor တွေကို သွား မကန်တော့ဘူးလား မလိုက်ဘူးလားဆိုတော့, ကျွန်နော့်ကို သူပြန်ပြောတယ်, အဲ့လိုမျိုးတွေရှိလို့လားတဲ့ ငါအမှတ်နည်းလို့ ငါ ပြုတ်တာပဲ နေမှာတဲ့ အဲ့လောက် စိတ်ထား ရိုးတဲ့ သူ တစ်ခါမှ မတွေ့ဖူးဘူး, သူ့စိတ်ထဲမှာ သူ့အမှားလို့ပဲ သူခံယူခဲ့တယ်..နေပြည်တော်ထိ လိုက်သေးတယ်, မလုပ်မရှုပ် မပြုတ် တွေကတော့ ဘောလီ ဘောပုတ်ပီး, မအောင်တဲ့လူတွေကို နယ်ပို့ပေးခဲ့တယ်..

ဘယ်ရောက်လဲ ဆိုတော့ ဖျာပုံ တဲ့ CWH က ၆ယောက်လောက် ပို့တာဆိုတော့ မဖွဲ့လိုက်ရောက်သွားတယ်… ရန်ကုန်နဲ့လဲ မဝေးဘူးဆိုတော့ ပျော်နေကြတာ, ငါ အပတ်တိုင်း စနေ, တနင်္ဂနွေ အားရင် ပြန်လာခဲ့မယ်တဲ့ ဆိုပီး သူ ပျော်ပျော်ကြီး ဖျာပုံကို April မှာ စပြောင်းပီး တာဝန်ထမ်းဆောင်ခဲ့တယ်. သူ အရမ်းအဆင်ပြေခဲ့တယ် ဖျာပုံက နေ ဒလကို ကားစီးတယ်, ဒလ ကနေ ရန်ကုန်ကို သဘောင်္စီးပီး စနေ တနင်္ဂနွေ အားရင် အားသလို ရန်ကုန်ပြန်ကျူရှင်တက်တယ်.. ဖျာပုံက အကြောင်းတွေ ကျွန်နော်ကို အမြဲပြောပြတယ်.. SAS အမ တွေ ဘယ်လို သဘောကောင်းတယ်, AS အမ မဝေဖြိုးဆို ဘယ်လိုဂရုစိုက်တယ်, အဆောင် ရှေ့ခန်းမှာနေတဲ့ အမ အေးမြတ်သူ က အရမ်းရယ်ရတယ်တဲ့ အရပ်ပုပုလေးနဲ့ စကားပြောရင် အရမ်းရယ်ရတယ်တဲ့, သူ ကျွန်နော့်ကို ပြောပြတယ်..

ပီးခဲ့တဲ့ စနေ တနင်္ဂနွေ ဘာဂျူတီလဲမေးတော့ ဂျူတီ မရှိဘူးတဲ့ GP ထိုင်ရမယ်တဲ့ SAS အမ က ရန်ကုန်ပြန်တော့ သူ့ ကို အစားထိုင်ခိုင်းလို့တဲ့.. ဖုန်းဆက်ပီး လူနာဘယ်နှယောက်ရလဲတောင် မေးမိသေးတယ်. ၅ယောက်လောက်ရတယ်တဲ့ သူပျော်နေတယ်, ငါ အခု လာမယ့် စနေ ပြန်လာမယ်နော်တဲ့ နင်ဘာဂျူတီလဲတဲ့ မဆုံးခင် တနလာင်္နေ့ ညနေ ၇နာရီ မှာ ဖုန်းပြောဖြစ်တော့ ကျွန်နော့်ကို မေးသေးတယ်. သူပြန်လာမယ်ဆိုတော့ ကျွန်နော် ပျော်နေခဲ့တယ်, ၇နာရီ ဖုန်းပြောတော့ သူ ရဲ့ အသံက အိပ်ချင်တဲ့ အသံပေါက်နေတော့, ordinary ဆင်းထားတော့ ပင်ပန်းရင် အိပ်တော့လေ လို့ ပြောလိုက်မိသေးတယ်. ၈ နာရီလောက်မှ အိမ်က သူ့အမေ နဲ့ ဖုန်းပြောသေးတယ် လို့ သူ့အမက ပြောတယ်. ၉နာရီမှာ urgent OT ရှိတယ် assist လိုတယ်ဆိုလို့ သူ လိုက်သွားတယ်..

၉-၁၀.၃၀ မှာ တစ်ခု ပီးတယ် ၁၀.၃၀- ၁၁.၃၀ မှာ နောက်တစ်ခု ပီးတယ်. ည၁၁.၃၀ ပီးတော့ ဗိုက်ဆာလို့ဆိုပီး group လိုက် ၆ယောက် , စုပီး ဖျာပုံ အထွက် တံတား အကျော်နားက မုန့်ဆိုင်မှာ မုန့်စားမယ် သီချင်းသွားဆိုမယ်ဆိုပီး အုပ်စုလိုက် ထွက်သွားကြတယ်.. တစ်ခါမှ ကျွန်နော်ကောင်မလေး အဲ့လိုအချိန် အပြင် မထွက်ဖူးပါဘူး.. ကံကြမ္မာက ဖန်လာတော့ အဆွယ် ကောင်းတာနဲ့ ၁၁.၃၀ ကြီးကို မုန့်ထွက်စားဖြစ်ကြတယ်..

၁၀.၃၅မိနစ်မှာ ကျွန်နော်သူ့ကို online တစ်ချက်တွေ့မိလိုက်လို့ v call ခေါ်လိုက်တာ, မမှီလိုက်ပါဘူး offline 4minutes ago ဖြစ်သွားတယ်, ကျွန်နော်လဲ အိပ်နေပီထင်ပီး ဖုန်းမဆက်လိုက်မိပါဘူး.. အဲ့လိုနဲ့ မနက် ၂နာရီ မှာ ပြန်ကြတယ်လို့ပြောပါတယ်, ကားမောင်းသူက ကိုဝေယံပါ, သူက အရမ်းသဘော ကောင်းပါတယ်, case ဝင်တာတောင် retro case ဖြစ်နေလို့ ပန်ဂျာ assist လိုက်ဝင်ပေးမယ်ဆိုတာတောင် သူက မဝင်နဲ့တဲ့ တစ်ခုခုဖြစ်သွားရင် သူများသားသမီး သူမလျော်နိုင်ဘူးဆိုပီး ပေးမဝင်ခဲ့ပါဘူး..

အခင်းမဖြစ်ခင် တနလာင်္နေ့ မနက်က အနေအေးတဲ့မအေးမြတ်သူ က အရမ်းပျော်ပီး ရယ်နေတယ်, သူတို့ အုပ်စုလိုက် ဟားတိုက်ပီးရယ်နေလို့ ဒီနေ့ AS တွေ အရမ်းပျော်နေကြပါလားဆိုပီ ဘေးလူတွေ ဆရာမ တွေကတောင် သတိထားမိကြလို့ ဘာတွေ အဲ့လောက်ပျော်နေကြတာလဲလို့တောင် လှမ်းပေးမိသေးတယ်လို့ ကြားရပါတယ်.. ဘဝ ကြီးက အရမ်းထူးစမ်းပါတယ်, ကြမ္မာငင်တော့ ညနေ ၆နာရီလောက်မှာ အကင်လုပ်စားကြမယ်လို့ plan ထားတာကြီးက urgent case ၂ခု ဝင်လာတော့ ၁၁.၃၀ သွားခဲ့ပါတယ်..

plan ထားတာတွေ အကုန်ပြတ်ပီး ၁၁.၃၀ လောက်မှ သီချင်းဆို မုန့်စားကြမယ်ဆိုပီး ဖျာပုံက နေစထွက်သွားပါတော့တယ်…

မနက် ၆.၁၅ မှာ ကျွန်နော်ဆီ သူငယ်ချင်း ဇင်မင်းထက်က ဖုန်းဆက်လာတယ်, အရေးကြီးတယ်သားကြီး ဖုန်းပြန်ခေါ်ပါဆိုတော့, သိလိုက်တာ တစ်ခုကတော့ တစ်ခုခုဖြစ်ပီလို့ အတွေးဝင်လာတာပါပဲ, အဆိုးဆုံးကို မတွေးမိထားပါဘူး.. ဖုန်းဆက်လိုက်တော့ သားကြီးရေ စိတ်ငြိမ်ငြိမ်ထားနော်တဲ့ အဲ့စကားကြားတော့ ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားတယ်.. ပန်ဂျာ car accident ဖြစ်လို့ဆုံးပီတဲ့ on the spot ပဲတဲ့.. ကျွန်နော် ကိုင်ထားတဲ့ ဖုန်းတောင်လွတ်ကျသွားတယ်.. ညဘက် အပြင်မထွက်တတ်တဲ့လူ တယောက်က car accident ဖြစ်တယ်ဆိုတော့ တော်တော်လေး ခြောက်ခြားသွားတယ်, အပြင်ထွက်တိုင်းလဲ အမြဲ ဖုန်းဆက်တဲ့ ကျွန်နော့်ကောင်မလေး ပန်ဂျာ. ကျွန်နော် လုံးဝကို ထင်မထားခဲ့ဘူး..

ကားပေါ်ထိုင်တာတောင် နောက်ဆုံးတန်း ဘယ်ဘက်မှာ ပန်ဂျာ ထိုင်တယ်, ညာဘက်မှာ မအေးမြတ် ထိုင်တယ်.. ကံကို ဆိုးရှာပါတယ်, လူရွေးခေါ်တယ်လို့ပဲ ထင်ပါတယ်, single ၃ယောက် ကိုပဲ ရွေးခေါ်သွားခဲ့တယ်.. ကျန်ခဲ့တဲ့ ၃ယောက်က အိမ်ထောင်သည် တချို့ဆိုခလေး တွေရှိကြတယ်တဲ့..

Rest In Peace ပါ.. ကိုဝေယံ, မအေးမြတ်, ပန်ဂျာ

Kaung Htet Aung

လေးစားစွာဖြင့် ခရက်ဒစ်