မြန်မာဆန်ဆန်လေးလှနေမယ်ဆိုရင်ရော ချစ်လားလို့ မေးလိုက်တဲ့ နန်းမွေ့စံ

မြန်မာဆန်ဆန်လေးလှနေမယ်ဆိုရင်ရော ချစ်လားလို့ မေးလိုက်တဲ့ နန်းမွေ့စံ

မြန်မာနိုင်ငံက ပရိသတ်တွေကြားမှာ နာမည်ကျော် ဆရာဝန်၊မော်ဒယ်မလေးတစ်ယောက်ဖြစ်တဲ့ နန်းမွေ့စံကတော့ ဆိုရှယ်မီဒိယာပေါ်မှာလည်း မသိသူမရှိတဲ့ ဆယ်လီတစ်ေ်ယာက်ဖြစ်ပါတယ်။ သူမကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ယဉ်ကျေးမှုနဲ့ မသင့်တော်တဲ့ ဝတ်စားဆင်ယင်မှုကြောင့် ဆေးကုသခွင့်လိုင်စင် အသိမ်းခံလိုက်ရတာဖြစ်ပါတယ်။ ဒီအကြောင်းကလည်း ပရိသတ်တွေကြားမှာ တော်တော်လေး ဂယက်ရိုက်သွားခဲ့ပါတယ်။

ဒီကနေ့မှာတော့ နန်းမွေ့စံက အနက်ရောင် မြန်မာဝတ်စုံလေးနဲ့ နန်းဆန်ဆန်လှနေတဲ့ ဓါတ်ပုံတွေကို ဖေစ်ဘုတ်ပေါ်မှာ တင်ပေးလိုက်တာဖြစ်ပါတယ်။ နန်းမွေ့စံကတော့ “မြန်မာဆန်ရင် ချစ်လားး” လို့ရေးထားပြီး ဓါတ်ပုံတွေကို တင်ပေးလိုက်တာဖြစ်ပါတယ်။

နန်းမွေ့စံကို အားပေးကြတဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို မျှဝေပေးလိုက်ပါတယ်။ မြန်မာဆန်နေတဲ့ နန်းမွေ့စံကို သဘောကျရဲ့လား ပရိသတ်ကြီးရေ။

Leave a Reply

Your email address will not be published. Required fields are marked *