နာမည္ႀကီးပုဂၢိဳလ္မ်ားအနုပညာရပ္၀န္း

သက္မြန္ျမင့္ပါးရုိက္တာခံရဖူးတယ္ဆိုတဲ့ ဟက္ကတ္

သက္မြန္ျမင့္ဟာ အနုပညာေလာကထဲကုိဝင္ေရာက္လာခဲ့တာ အနွစ္နွစ္ဆယ္ေလာက္ရွိျပီျဖစ္ျပီး မၾကာေသးမီကမွ အနွစ္နွစ္ဆယ္ျပည့္အထိိန္းအမွတ္အလွဴနဲ႔ ခ်စ္တဲ့ပရိသတ္ေတြနဲ႔ Fan meeting ေတြ႕ဆံုပြဲေလးလုပ္ထားပါတယ္။ သက္မြန္ျမင့္နဲ႔ သရုပ္ေဆာင္ဟက္ကတ္နဲ႔ဟာ ဟုိးလြန္ခဲ့တဲ့ နွစ္ေပါင္းမ်ားစြာကတည္းက အလုပ္အတူတူလုပ္ရင္းနဲ႔ခင္ခဲ့ၾကတဲ့သူငယ္ခ်င္းေတြျဖစ္ျပီး အခုထိလည္းခင္မင္မႈေတြက ခုိင္ျမဲေနဆဲပါ။ မၾကာေသးမီက မီဒီယာေတြနဲ႔အင္တာဗ်ဴးမွာ ဟက္ကတ္က သက္မြန္ျမင့္နဲ႔ပတ္သက္ျပီး အတိတ္ျဖစ္ရပ္ေတြကုိသတိတရေျပာျပလာခဲ့ပါတယ္။

သက္မြန္ျမင့္နဲ႔ အစကတည္းက ရင္းနွီးခဲ့တဲ့အေၾကာင္း ဟက္ကတ္က “သက္မြန္ျမင့္ ဒီေလာကထဲစေရာက္လာကာစကတည္းက ကြ်န္ေတာ္တို႔နဲ႔ရင္းနွီးတယ္။ ကြ်န္ေတာ္္တို႔စုိ္င္းစိုင္းတို႔ ငျဖိဳးတို႔က VCD ေတြရိုက္ေနၾကတဲ့အခ်ိန္၊ အဲဒီကေလးမေလးသည္ ကြ်န္ေတာ္တို႔ဒီဘက္စကားနဲ႔ေျပာရင္ေတာ့ မုိက္တယ္ေပါ့။တြဲရိုက္ျဖစ္တယ္။ သက္မြန္က ကြ်န္ေတာ္တို႔ထက္ေဒါင္လည္းေကာင္းတယ္။ေဘာ္ဒီလည္းေတာင့္တယ္။ ကြ်န္ေတာ္တို႔က ပိန္ပိန္ပါးပါးေလးေတြဆိုေတာ့ သူနဲ႔ရိုက္ရင္ အက်ႌအပြၾကီးေတြဝတ္ရတယ္။ အဲဒါကေတာ့ အမွတ္တရပါပဲ”လို႔ ေျပာျပထားပါတယ္။

သက္မြန္ျမင့္ဆီက ပါးရိုက္ခံခဲ့ရတဲ့အေၾကာင္းကုိလည္း ဟက္ကတ္က “ကြ်န္ေတာ္တို႔ VCDေတြရိုက္ေတာ့ ပါးရုိက္တဲ့အခန္းပါတယ္ဗ်ာ။ အဲဒီမွာ သူနဲ႔ကြ်န္ေတာ္နဲ႔ ရီဟာဇယ္ေတြရုိက္၊ အကြာအေဝးေတြဘာေတြခ်ိန္ျပီးေတာ့ လုပ္ေတာ့ ။ ရိုက္ေတာ့ ကြ်န္ေတာ့္ကုိအခ်က္တို္င္းထိတယ္။ နွစ္ခ်က္သံုးခ်က္ေတြဘာေတြထိလာေတာ့ ကြ်န္ေတာ္တို႔က သက္မြန္မဟုတ္ေတာ့ဘူးကြာလို႔ ငါေရွာင္တာပဲလို႔ ထိကုိထိေနတာလို႔သူ႔လက္ကုိကြ်န္ေတာ္တိုင္းၾကည့္ေတာ့ ကြ်န္ေတာ့္ထက္ လက္သံုးလံုးေလာက္ကုိရွည္ေနတာ။ ဦးေအာင္ကိုလတ္ဆီမွာ ကုိယ္ခံပညာေတြဘာေတြလည္းတက္ထားေတာ့ သူ႔ေယာက္်ားခံရလားမခံရလားေတာ့မသိဘူး။ ကြ်န္ေတာ္ေတာ့သက္မြန္လက္သံျမည္းဖူးတယ္”လို႔ ရယ္ေမာရင္းေျပာျပထားပါတယ္။

သက္မြန္ကုိခ်စ္တဲ့အေၾကာင္းလည္း ဟက္ကတ္က “ဒါကေတာ့ ေသခ်ာတယ္။ သက္မြန္ကုိကြ်န္ေတာ္ခ်စ္တဲ့အပို္င္းမွာလည္း အဲဒါေတြပါတယ္။ သက္မြန္က ငယ္ငယ္ကတည္းက ကြ်န္ေတာ္တို႔နဲ႔အတူတူ ရႈတင္ကားေတြဘာေတြစီး ဒီိလုိပဲေနတာပဲ။ ေနာက္ပုိင္းမွာ သူပံုစံေတြေျပာင္းသြားတယ္။ မင္းသမီးျဖစ္္လာတယ္။ အကယ္ဒမီေတြရ ၊ေမြးေန႔ပြဲလား အိမ္သစ္တက္ပြဲလား ကြ်န္ေတာ္မေမ့ဘူး။ အခုထိလည္းမေမ့ဘူး။ ကြ်န္ေတာ္က သူဖိတ္တဲ့ေန႔မွာ ကယားဘက္ကုိေရာက္ေနလို႔ ။အခုေတာင္ဖုန္းဆက္လိုက္ေသးတယ္။ သူငယ္ခ်င္း၊ငါဒီေန႔မွျပန္ေရာက္တာ။ ေဆာရီးေနာ္လို႔။ ဒါေပမယ့္ ေနာက္နွစ္ထပ္လုပ္၊ေနာက္တစ္ေခါက္ထပ္လုပ္၊ ငါလာခဲ့မယ္လို႔၊ သူကလံုးဝမေျပာင္းလဲဘူး။ သူက အခုအိမ္အၾကီးၾကီးေဆာက္ထားလည္း ဖိတ္တာပဲ။ အာ့မ်ိဳးအာ့မ်ိဳး”လို႔ ေျပာထားပါတယ္။Credit : NanMalGyi

Unicode

သက်မွန်မြင့်ဟာ အနုပညာလောကထဲကိုဝင်ရောက်လာခဲ့တာ အနှစ်နှစ်ဆယ်လောက်ရှိပြီဖြစ်ပြီး မကြာသေးမီကမှ အနှစ်နှစ်ဆယ်ပြည့်အထိန်းအမှတ်အလှူနဲ့ ချစ်တဲ့ပရိသတ်တွေနဲ့ Fan meeting တွေ့ဆုံပွဲလေးလုပ်ထားပါတယ်။ သက်မွန်မြင့်နဲ့ သရုပ်ဆောင်ဟက်ကတ်နဲ့ဟာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အလုပ်အတူတူလုပ်ရင်းနဲ့ခင်ခဲ့ကြတဲ့သူငယ်ချင်းတွေဖြစ်ပြီး အခုထိလည်းခင်မင်မှုတွေက ခိုင်မြဲနေဆဲပါ။ မကြာသေးမီက မီဒီယာတွေနဲ့အင်တာဗျူးမှာ ဟက်ကတ်က သက်မွန်မြင့်နဲ့ပတ်သက်ပြီး အတိတ်ဖြစ်ရပ်တွေကိုသတိတရပြောပြလာခဲ့ပါတယ်။

သက်မွန်မြင့်နဲ့ အစကတည်းက ရင်းနှီးခဲ့တဲ့အကြောင်း ဟက်ကတ်က “သက်မွန်မြင့် ဒီလောကထဲစရောက်လာကာစကတည်းက ကျွန်တော်တို့နဲ့ရင်းနှီးတယ်။ ကျွန်တော်တို့စိုင်းစိုင်းတို့ ငဖြိုးတို့က VCD တွေရိုက်နေကြတဲ့အချိန်၊ အဲဒီကလေးမလေးသည် ကျွန်တော်တို့ဒီဘက်စကားနဲ့ပြောရင်တော့ မိုက်တယ်ပေါ့။တွဲရိုက်ဖြစ်တယ်။ သက်မွန်က ကျွန်တော်တို့ထက်ဒေါင်လည်းကောင်းတယ်။ဘော်ဒီလည်းတောင့်တယ်။ ကျွန်တော်တို့က ပိန်ပိန်ပါးပါးလေးတွေဆိုတော့ သူနဲ့ရိုက်ရင် အင်္ကျီအပွကြီးတွေဝတ်ရတယ်။ အဲဒါကတော့ အမှတ်တရပါပဲ”လို့ ပြောပြထားပါတယ်။

သက်မွန်မြင့်ဆီက ပါးရိုက်ခံခဲ့ရတဲ့အကြောင်းကိုလည်း ဟက်ကတ်က “ကျွန်တော်တို့ VCDတွေရိုက်တော့ ပါးရိုက်တဲ့အခန်းပါတယ်ဗျာ။ အဲဒီမှာ သူနဲ့ကျွန်တော်နဲ့ ရီဟာဇယ်တွေရိုက်၊ အကွာအဝေးတွေဘာတွေချိန်ပြီးတော့ လုပ်တော့ ။ ရိုက်တော့ ကျွန်တော့်ကိုအချက်တိုင်းထိတယ်။ နှစ်ချက်သုံးချက်တွေဘာတွေထိလာတော့ ကျွန်တော်တို့က သက်မွန်မဟုတ်တော့ဘူးကွာလို့ ငါရှောင်တာပဲလို့ ထိကိုထိနေတာလို့သူ့လက်ကိုကျွန်တော်တိုင်းကြည့်တော့ ကျွန်တော့်ထက် လက်သုံးလုံးလောက်ကိုရှည်နေတာ။ ဦးအောင်ကိုလတ်ဆီမှာ ကိုယ်ခံပညာတွေဘာတွေလည်းတက်ထားတော့ သူ့ယောက်ျားခံရလားမခံရလားတော့မသိဘူး။ ကျွန်တော်တော့သက်မွန်လက်သံမြည်းဖူးတယ်”လို့ ရယ်မောရင်းပြောပြထားပါတယ်။

သက်မွန်ကိုချစ်တဲ့အကြောင်းလည်း ဟက်ကတ်က “ဒါကတော့ သေချာတယ်။ သက်မွန်ကိုကျွန်တော်ချစ်တဲ့အပိုင်းမှာလည်း အဲဒါတွေပါတယ်။ သက်မွန်က ငယ်ငယ်ကတည်းက ကျွန်တော်တို့နဲ့အတူတူ ရှုတင်ကားတွေဘာတွေစီး ဒီလိုပဲနေတာပဲ။ နောက်ပိုင်းမှာ သူပုံစံတွေပြောင်းသွားတယ်။ မင်းသမီးဖြစ်လာတယ်။ အကယ်ဒမီတွေရ ၊မွေးနေ့ပွဲလား အိမ်သစ်တက်ပွဲလား ကျွန်တော်မမေ့ဘူး။ အခုထိလည်းမမေ့ဘူး။ ကျွန်တော်က သူဖိတ်တဲ့နေ့မှာ ကယားဘက်ကိုရောက်နေလို့ ။အခုတောင်ဖုန်းဆက်လိုက်သေးတယ်။ သူငယ်ချင်း၊ငါဒီနေ့မှပြန်ရောက်တာ။ ဆောရီးနော်လို့။ ဒါပေမယ့် နောက်နှစ်ထပ်လုပ်၊နောက်တစ်ခေါက်ထပ်လုပ်၊ ငါလာခဲ့မယ်လို့၊ သူကလုံးဝမပြောင်းလဲဘူး။ သူက အခုအိမ်အကြီးကြီးဆောက်ထားလည်း ဖိတ်တာပဲ။ အာ့မျိုးအာ့မျိုး”လို့ ပြောထားပါတယ်။Credit : NanMalGyi

Loading...
Show More

Related Articles

Back to top button
Close