ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်စီးမှုတို့ဖြင့် တရားစွဲဆိုခံထားရသော ရုပ်ရှင်သရုပ်ဆောင်လွင်မိုးနှင့် ဇနီး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တရားရုံးတွင် KNLA-တပ်မဟာ (၇) ကော့မှုခုကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးစောနေဗလု (ခ) ဦးအောင်ဇဗ္မူစိုးက တရားလိုအဖြစ် ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်စီးမှုတို့ဖြင့် တရားစွဲဆို ခံထားရသော ရုပ်ရှင်သရုပ်ဆောင်လွင်မိုးနှင့် ဇနီးဖြစ်သူ ဒေါ်မေသူတို့ အာမခံရရှိခဲ့ကြောင်း တရားလို ဦးစောနေဗလု (ခ) ဦးအောင်ဇဗ္မူစိုး၏ အကျိုးဆောင်ဖြစ်သော တရားလွှတ်တော်ရှေ့နေ ဦးသိန်းလှိုင်ထွန်းက ပြောသည်။

ကျိုက်ထိုမြို့နယ်တရားရုံး၌ တရားလို ဦးစောနေဗလု (ခ) ဦးအောင်ဇဗ္မူစိုးက ၂၀၁၇ ခုနှစ်၊ မတ်လတွင် ရာဇဝတ်ကြီးအမှုအမှတ် ၂၅၆ / ၂၀၁၇ ဖြင့် ဦးတိုက်လျှောက်ထားခဲ့ရာ တရားရုံးမှ ရဲထံအမှုအား စုံစမ်းစစ်ဆေးစေပြီး ရဲ၏ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာအရ ရာဇဝတ်ကြီးပုဒ်မ-၄၂၇ / ၄၄၇ အရ ရုပ်ရှင်သရုပ်ဆောင်လွင်မိုးနှင့် ဇနီးဖြစ်သူ ဒေါ်မေသူအပါ လေးဦးကို အရေးယူခဲ့ကြောင်း ၎င်းက ဆိုသည်။

ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာရှိ ဦးစောနေဗလု (ခ) ဦးအောင်ဇဗ္မူစိုး ပိုင်ဆိုင်သော ကွင်းအမှတ် ၁၇၅၊ ကဒတ်ချောင်းကွင်း၊ ဦးပိုင်အမှတ်(၁၈)၊ ဧရိယာ ၂ ဒဿမ ၃၀ ဧကရှိ မြေကွက်အား ( ၃. ၈ . ၂၀၁၆ ) ရက်နေ့တွင် ဝင်ရောက်ကျူးကျော်ကာ၊ ကွန်ကရစ်တိုင်များ စိုက်ထူ၍ ခြံစည်းရိုးများ အသစ်တဖန် ကာရန်ပြင်ဆင်များ ပြုလုပ်ခဲ့သည့် အတွက် တရားစွဲဆိုခဲ့သော အမှုဖြစ်သည်။




Unicode

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တရားရုံးတွင် KNLA-တပ်မဟာ (၇) ကော့မှုခုကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးစောနေဗလု (ခ) ဦးအောင်ဇဗ္မူစိုးက တရားလိုအဖြစ် ပိုင်နက်ကျူးလွန်မှု၊ အကျိူးဖျက်စီးမှုတို့ဖြင့် တရားစွဲဆို ခံထားရသော ရုပ်ရှင်သရုပ်ဆောင်လွင်မိုးနှင့် ဇနီးဖြစ်သူ ဒေါ်မေသူတို့ အာမခံရရှိခ့ဲကြောင်း တရားလို ဦးစောနေဗလု (ခ) ဦးအောင်ဇဗ္မူစိုး၏ အကျိုးဆောင်ဖြစ်သော တရားလွှတ်တော်ရှေ့နေ ဦးသိန်းလှိုင်ထွန်းက ပြောသည်။

ကျိုက်ထိုမြို့နယ်တရားရုံး၌ တရားလို ဦးစောနေဗလု (ခ) ဦးအောင်ဇဗ္မူစိုးက ၂၀၁၇ ခုနှစ်၊ မတ်လတွင် ရာဇဝတ်ကြီးအမှုအမှတ် ၂၅၆ / ၂၀၁၇ ဖြင့် ဦးတိုက်လျှောက်ထားခ့ဲရာ တရားရုံးမှ ရဲထံအမှုအား စုံစမ်းစစ်ဆေးစေပြီး ရဲ၏ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာအရ ရာဇဝတ်ကြီးပုဒ်မ-၄၂၇ / ၄၄၇ အရ ရုပ်ရှင်သရုပ်ဆောင်လွင်မိုးနှင့် ဇနီးဖြစ်သူ ဒေါ်မေသူအပါ လေးဦးကို အရေးယူခ့ဲကြောင်း ၎င်းက ဆိုသည်။

ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာရှိ ဦးစောနေဗလု (ခ) ဦးအောင်ဇဗ္မူစိုး ပိုင်ဆိုင်သော ကွင်းအမှတ် ၁၇၅၊ ကဒတ်ချောင်းကွင်း၊ ဦးပိုင်အမှတ်(၁၈)၊ ဧရိယာ ၂ ဒဿမ ၃၀ ဧကရှိ မြေကွက်အား ( ၃. ၈ . ၂၀၁၆ ) ရက်နေ့တွင် ဝင်ရောက်ကျူးကျော်ကာ၊ ကွန်ကရစ်တိုင်များ စိုက်ထူ၍ ခြံစည်းရိုးများ အသစ်တဖန် ကာရန်ပြင်ဆင်များ ပြုလုပ်ခ့ဲသည့် အတွက် တရားစွဲဆိုခ့ဲသော အမှုဖြစ်သည်။

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၅၄၀(က)အရ ဒေါ်မေသူမှ ကျန်းမာရေးအခြေအနေအရ ရုံးရှေ့ လာရောက် အမှုရင်ဆိုင်ခြင်းအား ကင်းလွတ်ခွင့်ပြုရန် လျှောက်ထားသဖြင့် ဒီဇင်ဘာ ၂၆ ရက်နေ့၌ ကျိုက်ထိုမြို့နယ်တရားရုံးတွင် ရုံးချိန်း ပြန်လည်ချိန်းဆိုထားကြောင်း တရားလို ဦးစောနေဗလု (ခ) ဦးအောင်ဇဗ္မူစိုး၏ အကျိုးဆောင်ဖြစ်သော တရားလွှတ်တော်ရှေ့နေ ဦးသီဟစိုးက ပြောဆိုသည်။

အဆိုပါ ရာဇဝတ်ကြီးပြစ်မှုမှာ ပြည်ထောင်စု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ မွန်ပြည်နယ်တရား လွှတ်တော်တွင် စစ်ဆေးလျက်ရှိသော အမှု၊ တရားလို ဦးစောနေဗလု (ခ) ဦးအောင်ဇဗ္မူစိုးမှ ပြူလုပ်စွဲဆိုထားသော တရားမကြီးမှုအမှတ် ( ၃ / ၂၀၁၇ )တို့နှင့်လည်း ဆက်စပ်ပတ်သက်လျက်ရှိသော အမှုလည်းဖြစ်ကြောင်း သိရသည်

Credit to MyanmaPlatform