နာမည္ႀကီးပုဂၢိဳလ္မ်ားၾကားသိရသမွွ

ဝမ္းနည္းစရာ က်န္းမာေရးမေကာင္းတဲ့ လူၾကမ္းေတြအတြက္ေအာင္ခိုင္ ေရးတဲ့စာ

တခ်ိန္က အရမ္းနာမည္ႀကီးခဲ့ၿပီး အကယ္ဒမီဆုႀကီးကိုပါ ရ႐ွိခဲ့တဲ့ လူၾကမ္းမင္းသားႀကီး ေအာင္ခိုင္ကိုေတာ့ မသိတဲ့သူမ႐ွိေလာက္ပါဘူး။ အရမ္းကို ပီျပင္လြန္းတဲ့ အိုက္တင္ေတြနဲ႔ ပရိသတ္ေတြရင္ထဲကို ေရာက္ေအာင္ သ႐ုပ္ေဆာင္ႏိုင္ခဲ့တဲ့ ေအာင္ခိုင္ကေတာ့ သူပါတဲ့ဇာတ္ကားေတြမွာ ဗီလိန္ဆိုလည္း ဗီလိန္ေနရာ လြမ္းခန္းေဆြးခန္းေတြပါမက်န္ အေကာင္းဆံုး သ႐ုပ္ေဆာင္ႏိုင္တဲ့ သူလည္း ျဖစ္ပါတယ္။ လက္႐ွိမွာေတာ့ အႏုပညာလႈပ္႐ွားမႈေတြကို ခဏနားထားၿပီး ပရဟိတလုပ္ငန္းေတြ အလွဴအတန္းေတြကိုပဲ မ်ားစြာလုပ္ေနတာကို ေတြ႔ရပါတယ္။

ထို႔ေနာက္ ေအာင္ခိုင္ကေတာ့ သူကိုယ္တိုင္ လူၾကမ္းသရုပ္ေဆာင္ေတြကို ဦးေဆာင္ၿပီး ကိုလူေခ်ာ ဆိုတဲ့ အဖြဲ႔ကိုလည္း ဖြဲ႔စည္းထားပါေသးတယ္။ ကိုလူေခ်ာ အဖြဲ႔ကေတာ့ နာမက်န္းျဖစ္ေနတဲ့ ဇာတ္ပို႔ဇာတ္ရံေတြကို လိုက္လံကူညီတဲ့ အဖြဲ႔ျဖစ္ၿပီး ႐ုပ္႐ွင္အစည္းအရံုးက တခ်ိဳ႕ကိစၥေတြကိုလည္း ကူညီေဆာင္ရြက္ေပးေနတဲ့ အဖြဲ႔လည္း ျဖစ္ပါတယ္။

လက္႐ွိမွာလည္း မင္းသားႀကီး ေအာင္ခိုင္ကေတာ့ သူကိုယ္တုိင္ဦးေဆာင္ၿပီး အခက္ခဲ ျဖစ္ေနတဲ့ လူၾကမ္းသ႐ုပ္ေဆာင္ေတြ ဇာတ္ပို႔ေတြကို လိုက္လံၿပီးေတာ့ ကူညီေပးေနၿပီး ဝမ္းနည္းစရာေကာင္းနဲ႔ စာသားေလးကို တင္လိုက္တာ ျဖစ္ပါတယ္။

ေအာင္ခိုင္ကေတာ့ သူ႔ရဲ႕ေဖ့ဘုတ္အေကာင့္မွာေတာ့ “ဒီအခ်ိန္မွာ မင္းတို႔ရင္ထဲဘယ္ေလာက္ အထိခံစားေနရမလဲဆိုတာ သူငယ္ခ်င္းတို႔ေနရာကေန ငါကိုယ္ခ်င္းစာပါတယ္။ ခုအခ်ိန္အေရးေပၚကုသေပးရမဲ့ သူေတြအတြက္ ငါ လုပ္ေပးခဲ႔တဲ႔အေပၚမွာ အခြင့္အေရးရတိုင္း လိုခ်င္ႀကတဲ႔ကိုလူေခ်ာ အဖြဲ႔ဝင္တခ်ိဳ႕က အထင္လြဲခ်င္တယ္။

သူ တို႔ျဖစ္တဲ႔အခ်ိန္တုန္းကလည္း ဒို႔လုပ္ေပးခဲ႔ႀကတာပဲေလ။ အခုမင္းတို႔ေဆးကုသစရိတ္ဟာ ကိုလူေခ်ာ အဖြဲဲ႔ရန္ပုံေငြထဲကတစ္ျပား တစ္ခ်ပ္မွမပါဘူး။ အလွဴရွင္မ်ားက စာနာစိတ္နဲ႔လွဴႀကတာစိတ္ခ်ႀကပါ သူငယ္ခ်င္းတို႔ငါဟာဘယ္သူကိုမွ မ်က္နွာမလိုက္ဘူး။ ေသြးမခြဲဘူးငါက်န္းမာေရးေကာင္းေနသမ်ွ အဖြဲ႔ေရွ႔မွာအျမဲရွိေနမယ္’’ ဆုိၿပီးေတာ့ တင္ထားတာ ျဖစ္ပါတယ္။

ခ်စ္ပရိသတ္ႀကီးလည္း မသက္သာလို႔သာ က်ရာဇာတ္႐ုပ္မွာ သ႐ုပ္ေဆာင္ေနၾကရတဲ့ ဇာတ္ပို႔ေတြ ဒီလိုျဖစ္ေနၾကတာကိုေတာ့ စိတ္မေကာင္းျဖစ္မိၾကမယ္ ထင္ပါတယ္။

CRD-KT (ApannPyay)

Unicode

တချိန်က အရမ်းနာမည်ကြီးခဲ့ပြီး အကယ်ဒမီဆုကြီးကိုပါ ရရှိခဲ့တဲ့ လူကြမ်းမင်းသားကြီး အောင်ခိုင်ကိုတော့ မသိတဲ့သူမရှိလောက်ပါဘူး။ အရမ်းကို ပီပြင်လွန်းတဲ့ အိုက်တင်တွေနဲ့ ပရိသတ်တွေရင်ထဲကို ရောက်အောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ အောင်ခိုင်ကတော့ သူပါတဲ့ဇာတ်ကားတွေမှာ ဗီလိန်ဆိုလည်း ဗီလိန်နေရာ လွမ်းခန်းဆွေးခန်းတွေပါမကျန် အကောင်းဆုံး သရုပ်ဆောင်နိုင်တဲ့ သူလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ခဏနားထားပြီး ပရဟိတလုပ်ငန်းတွေ အလှူအတန်းတွေကိုပဲ များစွာလုပ်နေတာကို တွေ့ရပါတယ်။

ထို့နောက် အောင်ခိုင်ကတော့ သူကိုယ်တိုင် လူကြမ်းသရုပ်ဆောင်တွေကို ဦးဆောင်ပြီး ကိုလူချော ဆိုတဲ့ အဖွဲ့ကိုလည်း ဖွဲ့စည်းထားပါသေးတယ်။ ကိုလူချော အဖွဲ့ကတော့ နာမကျန်းဖြစ်နေတဲ့ ဇာတ်ပို့ဇာတ်ရံတွေကို လိုက်လံကူညီတဲ့ အဖွဲ့ဖြစ်ပြီး ရုပ်ရှင်အစည်းအရုံးက တချို့ကိစ္စတွေကိုလည်း ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

လက်ရှိမှာလည်း မင်းသားကြီး အောင်ခိုင်ကတော့ သူကိုယ်တိုင်ဦးဆောင်ပြီး အခက်ခဲ ဖြစ်နေတဲ့ လူကြမ်းသရုပ်ဆောင်တွေ ဇာတ်ပို့တွေကို လိုက်လံပြီးတော့ ကူညီပေးနေပြီး ဝမ်းနည်းစရာကောင်းနဲ့ စာသားလေးကို တင်လိုက်တာ ဖြစ်ပါတယ်။

အောင်ခိုင်ကတော့ သူ့ရဲ့ဖေ့ဘုတ်အကောင့်မှာတော့ “ဒီအချိန်မှာ မင်းတို့ရင်ထဲဘယ်လောက် အထိခံစားနေရမလဲဆိုတာ သူငယ်ချင်းတို့နေရာကနေ ငါကိုယ်ချင်းစာပါတယ်။ ခုအချိန်အရေးပေါ်ကုသပေးရမဲ့ သူတွေအတွက် ငါ လုပ်ပေးခဲ့တဲ့အပေါ်မှာ အခွင့်အရေးရတိုင်း လိုချင်ကြတဲ့ကိုလူချော အဖွဲ့ဝင်တချို့က အထင်လွဲချင်တယ်။

သူ တို့ဖြစ်တဲ့အချိန်တုန်းကလည်း ဒို့လုပ်ပေးခဲ့ကြတာပဲလေ။ အခုမင်းတို့ဆေးကုသစရိတ်ဟာ ကိုလူချော အဖွဲ့ရန်ပုံငွေထဲကတစ်ပြား တစ်ချပ်မှမပါဘူး။ အလှူရှင်များက စာနာစိတ်နဲ့လှူကြတာစိတ်ချကြပါ သူငယ်ချင်းတို့ငါဟာဘယ်သူကိုမှ မျက်နှာမလိုက်ဘူး။ သွေးမခွဲဘူးငါကျန်းမာရေးကောင်းနေသမျှ အဖွဲ့ရှေ့မှာအမြဲရှိနေမယ်’’ ဆိုပြီးတော့ တင်ထားတာ ဖြစ်ပါတယ်။

ချစ် ပရိသတ်ကြီးလည်း မသက်သာလို့သာ ကျရာဇာတ်ရုပ်မှာ သရုပ်ဆောင်နေကြရတဲ့ ဇာတ်ပို့တွေ ဒီလိုဖြစ်နေကြတာကိုတော့ စိတ်မကောင်းဖြစ်မိကြမယ် ထင်ပါတယ်။

CRD-KT (ApannPyay)

Loading...
Show More

Related Articles

Back to top button
Close