နာမည်ကြီးပုဂ္ဂိုလ်များ
ရိုက်ကူးရေးလုပ်ရင်း TikTok အတူဆော့ခဲ့ကြတဲ့ နေရဲနဲ့ခြူးလေးတို့ရဲ့ ချစ်စရာဗီဒီယို
Ref : Nay Ye’s Facebook
credit : momolay
Unicode
နိုင်ငံကျော် ပြည်သူ့အချစ်တော်တွေဖြစ်ကြတဲ့ နေရဲနဲ့ ခြူးလေးတို့ အနုပညာရှင် မောင်နှမနှစ်ယောက် ဟာဆိုရင် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ကြရတဲ့ သူလေးတွေပါ။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ကြတဲ့ သူတို့ကတော့ ဒါရိုက်တာ ရဲသီဟ ရိုက်ကူးနေတဲ့ “ကြယ်ကြွေချိန်မှာ နင်နဲ့ငါ” ရုပ်ရှင်ကားကြီးမှာ အတူသရုပ်ဆောင်ပါဝင်နေကြတာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ကားကြီးတစ်ကားထဲမှာ ပါဝင်ရိုက်ကူးနေကြတဲ့ သူတို့နှစ်ယောက်ကတော့ ရှုတင်နားချိန်လေးမှာ ပျော်ပျော်ပါးပါးနဲ့ TikTok အတူ ဆော့ထားခဲ့ကြတာပဲ ဖြစ်ပါတယ်။
ထိုသို့ဆော့ဖြစ်ကြောင်းကိုလည်း နေရဲက ” Shooting break time 😂 ” ဆိုတဲ့ စာသားလေးနဲ့ သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ဝေမျှပေးထားခဲ့တာပါ။ ခြူးလေးနဲ့အတူ TikTok ကစားထားတဲ့ သားဖြစ်သူ နေရဲရဲ့ ဗီဒီယိုဖိုင်လေးကိုကြည့်လိုက်ရတဲ့ ခင်လှိုင်ကလည်း ” ချစ်ဖို့ကောင်းလိုက်တာ ဖေဖေငယ်ငယ်ကအတိုင်းပါလား ” ဆိုပြီး သားဖြစ်သူရဲ့ ပို့စ်အောက်မှာ ဝင်ရောက်ကွန်မန့်ပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။
မောင်နှမနှစ်ယောက်ပေါင်းပြီး ရှုတင်နားချိန်မှာ ဟာသလေးတွေနှောပြီး TikTok ရိုက်ကူးထားခဲ့ကြတဲ့ ခြူးလေးနဲ့ နေရဲတို့ရဲ့ ဗီဒီယိုဖိုင်လေးကို ဆက်လက်ပြီး ကြည့်ရှုအားပေးသွားကြပါဦးနော်။
ရိုက်ကူးရေးလုပ်ရင်း TikTok အတူဆော့ခဲ့ကြတဲ့ နေရဲနဲ့ ခြူးလေးတို့ရဲ့ Video
ခြူးလေးနဲ့ နေရဲတို့ရဲ့ ဟာသဗီဒီယိုဖိုင်လေးကိုကြည့်ရင်း ပရိသတ်တွေလည်း သဘောကျ ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ ရှုတင်နားချိန်လေးမှာ TikTok အတူရိုက်ကူးထားခဲ့တဲ့ နေရဲနဲ့ ခြူးလေးတို့မောင်နှမနှစ်ယောက်ကိုချစ်ရင် ဒီပို့စ်လေးကို မျှဝေပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ ကြည့်ရှုအားပေးကြတဲ့ ချစ်ပရိသတ်တွေကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Ref : Nay Ye’s Facebook
Loading...
Show More
Related Articles
Back to top button
Close